Friday, July 11, 2014

ဇုန်ကားအပ်ခွင့်ကြောင့် စလစ်ဈေးထက်ဝက်ခန့် ကျနိုင်


ဇုန်ထုတ်ဂျစ်ကားတစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
စက်မှုဇုန်ကားများယာဉ် အိုယာဉ်ဟောင်း အပ်နှံခွင့်ကို ဇူလိုင် ၁၄ ရက်မှစတင်ခွင့်ပြုလိုက် သဖြင့် ဈေးကွက်တွင်း၌ ကား စလစ်ဈေးထက်ဝက်ခန့်ကျဆင်း လာနိုင်သည်ဟု မော်တော်ယာဉ် ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။
‘‘စလစ်ဈေးကျတော့ ကား ဈေးလည်းကျလာမှာပဲ။ သုံးစွဲသူ အနေနဲ့တော့ ဈေးသက်သာတော့ ပိုကောင်းတာပေါ့။ စလစ်ရထား တဲ့လုပ်ငန်းရှင်တွေတော့ နစ်နာ တာပေါ့’’ ဟု မြန်မာနိုင်ငံ မော် တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့် ဖြူးရောင်းချရေးလုပ်ငန်းရှင်များ အသင်း အဖွဲ့ဝင် ဦးအောင်ဇော် ဦးက ပြောသည်။
ယာဉ်အိုယာဉ်ဟောင်း လဲ လှယ်သော စလစ်များမှာ လက်ရှိ အချိန်တွင် တစ်စောင်လျှင် ကျပ် သိန်း ၈၀ ဝန်းကျင်အထိ ကျဆင်း လာသည်။ ကားစလစ်ဈေးသည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှ ကြေညာချက်မထုတ် မီအထိ တစ်စောင်လျှင် ကျပ် ၁၀၅ သိန်းကျော် ဈေးရှိသည်။
‘‘စလစ်ဈေးကျ၊ ကားဈေး ကျတာကို ဂျပန်က လေလံဈေး မြှင့်လိုက်မှာပဲစိုးရတယ်။ ဒါဆို ပြည်သူတွေအတွက် ဘာမှအကျိုး မရှိမှာစိုးရတယ်’’ ဟု Farmer Auto ကားအရောင်းပြခန်းမှ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာစိုးထွန်းက ပြောသည်။
ပြည်တွင်း၌ ကားစလစ်ဈေး သည် ၂၀၁၃ အောက်တိုဘာမှ စတင်၍ ဈေးမြင့်တက်ခဲ့ပြီးတစ် စောင်လျှင် ကျပ်သိန်း ၁၂၀ ကျော် အထိ မြင့်တက်လာသည်။ ကား စလစ်တစ်စောင်၏ ဈေးနှုန်းသည် ပုံမှန်ဆိုလျှင် ကျပ် ၆၅ သိန်းဝန်း ကျင်သာရှိပြီး ဝယ်လိုအားကြောင့် ဈေးမြင့်လာခဲ့ကြောင်း ပြည်ပမှ ကားတင်သွင်းရောင်းချသူများက ပြောသည်။
လက်ရှိတွင် ပြည်ပမှ ကား တင်သွင်းမှုနှင့်  ပတ်သက်၍ (oss=one stop service) မှ သတ်မှတ်သော လိုင်စင်တန်ဖိုး များသည် လက်ရှိပေါက်ဈေးများ နှင့် ကွာဟမှုများလာသဖြင့် ခန့် မှန်းတန်ဖိုးများကို ပြန်လည်ပြင် ဆင်ပေးရန် ပြည်ပမှ ကားတင် သွင်းနေသူများက ဆန္ဒရှိနေသည် ဟု သိရသည်။
7Days

0 comments:

Post a Comment