Saturday, July 12, 2014

ရတနာပုံတယ်လီပို့က အော်ပရေတာအဖြစ် ပူးပေါင်းလုပ်ကိုင်ရန် ကုမ္ပဏီတစ်ခုနှင့် ထပ်မံညှိနှိုင်း


ရတနာပုံတယ်လီပို့ ကုမ္ပဏီက အော်ပရေတာအဖြစ်ပူးပေါင်းလုပ်ကိုင်ရန် ယခင်က ညှိနှိုင်းခဲ့သည့် ကုမ္ပဏီများနှင့် အ ဆင်မပြေခြင်းကြောင့် အာရှရှိ အခြားဆက်သွယ်ရေးကုမ္ပဏီ တစ်ခုနှင့် ပြောင်းလဲဆွေးနွေးနေကြောင်း သတင်းရရှိသည်။

 နိုင်ငံတကာ အဆင့်မီကုမ္ပဏီ ရွေးချယ်မှုနှင် ပတ်သက်၍ ‘‘ဒီကုမ္ပဏီနဲ့တော့ လက်တွဲဆောင်ရွက်ဖြစ်မယ် ထင်ပါတယ်။ ရွေးနေတဲ့အချိန်ကလည်း နည်းနည်းကြာနေပြီဆိုတော့ မကြာခင်မှာတော့ ထုတ်ပြန်ဖြစ်မယ်ထင်ပါတယ်။ နောက်လလောက်ဆိုရင်တော့ သေချာသိမှာပါ’’ဟု ဦးရန်ဝင်းကပြောသည်။
 ယခင်က နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီများနှင့် ဆွေးနွေးမှုများရှိပြီး ညှိနှိုင်းမှုများ အဆင်မပြေဘဲ ရင်းနှီးမြှုပ်နှံမှု ပိုင်းဆိုင်ရာများသာမက အခြားသော အခက်အခဲများကြောင့် ပူးပေါင်းဆောင်ရွက်၍ မရခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံအခြေစိုက် True  ကော်ပိုရေးရှင်းနှင့် မလေးရှား နိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုတို့ အသေးစိတ်ညှိနှိုင်းရာ အဆင်မပြေခြင်းကြောင့် ဥရောပကုမ္ပဏီ တစ်ခုကို ထပ်မံကမ်းလှမ်း၍ ညှိနှိုင်းမှုများ ပြုလုပ်ရာတွင်လည်း နောက်ဆုံးအဆင့်အထိညှိနှိုင်း၍ မရရှိခဲ့ခြင်းဖြစ်သည်။
ပြည်ပနိုင်ငံတစ်ခုနှင့် ပူးပေါင်းပြီးမှသာ အော်ပရေတာ လုပ်ငန်းအတွက် အခြေခံအဆောက်အအုံများနှင့် အခြားသော လုပ်ငန်းများကို စတင်နိုင်မည်ဖြစ်ပြီး လက်ရှိတွင် ပြည်တွင်းရှိ ၀န်ထမ်းအင်အားကိုသာ အသင့်ပြင်ဆင်ထားသည်။
အခြားသော ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် ရရှိထားသည့် ပြည်ပကုမ္ပဏီနှစ်ခုဖြစ်သည့် အူရီးဒူးမြန်မာနှင့် တယ်လီနော မြန်မာကုမ္ပဏီတို့က လုပ်ငန်းများ စတင်နေပြီဖြစ်ပြီး ကုမ္ပဏီနှစ်ခုလုံးက မိုဘိုင်းဆင်းမ်ကတ်များကို သြဂုတ်နှင့် စက်တင်ဘာလများတွင် ရောင်းချပေးတော့မည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားသည်။ အော်ပရေတာတစ်ခုအဖြစ် လုပ်ကိုင်မည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း ပူးပေါင်းလုပ်ကိုင်မည့် နိုင်ငံတကာကုမ္ပဏီကို မရွေးချယ်ရသေးဘဲ ညှိနှိုင်းနေဆဲသာဖြစ်ကြောင်း သတင်းရရှိသည်။
Internet Journal

0 comments:

Post a Comment