အမေရိကန်နိုင်ငံ၏ အမိမြေလုံခြုံရေး အတွင်းရေးမှူး ဂျာဂျွန်ဆန်က အဆိုပါ လုံခြုံရေး ဆောင်ရွက်ချက် သည် လေကြောင်းလုံခြုံရေးကို ပြန်လည်ချင့်တွက်ပြီးနောက် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။
၎င်း လုံခြုံရေး ဆောင်ရွက်ချက်ကို တရားဝင် အသုံးပြုမည့် လေဆိပ်စာရင်းအား မသိရသေးသော်လည်း အဆိုပါ လုံခြုံရေး ဆောင်ရွက်ချက်သစ်ကို ကျင့်သုံးမည့် လေဆိပ်များတွင် လန်ဒန်မြို့ရှိ ဟီးသရိုးလေဆိပ် ပါဝင်ကြောင်း BBC က ဖော်ပြခဲ့သည်။
ထို့အပြင် အမေရိကန်၏ လုံခြုံရေးအဆင့်မြှင့်တင် ဆောင်ရွက်ခြင်းသည် ဆီးရီးယားနှင့် ယီမင်တွင် အကြမ်းဖက်သမားများက လုံခြုံရေး ရှာဖွေမှု ဆောင်ရွက်ချက်များကို ရှောင်လွှဲပြီး ဗုံးများ သယ်ဆောင်ခဲ့ သည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
TSA ၏ ထုတ်ပြန်ကြေညာချက်တွင် “လုံခြုံရေးအတွက် စစ်ဆေးမှု ပြုလုပ်နေချိန်မှာ ဆဲလ်ဖုန်းအပါအဝင် အီလက်ထရွန်နစ် ထုတ်ကုန်ကို ပိုင်ဆိုင်သူများအနေနဲ့ အချို့ထုတ်ကုန်တွေကို ဖွင့်ပြဖို့လိုပါတယ်။ အားမသွင်းထားတဲ့ ထုတ်ကုန်တွေဆိုရင်တော့ လေယာဉ်ပေါ် တက်ရောက်ခွင့်ရှိမှာ မဟုတ်ပါဘူး” ဟု ဖော်ပြထားသည်။
Ref: CNET
Internet Journal
0 comments:
Post a Comment