Tuesday, July 8, 2014

အာဆီယံသို့ ကုန်ပို့ရာတွင် အခွန်လွတ်ခွင့်ဖောင် အသုံးပြုသူ အနည်းငယ်သာရှိ


ငါးအသားလွှာ အအေးခန်းစက်ရုံတစ်ခု ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)
ပြည်တွင်းပုဂ္ဂလိက လုပ် ငန်းရှင်များ အာဆီယံနိုင်ငံများ သို့ ကုန်ပစ္စည်းများ တင်ပို့ရာ တွင် အကောက်ခွန်ကင်းလွတ်ခွင့် ရရှိနိုင်ရန် Form D အသုံးပြုသူ ဦးရေမှာ အနည်းငယ်သာ ရှိသေး သည့်အတွက် အခွင့်အလမ်းများ ဆုံးရှုံးနေကြောင်း စီးပွားကူးသန်း ၀န်ကြီးဌာနမှ သတင်းရရှိသည်။

‘‘ပုဂ္ဂလိက လုပ်ငန်းရှင်တွေ က အလုပ်တစ်ခုကို လုပ်တော့ မယ်ဆိုရင် ဘာတွေပြဋ္ဌာန်းထား မှန်း သူတို့ကမသိဘူး။ မေးဖို့ လည်း  ၀န်လေးနေကြတယ်။ Form D က အရေးကြီးတယ်။ အဲ ဒါကို မသုံးဘူးဆိုရင် အခွန်ကင်း လွတ်ခွင့်ရမှာမဟုတ်ဘူး။  ကျွန် တော်တို့ရဲ့ စာရင်းတွေအရ အဲဒါ ကို မသုံးဘူးဆိုတာကို တွေ့ရ တယ်’’ ဟု စီးပွား/ကူးသန်းဝန် ကြီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဖြူက ဆိုသည်။
အာဆီယံနိုင်ငံများအတွင်း ကုန်သွယ်မှုပြုလုပ်ရာတွင် အခွန် ကင်းလွတ်ခွင့်အတွက် Form D အသုံးပြုခြင်း ကောင်းစွာ အသုံးမ ချနိုင်သေးသည့် ပြဿနာများကို မြန်မာနိုင်ငံတွင်သာမကဘဲ အာဆီယံနိုင်ငံအချို့တွင်လည်း ကြုံတွေ့ နေရပြီး လုပ်ငန်းရှင်များအနေဖြင့် Form D ကို ကောင်းစွာ အသုံးပြု နိုင်ရန် လိုအပ်သည့်အတွက် ၀န် ကြီးဌာနမှ  ပညာပေးခြင်း လုပ်ငန်းများကိုလည်း  ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိသည်။
‘‘ဒီဟာက များများသုံးမှဖြစ် မယ်။ ဘာကြောင့် မသုံးလဲဆိုတာတော့မသိဘူး။ ဌာနကပဲ ပညာပေးတာ နည်းလို့လား။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကပဲ စိတ်ဝင်စားမှုနည်းလို့လားဆိုတာ စဉ်းစားစရာဖြစ်တယ်။ တော်တော်လေးနည်းနေသေးတဲ့အတွက် ကျွန်တော်တို့လည်း အဖြေရှာနေတယ်’’ဟု ဦးခင်မောင်ဖြူက ပြောသည်။
မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းများကို စီးပွားကူးသန်းဝန်ကြီးဌာနများ၏ ထောက်ခံချက်ဖြစ်သောForm D ဖြင့် အာဆီယံနိုင်ငံများသို့တင်ပို့ပါက ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုတို့တွင် အကောက်ခွန်သုည ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းသာ  ပေးဆောင်ရမည်ဖြစ်ပြီး အခြားအာဆီယံနိုင်ငံ ခြောက်နိုင်ငံသို့ တင်ပို့မည်ဆိုပါကအကောက်ခွန်ပေးဆောင်စရာမလိုကြောင်း သတင်းရရှိသည်။
7Days
No.433 Tuesday, July 8, 2014

0 comments:

Post a Comment