Tuesday, July 8, 2014

တရုတ်ရင်းနှီးမြှုပ်နှံမှုများ ဥပဒေနှင့်ညီ၊ မညီ ဆွေးနွေးမည်


  မြန်မာနိုင်ငံအတွင်းတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများလုပ် နေသည့် တရုတ်နိုင်ငံမှစီမံကိန်း များမှာ နိုင်ငံတကာဥပဒေနှင့်ကိုက်
ညီမှုရှိ၊ မရှိ နှစ်နိုင်ငံရှေ့နေများအမြင်ချင်းဖလှယ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

 မြန်မာနိုင်ငံရှေ့နေများ ကွန် ရက်နှင့်  မြေကမ္ဘာစောင့်ရှောက် ရေးအဖွဲ့များမှ စုစုပေါင်းရှေ့နေ ခြောက်ဦးနှင့် တရုတ်နိုင်ငံမှရှေ့ နေများဖြင့်ဖွဲ့စည်းထားသည့် စွန့် ပစ်ပစ္စည်းဘေးသင့်သူများ ကာ ကွယ်စောင့်ရှောက်ရေးဥပဒေအဖွဲ့ (Center for Legal Aids for Pollution Victim-CLAPV)တို့ ယခုလ ၉ ရက် မှ ၁၈ ရက်အထိ တရုတ်နိုင်ငံ၊ ဘေဂျင်းတွင်တွေ့ဆုံပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ကာ မြန်မာပြည်တွင်းပြုလုပ်နေသည့် တရုတ်နိုင်ငံမှ စီမံကိန်းများမှာ နိုင်ငံတကာဥပဒေများနှင့်  ကိုက်ညီမှုရှိမရှိ အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်(မန္တလေးတိုင်းဒေသကြီး)မှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကပြောသည်။
 မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်  နှံထားသော တရုတ်နိုင်ငံမှ စီမံ ကိန်းများနှင့်ပတ်သက်ပြီး ချို့ယွင်းချက်ရှာကာ နိုင်ငံတကာဥပဒေနှင့် ကိုက်ညီမှုရှိ၊ မရှိလေ့လာနိုင်ရန် CLAPV အဖွဲ့က ၎င်းတို့အားဖိတ် ကြားခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲ များပြုလုပ်စဉ်အတွင်း တရုတ်နိုင်ငံရှိ စီမံကိန်းများနှင့် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံမှစီမံကိန်းများ နှိုင်းယှဉ်ပြီး  အစီရင်ခံစာတစ်စောင်ကိုလည်း ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ သတင်းရရှိသည်။
No.433 Tuesday, July 8, 2014

0 comments:

Post a Comment