Monday, July 14, 2014

လိုင်စင်သက်တမ်းမတိုးသည့် လုပ်ငန်းတစ်ထောင့်ငါးရာကျော်ကို အရေးယူထား


မန္တလေးမြို့ (၇၈)လမ်းရှိ အရောင်းဆိုင်နှင့် လုပ်ငန်းအချို့ကို တွေ့ရစဉ်(ဓာတ်ပုံ−ညီညီဇော်)
မန္တလေးမြို့တွင် လုပ် ငန်းလိုင်စင်သက်တမ်းတိုးခြင်း မရှိသည့် လုပ်ငန်းပေါင်းတစ် ထောင့်ငါးရာကျော် အရေးယူ ထားကြောင်း  သတင်းရရှိသည်။
မန္တလေးမြို့တွင် လုပ်ငန်း ပေါင်းတစ်သောင်းလေးထောင် ကျော်ရှိသည့်အနက် တစ်သောင်း နှစ်ထောင်ကျော်   လာရောက် သက်တမ်းတိုးကြောင်း၊ လုပ်ငန်း လိုင်စင်သက်တမ်းတိုးရမည့် ရက် ကုန်ဆုံးသွားပြီဖြစ်၍  ဇူလိုင်  ၁ ရက်မှ  စတင်ကာသက်တမ်းတိုး ဆောင်ရွက်ခြင်း မရှိသည့် လုပ်ငန်းတစ်ခုလျှင် ငွေကျပ်သုံးသောင်း နှုန်းဖြင့် ဒဏ်ရိုက်အရေးယူနေ ကြောင်း မန္တလေးမြို့တော် စည် ပင်သာယာရေးကော်မတီ သန့် ရှင်းရေးဌာန  ဌာနခွဲမှူးဦးစိုးတင့် အောင်က ပြောသည်။
လုပ်ငန်းလိုင်စင် သက်တမ်း မတိုးခြင်းအပြင် လုပ်ငန်းလိုင်စင် မရှိဘဲ လုပ်ကိုင်နေသူများကို လည်း အရေးယူနေကြောင်း ဇူလိုင်လအတွင်း လုပ်ငန်းလိုင်စင် မရှိဘဲ လုပ်ကိုင်နေသူ ကိုးဦးကို လည်း စည်ပင်သာယာဥပဒေဖြင့် တရားစွဲဆို အရေးယူထားကြောင်း စည်ပင်သာယာရဲတပ်ဖွဲ့မှ  သ တင်းရရှိသည်။
လုပ်ငန်းလိုင်စင်   မလုပ် သည့်   ဆိုင်များအပြင်   လမ်း ပလက်ဖောင်းပေါ် ချဲ့ထွင်တည် ခင်းရောင်းချနေသည့် ဆိုင်များကို လည်း အရေးယူသွားမည်ဖြစ် ကြောင်း ဌာနခွဲမှူးက ပြောကြား သည်။
လုပ်ငန်းလုပ်ကိုင်လျက်ရှိပြီး လိုင်စင်ခမပေးဆောင်ပါက မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ၏ တည်ဆဲဥပဒေ အရ ပထမအကြိမ် ဒဏ်ကြေးငွေကျပ်သုံးသောင်း၊ ဒုတိယအကြိမ်ဖြစ်ပါက ဒဏ်ငွေကျပ်ငါးသောင်းနှင့် လုပ်ငန်းရပ်ဆိုင်းခြင်း၊ တတိယအကြိမ်တွင် တရားစွဲဆိုကာ ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးစည်ပင်က အသိပေးထား သည်။
7days

0 comments:

Post a Comment