Saturday, July 12, 2014

ကျေးလက်ဒေသတွင် နေထိုင်သူများ အိုင်စီတီ အသုံးချမှု တိုးတက်လာစေရန် ဂျပန်ကူညီမည်


မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် အိုင်စီတီကဏ္ဍ ဖွံဖြိုးလာစေရန်အတွက် ဂျပန်နိုင်ငံက အကူအညီပေးသွားမည်ဖြစ်ကြောင်း အဆိုပါနိုင်ငံ၏ပုဂ္ဂလိက အိုင်စီတီကုမ္ပဏီအချို့မှ သတင်းရရှိသည်။

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍများနှင့် အလှမ်းဝေးနေဆဲဖြစ်သော မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် အိုင်စီတီဖွံ့ဖြိုးမှုအတွက် ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ပေးလိုခြင်းဖြစ်ပြီး နှစ်အနည်းငယ်အတွင်း မြို့ပြနှင့်ဝေးလံသည့် ယင်းဒေသများတွင် တိုးတက်ပြောင်းလဲမှုများ ရှိလာရန်အတွက် မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

“မြန်မာနိုင်ငံက ကျေးလက်ဒေသတွေမှာ နေထိုင်တဲ့သူတွေဟာ အခုအချိန်အထိ အိုင်စီတီနဲ့ အလှမ်းဝေးနေပါသေးတယ်။ ဒါကိုမြန်မာအစိုးရနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ ကူညီသွားချင်ပါတယ်။ ကျေးလက်ဒေသတွေရဲ့ အိုင်စီတီကဏ္ဍဖွံ့ဖြိုးမှုဟာ နိုင်ငံတစ်နိုင်ငံလုံးရဲ့ တိုးတက်မှုကိုကောင်းကောင်း အထောက်အပံ့ပေးနိုင်ပါတယ်" ဟု မြန်မာနိုင်ငံ၏ ကျေးရွာအချို့တွင် e-Village စီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်နေသည့် JTEC (Japan Telecommun- ications Engineering and Consulting) အဖွဲ့အစည်းမှ ဒါ ရိုက်တာနှင့် စီမံကိန်းမန်နေဂျာ ဖြစ်သူ Mr.Tatsumi Munesato ကပြောသည်။

မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် နေထိုင်သည့်ဒေသခံများ၏ မိုဘိုင်းဖုန်း၊ အင်တာနက်အစရှိသော ဆက်သွယ်ရေးစနစ်များကို ပိုမိုအသုံးပြုလာနိုင်စေရန်နှင့် ထိုဒေသများတွင် အချိန်အ နည်းငယ်အတွင်း ဆက်သွယ်ရေးစနစ်များ တိုးတက်လာရေးကို ဂျ ပန်နိုင်ငံမှ အဓိကကူညီပေးသွားမည်ဟု သိရသည်။ ယခုလက်ရှိအချိန်တွင် JTEC သည် မြန်မာနိုင်ငံ၏ e-Village စီမံကိန်းကို စတင်လုပ်ဆောင်နေပြီဖြစ်ပြီး အိုင်စီတီကိုအသုံးချပြီး မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍကို အဆင့်မြှင့်တင်ပေးမည့် e- Woman အမည်ရှိစီမံကိန်းတစ်ခုကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Mr.Tatsumi Munesato က ပြောကြားသည်။

ပြီးခဲ့သည့် ဇွန်လပထမအတွင်းတွင် ဂျပန်နိုင်ငံအစိုးရ အဖွဲ့ဝင်အချို့သည် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပြည်တွင်း ဆက်သွယ်ရေးနှင့် အိုင်စီတီကဏ္ဍကို အကူအညီပေးမည့် ရေရှည်စီမံကိန်းများနှင့် ပတ်သတ်ပြီး ဆွေးနွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
 Internet journal
 

0 comments:

Post a Comment