Saturday, July 12, 2014

အချင်းဝက် ၃ စင်တီမီတာအထိ လိပ်ထားနိုင်မည့် TV panel ကို LG Display မိတ်ဆက်


တောင်ကိုရီးယား ကုမ္ပဏီ LG Display သည် သတင်းစာတစ်စောင်ကဲ့သို့ လိပ်ထားနိုင်မည့် ၁၈ လက်မ flexible TV panel သစ်တစ်မျိုးနှင့် ထွင်းဖောက်မြင်တွေ့နိုင်သည့် ၁၈ လက်မ OLED pnael တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။ ထို့ကြောင့် အဆိုပါ နည်းပညာ အသုံးပြုထားသည့် တယ်လီဗွီးရှင်းများကို နေအိမ်နှင့် ရုံးနံရံများတွင် အလွယ်တကူ ဖုံးကွယ်ထားနိုင်မည် ဖြစ်သည်။


LG ၏ အဆိုအရ flexible panel သည် 1200x810 high-definition resolution ဖြင့် ဖော်ပြပေးနိုင်ပြီး display ၏ လုပ်ဆောင်ချက်ကို ထိခိုက်မှုမရှိစေဘဲ အချင်းဝက် ၃ စင်တီမီတာအထိ လိပ်ထားနိုင်မည်ဟု သိရသည်။

ထွင်းဖောက်မြင်နိုင်ပြီး ခေါက်ထားနိုင်သည့် display များကို ထုတ်လုပ်နေသည်မှာ LG ကုမ္ပဏီတစ်ခုတည်း မဟုတ်ပေ။ Samsung, Nokia နှင့် Apple တို့သည် ပြောင်းလွယ်ပြင်လွယ်ရှိသည့် စမတ်ဖုန်းနှင့် tablet screen များအတွက် နှစ်ပေါင်းများစွာကတည်းက လုပ်ဆောင်ခဲ့ကြသည်။ သို့သော်လည်း LG ၏ နောက်ဆုံးပေါ် အဆင့်မြင့် panel ဖွံ့ဖြိုးတိုးတက်မှုက ဦးဆုံးဖြစ်ပေါ်လာခဲ့သည်။ LG သည် G Flex ဟုခေါ်သော flexible စမတ်ဖုန်းတစ်မျိုးကို မိတ်ဆက်ပေးခဲ့သလို ၇၇ လက်မ flexible OLED TV ကိုလည်း ဇန်နဝါရီလက ကျင်းပခဲ့သော CES ပြပွဲတွင် မိတ်ဆက်ပေးခဲ့သည်။



Ref: CNET

0 comments:

Post a Comment