Sunday, July 13, 2014

ယာဉ်မောင်းလိုင်စင်အတု လက်ဝယ်တွေ့ရှိသူကို အရေးယူ


 ၁၂.၇.၂၀၁၄ ရက်နေ့ ၁၉၄၀ အချိန်တွင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ပူးပေါင်း အဖွဲ့(၁)မှ တာဝန်ရှိသူများသည် မြောက်ဥက္ကလာပမြို့နယ် အ၀ိုင်းကြီး ကားမှတ်တိုင်အနီးတွင် သုဓမ္မာလမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင် လာသော 5E---- ဟွန်ဒါစတေရှင်ဝယ်ဂွန်ယာဉ်အား စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးရာ အဆိုပါယာဉ်ကို မောင်းနှင်လာသူ တာမွေမြို့နယ်နေ ယာဉ်မောင်း ရဲထွဋ်ဆွေ၊ (၄၀)နှစ် ကိုင်ဆောင်သော ယာဉ်မောင်းလိုင်စင်မှာ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသောလိုင်စင် မဟုတ်ဘဲ အတုဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

ယင်းသို့ ယာဉ်မောင်းလိုင်စင်အတုအား လက်ဝယ်တွေ့ရှိသူ ယာဉ်မောင်း ရဲထွဋ်ဆွေအား မြောက်ဥက္ကလာပမြို့မရဲစခန်း (ပ)၅၀၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police

https://www.facebook.com/yangonpolice

0 comments:

Post a Comment