Sunday, July 13, 2014

ကမ္ဘာ့ဖလား ဗိုလ်လုပွဲကြီး ဒီည ကစားတော့မယ်


 ၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလားရဲ့ နောက်ဆုံး ဗိုလ်လုပွဲမှာ အာဂျင်တီးနားနဲ့ ဂျာမနီတို့ဟာ ရီယို ဒီ ဂျနဲရိုးမြို့က မာရာကားနား ဘောလုံးကွင်းကြီးမှာ ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။

  မြန်မာအချိန် ည တစ်နာရီခွဲမှာ စကန်မှာ ဖြစ်ပါတယ်။

အိမ်ရှင် ဘရာဇီးရဲ့ မဟာပြိုင်ဘက်ကြီး အာဂျင်တီးနားနဲ့ ကစားရမယ့် ဂျာမနီ အသင်းဟာ ဘရာဇီး ပရိတ်သတ်တွေကို သူတို့အသင်းဘက်က အားပေးကြဖို့ ဆော်ဩလိုက်ပါတယ်။

ဂျာမနီဟာ ဆီမီးဖိုင်နယ်မှာ ဘရာဇီးကို ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ကစားပြီး ဖိုင်နယ်တက်လာတာပါ။ အာဂျင်တီးနားကတော့ ဟော်လန်နဲ့ ပယ်နယ်တီ ကန်ပြီးမှ တက်လာတာ ဖြစ်ပါတယ်။

ဘရာဇီး လက်ရွေးစင် နေမာကတော့ သူ့ရဲ့ ဘာစီလိုနာ ကစားဖော် မက်ဆီနဲ့ မက်စ်ချာရာနို တို့ရဲ့ အာဂျင်တီးနားကိုပဲ အားပေးမယ်လို့ ပြောပါတယ်။

ဒီ ဗိုလ်လုပွဲမှာ ဂျာမနီ နိုင်ခဲ့ရင်တော့ သူတို့အတွက် ၄ ကြိမ်မြောက် ဖလား ဆွတ်ခူးနိုင်မှာ ဖြစ်ပြီး အာဂျင်တီးနား နိုင်ရင်တော့ ၃ ကြိမ်မြောက် ရတာ ဖြစ်မှာပါ။

ဂျာမနီ နောက်ဆုံး ကမ္ဘာ့ဖလား ရခဲ့တာကတော့ ၁၉၉၀ ခုနှစ်က ဖြစ်ပြီး အဲဒီတုန်းက ဗိုလ်လုပွဲမှာ အာဂျင်တီးနားကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/sport/2014/07/140713_worldcup_final_preview.shtml
ဗိုလ်စွဲမယ့်သူ အာဂျင်တီးနားလား ဂျာမနီလား

0 comments:

Post a Comment