Tuesday, July 8, 2014

ဈေးဗန်းထဲက မြန်မာအိမ်ဖော်တွေအရေး စိစစ်ကန့်ကွက်ရန် အစိုးရစီစဉ်


စင်ကာပူနိုင်ငံဈေးဝယ်စင်တာတွင် မြန်မာအိမ်အကူများကို ရောင်းကုန်သဖွယ်ခင်းကျင်းပြသခြင်းနှင့်ပတ်သတ်၍ စုံစမ်းလျက်ရှိပြီး အဖြစ်မှန်ကိုစိစစ်ကာ ကန့်ကွက်သွား မည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ချုပ်ဦးမျိုးအောင်က ပြောသည်။
”ဒီလိုပြထားပြီးမှ ခေါ်နိုင်တယ်ဆိုတော့ လွန်တာပေါ့။ ဒီလိုလုပ်တာ ကျွန်စံနစ်ပဲ”ဟု  ဦးမျိုးအောင်က ပြောသည်။
စင်ကာပူမြို့လယ်ရှိ ၁၉၇ဝ ပြည့်နှစ်အဆောက်အဦးဖြစ်သော Bukit Timah ဈေးဝယ်စင်တာ ငါးလွှာတွင် ပြောင်ပြောင်လက်လက်ဆင်ယင်ထားသော အိမ်ဖော်ပြခန်း တစ် ခုလုပ်ဆောင်ထားပြီး ‘အိမ်စောင့်များ’ နှင့် ‘တန်ဖိုးနည်းအိမ်ဖော်များ’ ဟူသော တံဆိပ်ကပ်ထားသည့် ပြခန်းအတွင်းတွင် မြန်မာအပါအဝင် အိမ်ဖော်များ ကို ရောင်း ကုန် သဖွယ်ပြသရောင်းချနေကြောင်း အယ်လ်ဂျားဇီးရားသတင်းဌာနက ဖော်ပြခဲ့သည်။
ဖွံ့ဖြိုးမှုအားနည်းသော နိုင်ငံများမှ အမျိုးသမီးများသည် အဆိုပါပြခန်းများထဲတွင် ခံစားမှုမဲ့သော မျက်နှာပေးဖြင့် ထိုင်နေကြပြီး တစ်စုံတစ်ဦးဝင်လာတိုင်း မီးပူတိုက်၊ အဝတ်လျှော်၊ ကလေးထိန်း၊ အိမ်သန့်ရှင်းရေး စသောအိမ်ဖော်တို့တတ်အပ်သော အတတ်ပညာတို့ကို သရုပ်ပြနေကြပြီး အိမ်ဖော်အဖြစ်သူတို့ကို ငှားရမ်း မည့်ဖြစ်နိုင်ေ ချ ရှိသော အလုပ်ရှင်တို့ကိုမျှော်နေကြကြောင်း၊ တစ်နည်းဆိုရသော် သူတို့ကို အိမ်ဖော်အဖြစ် ငှားရမ်းခံရရေး အတွက် သူတို့ကိုယ်တိုင် အ ရောင်းမြှင့်တင်ရေးလုပ်နေ ကြ ရပြီး လျှော့ဈေးနှင့်လည်း ဝယ်ယူရနိုင်သည်ကို ကြော်ငြာနေကြခြင်း ဖြစ်ကြောင်း အယ်လ်ဂျားဇီးရားသတင်း ဌာနက ဖော်ပြခဲ့သည်။
”မြန်မာသံရုံးကိုရော၊ ဟိုဘက်က အေဂျင်စီ အသင်းချုပ်ကိုရော မေးထားတယ်။ ဒါမျိုးဘယ်သူလုပ်လဲဆိုတာသိပြီးတာနဲ့ လူကြီးတွေကို အဖြစ်မှန်ကို သုံးသပ်ပြီး တင်ပြ ရ မယ်”ဟု ဦးမျိုးအောင်က အထက်ပါကိစ္စနှင့်ပတ်သတ်၍ ပြောသည်။စင်ကာပူနိုင်ငံတွင် မြန်မာအိမ်အကူနှစ်သောင်းမှ သုံးသောင်းကျော်အထိရှိနေပြီး အများစုမှာ တရားမ ဝင်သွား ရောက်ကြသူများဖြစ်သည်။ အိမ်အကူတစ်ဦးသည် တစ်လ လျှင် စင်ကာပူဒေါ်လာ ၃၅ဝ မှ ၄ဝဝအထိရရှိကြပြီး တရားမဝင်သွားခြင်းကြောင့် အလုပ်သမား အခွင့် အရေးများမရရှိပေ။ ထို့ကြောင့်အစိုးရက ယမန်နှစ်ကစင်ကာပူသို့ အိမ်အကူတရား ဝင်စေလွှတ်ခွင့်ပြုခဲ့သည်။ ထိုသို့စေလွှတ်ရာတွင် နိုင်ငံတကာ အသိ အမှတ်ပြု လက် မှတ်ရမှသာ သွားခွင့်ပြုခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အိမ်အကူတစ်ရာနီးပါးစေလွှတ်ပြီးဖြစ်ကြောင်း International Domestic Training Center  မှ သိရသည်။
စင်ကာပူတွင် အိမ်အကူများကို သတင်းစာ၊ ဂျာနယ်များမှလည်းကောင်း၊ လက်ကမ်းစာစောင်များမှလည်းကောင်း နည်းမျိုးစုံဖြင့် ကြော်ငြာလေ့ရှိသည်။ စင်ကာပူနိုင်ငံ ရှိ အလုပ်သမား အေဂျင်စီများသည် Menpower  လိုင်စင်ရပါက ကြော်ငြာရာတွင် ကန့်သတ်ချက် မရှိသော်လည်း ထိုသို့ပြခန်းဖြင့် ပြသခြင်းကိုမူ မကြုံဖူးကြောင်း စင် ကာပူ သို့ အလုပ်သမားပို့ဆောင်သည့် ထက်ဦးကုမ္ပဏီမှ ဦးမင်းလှိုင်က ပြောသည်။
”အိမ်အကူတွေအများကြီးရှိတဲ့ ဟောင်ကောင်မှာတောင် ဒါမျိုးမတွေ့ခဲ့ဖူးဘူးဗျာ”ဟု ၎င်းက ဆိုသည်။
ထိုသို့ကြော်ငြာခံရသူများသည် တရားဝင်သွားသူများမဟုတ်ကြောင်း၊ အကြောင်းမှာ အစိုးရကအိမ်အကူစေ လွှတ်ခွင့်ဆိုင်းငံ့ထားသည်မှာ ၂ လ ရှိပြီဖြစ်ကြောင်း ပြည်ပ အ လုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF ) ဥက္ကဋ္ဌလည်းဖြစ်သည့် ၎င်းက ပြောသည်။ စင်ကာပူ အေဂျင်စီအသင်းချုပ်နှင့် မြန်မာမှ MOEAF တို့ အိမ် အကူစေလွှတ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးထားပါက ထိုသို့အဖြစ်မျိုးကို တရားစွဲနိုင်မည် ဖြစ်သော်လည်း လက်ရှိတွင် လက်မှတ် မထိုး ထားေ သာကြောင့် အစိုးရကသာဆောင်ရွက်ရမည်ဖြစ်ကြောင်း MOEAF အတွင်းရေးမူး ဦးကျော်ထင်ကျော်က ပြောသည်။
”မကြုံလည်း မကြုံဖူးဘူး။ ကြားလည်းမကြားဖူးဘူး။ ဒါ စော်ကားတာပဲ”ဟု ထိုသို့ အိမ်အကူများကို ပြခန်းတွင်ပြသသည့်အပေါ် ဦးကျော်ထင်ကျော်က မှတ်ချက်ပြုသည်။ စင်ကာပူသို့အိမ်အကူအဖြစ်သွားရောက်သူများသည် အွန်လိုင်းမှဗီဇာလျှောက်၍ လွယ်ကူစွာပင်သွားလာနေသောကြောင့် တရားမဝင်သွားမူများပြား လာနေခြ င်းဖြစ်ေ ကြာင်း၊ အိမ်အကူစေလွှတ်ခွင့်ကို ဆိုင်းငံ့ထားသော်လည်း အီလက်ထ ရောနစ်ဗီဇာဖြင့် သွားကြသောကြောင့် စိစစ်၍မရနိုင်ခြင်းဖြစ် ကြောင်း အလုပ်သ မားညွှန်ကြားမှု ဦးစီးဌာနညွှန်ချုပ် ဦးမျိုး အောင်က ပြောသည်။
”အွန်လိုင်းပေါ်ကနေ ဗီဇာလျှောက်၊ ဟိုဘက်က ပွဲစားနဲ့ချိတ်ပြီးသွားတာ သူတို့ဘာ သူတို့ပဲသိနိုင်တဲ့ ကိစ္စမျိုးဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။ထို့ကြောင့် အိမ်အကူ အပါအဝင် ပြည်ပသို့သွားရောက် အလုပ်လုပ်သည့် အလုပ်သမားများကို စိစစ်နိုင်ရန်၊ အချက်အလက်အတိအကျရရှိရန်အတွက် ဇူလိုင် ၁၄ ရက်မှစ၍ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် အလုပ်သမားပြည်ပထွက်ခွာခွင့်ကတ် (Smart Card) စစ်ဆေးရေးကောင်တာဖွင့်ကာ စစ်ဆေးတော့မည်ဖြစ်ကြောင်း ၎င်းက ပြော သည်။
”ဒီလိုစစ်ဆေးမှပဲ တရားမဝင်သွားတာတွေကို တားနိုင်မယ်”ဟု ဦးမျိုးအောင်က ပြောသည်။
အိမ်အကူများ တရားမဝင်သွားရောက်ခြင်းကို သေချာစစ်ဆေးရုံမက ထိုသို့ ပြခန်းဖြင့်ပြသခြင်းကိုလည်း နှစ်နိုင်ငံသံတမန်နည်းလမ်းအရ အသိပေး ဆောင်ရွက် သင့်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်မှ ဒါရိုက်တာ ဦးစိန်ဌေးက ပြောသည်။ ”လူဟာ ကုန်ပစ္စည်းမဟုတ်ဘူး။ ဒီလိုလုပ်တာလူသား ဂုဏ်သိက္ခာ ထိ ခိုက်တယ်”ဟု ၎င်းက ပြောသည်။ ထိုသို့ပြုလုပ်ခြင်းခံရသော အင်ဒိုနီးရှား၊ ဖိလစ်ပိုင်အစိုးရ များနှင့်ပူးပေါင်းကာ စင်ကာပူနိုင်ငံကို ဖိအားပေးသင့်ကြောင်း ၎င်း က ပြော သည်။
”မြန်မာနိုင်ငံက အာဆီယံမှာ ဥက္ကဋ္ဌဖြစ်နေတဲ့အတွက် အခြားအစိုးရတွေနဲ့ပေါင်းပြီးနိုင်ငံတကာ Issue အနေနဲ့ လုပ်သင့်တယ်”ဟု ၎င်းက ပြောသည်။စင်ကာပူတွင် အိမ်အကူဈေးကွက်ကို အဓိကထားဖော်ပြနေသော Babyment  ဝက်ဆိုက်တွင်မူ မြန်မာအိမ်အကူများကို ငှားရမ်းပါက ဖိလစ်ပိုင်၊ အင်ဒိုနီးရှားအိမ်အကူတို့ထက် ဒေါ်လာ ၁ဝဝ သက်သာကြောင်း မြန်မာအိမ်ကူတို့သည် ဘာသာစကားအားနည်းပြီး၊ အိမ်အကူအလုပ်နှင့်ပတ် သတ်၍ လေ့ကျင့်သင်ကြား မှုအားနည်းေ သာကြောင့် ဈေး သက် သာစွာ ငှားရမ်းနိုင်မည့်အပြင် မြန်မာအိမ်အကူများသည် အခြားအိမ်အကူများထက် ခိုင်းစေရလွယ်ကူပြီး ကြိုးကြိုးစားစား လုပ်ကိုင်ကြကြောင်း ဖော်ပြထားသည်။
ယူအေအီးနိုင်ငံ အဘူဒါဘီတွင်နေထိုင်သော အမ်းမရတ်လေကြောင်းလိုင်း လေယာဉ်မူးတစ်ဦးဖြစ်သည့် ကိုသက်ဦးဆွေက ”စင်ကာပူကအေဂျင်စီတစ်ခုက သူတို့ ကျတော့ ဆောင်ရွက်ခကိုကြိုက်သလိုယူပြီး မြန်မာပြည်က အိမ်အကူအမျိုးသမီးကျတော့ နားရက်ပေးဖို့မလို၊ သူတို့ရဲ့ လုပ်ရည်ကိုင်ရည်ကို ကြည့်ပြီး အပိုဆုအဖြစ် တစ်လ တစ်ကြိမ် ဖုန်းပြောခွင့်ပြုရင်ရပါပြီတဲ့၊ ဒါဟာ အလုပ်သမားဥပဒေ၊ လူ့အခွင့်အရေးနဲ့ ကိုက်ညီရဲ့လား”ဟု မေးခွန်းထုတ်သည်။
ထို့ပြင်အေဂျင်စီများသည်လည်း ငွေရရေးတစ်ခုတည်းမကြည့်ဘဲ မြန်မာအမျိုးသမီးများအရေးကိုကြည့်ကာ ဆောင်ရွက်ကြစေလိုကြောင်း ၎င်းက တိုက်တွန်းသည်။ လက်ရှိ တွင်အစိုးရက ပြည်ပသို့ အိမ်အကူစေလွှတ်ခွင့်ကို ဆိုင်းငံ့ထားသော်လည်း စင်ကာပူတွင်အလုပ်လုပ်ပါက တစ်လလျှင် စင်ကာပူဒေါ်လာ ၄ဝဝ အထိရရှိနိုင်၍ သွားရောက် သူများ ကသွားနေကြဆဲပင်ဖြစ်သည်။ တရားမဝင်သွားခြင်းကြောင့် ထိုသို့ ရောင်းကုန်သဖွယ်ပြသခံရမူအပြင် နှိပ်စက်ခံရမှု၊ နှိပ်စက်ခံရလွန်း၍ ကိုယ့်ကိုယ် ကိုယ် သေေ ကြာင်းကြံစည်မှု များလည်း ဖြစ်ပွားလျက်ရှိသည်။ ထိုသို့သောဖြစ်ရပ် များ ကြောင့် အိမ်အကူပြသနာကို အစိုးရက သေချာဖြေရှင်း ကိုင် တွယ်သင့်ပြီဟု အလုပ်သမား အရေးဆောင်ရွက်သူတို့က ဆိုကြသည်။ ”လုပ်အားကိုပဲ ရောင်းကြတာလေ။ အခုလုပ်နေတာက ကျွန်ပိုင်ရှင်လို ဖြစ်နေတာ”ဟု ရွှေ့ပြောင်းအလုပ်သမားအခွင့် အရေးကွန် ယက်မှ ဦးစိန်ဌေးက ပြောသည်။
မေဇင်ဝင်း
 credit-Popular

0 comments:

Post a Comment