Sunday, July 13, 2014

ထန်းပင်များခုတ်လှဲ ရောင်းချခြင်းကြောင့် ပတ်ဝန်းကျင်ထိခိုက်


 မလှိုင်မြို့နယ်အတွင်း ရှေးကပင် စိုက်ပျိုးခဲ့သည့် ထန်းပင်များ အမြောက်အမြား ပေါက်ရောက်လျက် ရှိရာယခုအခါ သစ်အစားထိုး ခုတ်လှဲခွဲစိတ် ရောင်းချမှုများကြောင့် ထန်းပင်များ လျော့နည်းလာပြီ ဖြစ်ကြောင်း သိရသည်။ ထန်းပင်မှ ထွက်ရှိသော ထန်းရည်၊ ထန်းလျက်၊ ထန်းလျှော်၊ ထန်းလက်ထိုင်၊ ထန်းဖျာ၊ ထန်းမြစ်စသည်များ ထွက်ရှိခြင်းကြောင့် ထန်းပင်မှာတန်ဖိုးမဖြတ် နိုင်သည့်အပင်ဖြစ်သည်။

ထန်းပင်ကို ထန်းစိုက်တောင်သူများက အပင်လိုက် ခုတ်လှဲရောင်းချခြင်းကြောင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးကို တစ်ထောင့်တစ်နေရာ ထိခိုက်နိုင်ကြောင်း သိရသည်။

အဆိုပါဒေသရှိ ထန်းစိုက်ပျိုးသည့် ဒေသခံတစ်ဦးက ''ကျွန်တော်တို့ ဒေသက ထန်းပင်အလွန်ပေါပါတယ်။ ထန်းပင်က တောင်သူကို အကျိုးပြုတဲ့အပင်ဖြစ်ပြီး ထန်းပင်တစ်ပင်ဖြစ်ဖို့ နှစ်အတော်များစွာ စိုက်ပျိုးမှရတာပါဟု ပြောပြသည်။

''သို့သော် ယခုအခါ သစ်ပွဲစား (ဝါ)သစ်ခွဲစက်ပိုင်ရှင်များရဲ့ စကားကိုနားယောင်ပြီး ထန်းပင်များကို ခုတ်လှဲရောင်းချခြင်းကြောင့် မိမိတို့ ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုးထားတဲ့ ပဒေသာပင်(ဝါ)ထန်းပင်ကို ရောင်းစားခြင်းကြောင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ထိခိုက်နိုင်မည်ဖြစ်ပါတယ်၊ ယင်းကြောင့် မြို့နယ်မှ သက်ဆိုင်ရာ တာဝန်ရှိသူများက တောင်သူတွေကို အသိပညာပေး ဟောပြောပွဲတွေ ပြုလုပ်ပေးသင့်ပါတယ်''ဟု ဆက်လက် ပြောကြားသည်။

  ကျော်ကျော်(မလှိုင်)
https://www.facebook.com/TheMirrorDaily

0 comments:

Post a Comment