Wednesday, July 9, 2014

Vasectomy reversal ယောက်ျား သားကြောပြန်ဆက်ခြင်း


 ဆရာ ကျွန်တော်က အခု အသက် (၅၁) နှစ်ရှိပါပြီ။ ၂ဝဝဝ ခုနှစ်မှာ သားကြောဖြတ်ထားပြီး ယခုအခါသားကြောပြန်ဆက်ဖို့ ရနိုင်/မရနိုင်သိချင်လို့ပါခင်ဗျာ။ ရန်ကုန်မှာနေပါတယ်။

• ယောက်ျားတွေ သားကြောဖြတ်ပြီးမှ ပြန်ဆက်ခြင်သူတွေရှိတယ်။ USA မှာ ၅% လောက်ရှိတယ်။
• သားကြောဖြတ်တယ်ဆိုတာ ရှင်ခန်းဖြတ် မဟုတ်ပါ။ ပြန်ဆက်လို့မရဘူး မဟုတ်ပါ။
• (သီအိုရီ) အရ ဖြစ်နိုင်ပေမဲ့၊ လက်တွေ့မှာ အတော်ကြီးခက်ပါတယ်။
• (မိုက်ခရို-ဆာဂျရီ) အနုစိတ် လုပ်ရလိမ့်မယ်။ ကရိကထများတယ်၊ လက်ဝင်တယ်။ ကုန်ကျတယ်။
• အမေရိကားမှာဆို တနှစ်မှာ လူ ၆ သိန်းက $300 ကနေ $1,000 အကုန်ခံ ဖြတ်နေကြတယ်။
• ဖြတ်ထားတဲ့သားကြော ပြန်ဆက်ဘို့ ဆိုရင်တော့ $7,000 ကုန်မယ်။
• အောင်မြင်မှုနှုန်း စောစောပြန်လုပ်သူတွေက ပိုများတယ်။ ဖြတ်ထားပြီး ၃ နှစ်အတွင်း ပြန်ဆက်ချင်သူတွေက ၇၆%၊ ၁၅ နှစ် ကြာမှလုပ်ရင် ၃ဝ% ကလေး ပြန်ရနိုင်တယ်။
• မြန်မာပြည်က အခြေအနေတော့ မသိပါ။

Dr. တင့်ဆွေ

0 comments:

Post a Comment