Thursday, July 10, 2014

ဒွေးကွယ်လွန်ခြင်း ၇ နှစ်ပြည့် အတွက် ဆွမ်းကပ် လှူဒါန်းမယ့် မိုးမိုး

ဒွေးကွယ်လွန်ခြင်း ၇ နှစ်ပြည့် အတွက် ဆွမ်းကပ် လှူဒါန်းမယ့် မိုးမိုးဒွေးရဲ့ ဇနီးဖြစ်သူ မမိုးမိုးက နှစ်စဉ်နှစ်တိုင်း လိုလို ခင်ပွန်းဖြစ်သူ ဒွေး ကွယ်လွန်ခြင်း အထိမ်းအမှတ် အနေနဲ့ အလှူတွေ ပြုလုပ်ပေးခဲ့ပါ တယ်။ ဒီနှစ်မှာကျရောက်တဲ့ ဇူလိုင် လ၁၁ ရက်နေ့မှာ (၇)နှစ်ပြည့်မှာ လည်းဒွေး အတွက် အလှူအတန်း တွေကိုပြုလုပ်ပေး သွားမှာဖြစ် ကြောင်း မမိုးမိုးက ပြောပါတယ်။
“၁၁ ရက်နေ့ က ဘုန်းကြီး ကျောင်းက ရက်မရလို့ အစ်မ ဇူလိုင် ၁ဝ ရက်နေ့ လုပ်မယ်။ လုပ်ချင်တာ က ၁၁ ရက်ပဲ လုပ်ချင်တာပါ။ အဲဒီ နေ့က လပြည့်နေ့ ဖြစ်နေတော့ ကျောင်းက ယူထားတဲ့ သူတွေပြည့်နေ လို့မရဘူး။ ၁ဝ ရက်နေ့ပဲ ရတယ်။ အဲဒီနေ့မှာ အစ်မက ဘုန်းကြီး အပါး နှစ် ရာကျော် နှစ်ရာ့ ငါးဆယ်လောက် ကို နေ့ ဆွမ်းကပ်မယ်။ သင်္ကန်းကပ် မယ်။ ပစ္စည်း အသုံး အဆောင်လေး တွေလှူဖြစ်မယ်။ နောက်တစ်ခု က တော့ သူလှူခဲ့တဲ့ မှော်ဘီမှာ စာသင် ကျောင်း တစ်ကျောင်းရှိတယ်။
အဲဒီ မှာကျောင်းဆောင်သစ် တိုးချဲ့ချင် တယ်ဆိုတော့ အစ်မလုပ် ပေးမယ်လို့ တော့ ပြောထားတယ်။ သူတို့ဘက် က စာရင်းမ တက် လာသေးတော့ မလုပ် ရသေးဘူး။ ဒါပေမဲ့ရ ရင်တော့အမက သူ့အတွက် ကို မှတ်မှတ်တရရ လုပ်ပေး မှာပါ။ ယနေ့ထိတိုင် အားပေး နေတဲ့ ပရိသတ်ကြီး ကိုလည်း တအား ကိုကျေးဇူးတင်မိတယ်” လို့ အလှူအတန်းတွေ နဲ့ပတ်သက် ပြီးမမိုး မိုးကပြောပါတယ်။ ဒီနှစ်ကတော့ ဖခင် ဖြစ်သူ အတွက် အလှူ အတန်းကို သားဖြစ် သူဝေယံမိုး က သူဆု ထားတဲ့ ပိုက်ဆံတွေ နဲ့ ဖခင် ဖြစ်သူ ဒွေးအတွက် စီစဉ်ပြီးလုပ်ပေးတာ ကြောင့် မိခင်ဖြစ်သူ မိုးမိုးကတကယ်ပဲ ကြည်နူးမိ ပါတယ်လို့ ဆိုပါတယ်။
“သားသားက သူ့မွေးနေ့တွေ မှာရထားတဲ့ ပိုက်ဆံတွေကို စုထား ပြီးတော့ သူ့ပိုက်ဆံတွေ နဲ့ အလှူလုပ် ပေးဖြစ်တာပါ။ အစ်မကတော့ မှော်ဘီ က ကျောင်းလေး ကို လှူပေးဖို့ ရည်ရွယ်ထားတယ်။ သူက ဒီနှစ်ကို သူ လုပ်ပေးချင်တယ်။ သူမုန့်ဖိုး စုထား တာတွေနဲ့ လုပ်ပေးချင်တယ် ဆိုလို့ လုပ်ပေးဖြစ်တယ်။ သားသားက ဇူလိုင်လ ၉ ရက်နေ့ရောက်မယ်။ အစ်မက ကြိုပြီးလာ လိုက်တာ။ သူ့ မုန့်ဖိုးနဲ့သူ စုထားတဲ့ ပိုက်ဆံနဲ့သူ လုပ်ချင်တယ်။
အစ်မကတော့ နှစ် တိုင်း အစ်မသေတဲ့အထိပဲ အစ်မက လုပ်ပေး သွားမယ်။ လုပ်ရမယ့် အလုပ်ပဲ။ ၁ဝ ရက်နေ့က အစ်မ မွေး နေ့ဖြစ်ပေမယ့် အစ်မ မွေးနေ့ကတော့ အရေးမကြီးပါဘူး။ ၁၁ ရက်နေ့မရ လို့သာ၁ဝ ရက်နေ့ လုပ်ရတာ။ သူ့အ တွက်ပဲ အဓိက လုပ်ပေးတာပါ။ ဒီ နှစ်က သားလုပ်ပေးတာဖြစ်တဲ့ အ တွက် ပီတိဖြစ်ရတယ်။ မိဘတစ် ယောက် အနေ နဲ့ပီတိဖြစ်ရတယ်။ ဒီအသက် အရွယ်လေးနဲ့ မိဘကို သိတတ်ပြီး သူ့အသိလေး နဲ့လုပ်ပေး တဲ့အတွက် ကြည်နူးမိတယ်။ သားက အသက် ၁၈ နှစ်ပြည့် ပြီးသွားပြီ” လို့ သားဖြစ်သူရဲ့ သိတတ် လိမ္မာမှုတွေ နဲ့ ပတ်သက်ပြီး မမိုးမိုး က ပြောပြခဲ့ ပါတယ်။
Popular News

0 comments:

Post a Comment