Sunday, July 13, 2014

ကမ္ဘာ့ဖလားပိတ်ပွဲဖျော်ဖြေရန် အဆိုတော် ရှကီရာ စိတ်လှုပ်ရှား


 ဇူလိုင်လ ၁၃ ရက်နေ့မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပိတ်ပွဲ အခမ်းအနားရဲ့ ဂီတဖော်ဖြေပွဲမှာ နာမည်ကျော် ကိုလံဘီယာ အဆိုတော် ရှကီရာ၊ မက္ကဆီကန် ဂစ်တာပညာရှင် ကားလို့စ် ဆန်တားနား၊ ဘရာဇီးအဆိုတော် အီဗက်တေးဆန်ဂါလိုနဲ့ ဘရာဇီး ဆန်ဘာ အကသင်တန်းကျောင်းတို့က ဦးဆောင်ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

အဲဒီဖျော်ဖြေပွဲကို အာဂျင်တီးနားနဲ့ ဂျာမနီတို့ရဲ့ ဗိုလ်လုပွဲ မကန်ခင် ၁ နာရီခွဲအလိုမှာ စတင်ဖျော်ဖြေသွားမှာပါ။ အဲဒီဖျော်ဖြေပွဲမှာ ဟေတီဟစ်ဟော့အဆိုတော် ဝိုင်ကလပ်ဖ်ယန်း၊ ဘရာဇီးအဆိုတော် အလက်ဇန်ဒရီ ပီယာ့စ် တို့ကလည်း ဘရာဇီးကမ္ဘာ့ဖလားပွဲရဲ့ ကိုယ်စားပြု သီချင်းတပုဒ်ဖြစ်တဲ့ ဒါအမ်ဂျိုက်ဒို(We Will Find A Way)ဆိုတဲ့ သီချင်းကို သီဆိုဖော်ဖြေဖို့ ရှိနေပါတယ်။

ကမ္ဘာ့ဖလားပိတ်ပွဲမှဖျော်ဖြေမယ့် ကိုလံဘီယာအဆိုတော် ရှကီယာက သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ အရမ်းစိတ်လှုပ်ရှားပါတယ်။

“ဟိုင်း ဘရာဇီး! ငါဒီမှာ ရှိနေတယ်…။ မင်းကို သတိရပါတယ်။ မင်းကို ပြန်တွေ့ရတာ ဝမ်းသာပါတယ်”လို့ အဓိပ္ပာယ်ရတဲ့ စတေးတပ်စ်တခုကို ရေးတင်ထားခဲ့ပါတယ်။

By ဒီဗွီဘီ

http://burmese.dvb.no/archives/60198
ကိုလံဘီယာအဆိုတော် ရှကီရာ (ဓာတ်ပုံ – ရိုက်တာ)

0 comments:

Post a Comment