Saturday, July 12, 2014

ဓာတ်လိုက်သေဆုံးသူ သုံးဦးကို လျှပ်စစ်ဝန်ကြီးဌာနက ကျပ် ၂၃ သိန်းစီ ထောက်ပံ့မည်


လှိုင်သာယာမြို့နယ် ၁၅ ဈေးအတွင်း ဓာတ်လိုက်၍ပွဲချင်းပြီးသေဆုံးခဲ့သူများအတွက်အစိုးရကထောက်ပံ့ကြေး ငွေကျပ် ၂၃ သိန်းစီ ပေးအပ်မည်ဖြစ်ပြီး ယင်းပြဿနာကို ဌာနအတွင်း စစ်ဆေးမှုများဆောင်ရွက်နေ ကြောင်း လှိုင်သာယာမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးနိုင်က ပြောသည်။
လှိုင်သာယာမြို့နယ် (၁၅) ရပ်ကွက် ၁၅ ဈေးအတွင်း ဇူလိုင် ၁၁ ရက်က ဈေးဝယ်လာသူအ မျိုးသမီးသုံးဦး ဓာတ်ကြိုးပတ်မိ၍ ဓာတ်လိုက်သေဆုံးခဲ့ခြင်းကြောင့် သေဆုံးသူ မိသားစုဝင်များအားထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၁၃ သိန်းစီ ပေးအပ်ခဲ့ပြီး ဇူလိုင် ၁၃ ရက် သင်္ဂြိုဟ်မည့်နေ့တွင် လျှပ်စစ်ဝန်ကြီးဌာနက ငွေကျပ် ၁၀ သိန်းစီ ထပ်မံကူညီမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် သင်္ဂြိုဟ်မည့်နေ့တွင် လျှပ်စစ်ဝန်ကြီးဌာနမှ ဒုဝန်ကြီး လာရောက်ပို့ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။
‘‘ဌာနအနေနဲ့လည်း မိသားစု ၀င်တွေကဲ့သို့ ထပ်တူ ၀မ်းနည်းရ ပါတယ်။ အခုဖြစ်တာက ရုတ်တ ရက်အက်စီးဒင့်ဖြစ်သွားတာဆို တော့ ဦးတို့လည်း စိတ်မကောင်း ဘူး။ ဦးတို့သိရင် အားချင်းပြုပြင် တယ်။ အခုလိုဖြစ်တာ ဦးတို့မှာ လည်း တာဝန်ရှိပါတယ်’’ ဟု ဦး ဌေးနိုင်က ပြောသည်။
အဆိုပါ အခင်းဖြစ်ပွားခဲ့ သည့် မီးကြိုးများသည် မြို့သစ် စတည်ကတည်းက အသုံးပြုခဲ့ သည့် ကြိုးများဖြစ်ပြီး ယခုကဲ့သို့ မီးသုံးစွဲမှု များပြားလာချိန်တွင် ဓာတ်ကြိုးများ ပြတ်ကျခဲ့ခြင်းဖြစ် သည်ဟု ၎င်းက ဆက်လက်ရှင်းပြ သည်။ ထို့အပြင် မြို့နယ်လျှပ်စစ်ဌာနမှ တာဝန်ရှိသူများသည် အခင်းမဖြစ်ပွားမီ ကတည်းက ပညာ ပေးဆွေးနွေးပွဲများပြုလုပ်ခဲ့ သည့်အပြင် လက်ကမ်းစာစောင် များလည်း ဝေငှခဲ့သည်ဟု ဆို သည်။
ရန်ကုန်မြို့တွင် ၁၉ ရက်အ တွင်း ဓာတ်ကြိုးပြတ်ကျ၍ သေ ဆုံးခဲ့သူဦးရေ ခြောက်ဦးအထိ ရှိ ခဲ့ပြီး လှည်းတန်းဈေးအနီး လျှပ်စစ်ဓာတ်တိုင်မှ ဓာတ်ကြိုး ပြတ်ကျခဲ့၍ လူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နှစ်ဦး သေဆုံးခဲ့ သည်။ ထို့အပြင် ယခု လှိုင်သာ ယာမြို့နယ် ၁၅ ဈေး၌ ဖြစ်ပွား ခဲ့သည့် ဓာတ်လိုက်သေဆုံးမှုတွင် အမျိုးသမီးသုံးဦး သေဆုံးခဲ့သည်။
လှိုင်သာယာတွင် လူသုံးဦး သေဆုံးစေခဲ့သည့် ဓာတ်ကြိုးမှာ ယခုနှစ်အတွင်း နှစ်ကြိမ်ပြုတ်ကျ ခဲ့ဖူးပြီး သက်ဆိုင်ရာ လျှပ်စစ် တာဝန်ရှိသူများက ကြိုးအသစ်မ လဲဘဲ ကြိုးဆက်ပြီး ပြန်လည်အ သုံးပြုလျက်ရှိကြောင်း ယင်းရပ် ကွက်အတွင်း နေထိုင်သူများက ပြောသည်။
လှည်းတန်းနှင့်  မြောက် ဥက္ကလာပတို့တွင် ဓာတ်ကြိုးပြတ် ကျ သေဆုံးသူများအတွက် နာ ရေးအတွက်သာ အကူအညီပေးခဲ့ ပြီး သီးသန့်ငွေကြေးတစ်စုံတစ်ရာ  ထောက်ပံ့ခြင်းမျိုး မရှိခဲ့ပေ။
7Days

0 comments:

Post a Comment