Saturday, July 12, 2014

ရွှေဈေး ကျပ်ခုနစ်သိန်းနီးပါး မြင့်တက်နိုင်


ဓာတ်ပုံ − နစ်ကီ
 ကမ္ဘာ့ရွှေဈေးနှုန်းဆက် လက်မြင့်တက်ပါက ပြည်တွင်း ရွှေဈေးနှုန်းများ ကျပ် ခုနစ်သိန်း နီးပါးအထိ မြင့်တက်နိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူ ရွှေလုပ် ငန်းရှင်များကပြောကြားသည်။
ယခုရက်ပိုင်းတွင် ပြည် တွင်းရွှေဈေးသည် ငါးလခန့်အ တွင်း အမြင့်ဆုံးဈေးသို့ ရောက်ရှိနေသော်လည်း ဈေးနှုန်းဆက် တက်မည်မှန်းကာ ရောင်းသူနည်း နေသေးကြောင်း ရွှေလုပ်ငန်းရှင် များကပြောသည်။
‘‘အခုဟာက ဈေးအမြင့် ရောက်တယ်ဆိုပေမယ့် အရပ် ဘက်ကလည်း ထင်သလောက် အရောင်း ပြန်မထွက်လာဘူး။ အားလုံးက ဆက်တက်ဦးမယ် မှန်းပြီး ပြန်မရောင်းကြသေးတဲ့ သူများတော့ ဈေးကွက်က အ ရောင်းအ၀ယ်ကတော့ အများကြီးမတက်လာဘူး’’ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
ကမ္ဘာ့ရွှေဈေးသည် တစ် အောင်စလျှင် ဒေါ်လာ ၁,၃၁၅ ခန့် တွင်ရှိနေရာမှ ဒေါ်လာ ၁,၃၃၉ ထိ မြင့်တက်လာခဲ့သောကြောင့် ပြည်တွင်းဈေးကွက်တွင်လည်း ဈေး နှုန်းများမြင့်တက်လာခဲ့သည်။
ပြည်တွင်းရွှေဈေးနှုန်းများ မှာလည်း တစ်အောင်စလျှင် ကျပ် ၆၇၀,၀၀၀ ၀န်းကျင်တွင် လအ တော်ကြာ လည်ပတ်နေရာမှ ဇူ လိုင် ၁၂ ရက်တွင် တစ်အောင်စလျှင် ကျပ် ၆၈၅,၀၀၀ ၀န်းကျင်ထိ ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။
‘‘ပြည်တွင်း ဈေးကလည်း တက်မယ်ဆို ခုနစ်သိန်းနားထိ ဒီရက်ထဲမှာပဲ ရောက်သွားနိုင် တယ်’’ ဟု ဈေးကွက်ကျွမ်းကျင် သူ လုပ်ငန်းရှင်တစ်ဦးက ပြော ကြားသည်။
ကမ္ဘာ့ရွှေဈေးရုတ်တရက် မြင့်တက်လိုက်သည့်အတွက် ပြည်တွင်း ရွှေဈေးများမှာလည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၆၇၅,၀၀၀ ရှိနေရာမှ ကျပ် ၆၈၃,၀၀၀ ထိတစ်ရက်တည်း ကျပ် ၈,၀၀၀ နီးပါးမြင့်တက်လာခဲ့သည်။
လက်ရှိ မြင့်တက်နေသော ကမ္ဘာ့ရွှေဈေးသည် အမြင့်ဆုံး တစ်အောင်စလျှင် ဒေါ်လာ ၁,၃၅၆ ထိ ရောက်ရှိပြီးသွားပါက ဆက်လက်မြင့်တက်နိုင်မှု မရှိဘဲ ကျဆင်းနိုင်သည့်အတွက် ယခု တက်နေသော ပြည်တွင်းရွှေဈေး နှုန်းများမှာလည်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ခုနစ် သိန်းဝန်းကျင်ထက် ဈေးပိုမြင့်  တက်နိုင်မည်မဟုတ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူ လုပ်ငန်းရှင် များကပြောသည်။

0 comments:

Post a Comment