Saturday, July 12, 2014

ဂျေလိုနဲ့ Selfie ဓာတ်ပုံရိုက်တဲ့ သမ္မတကတော်


အမေရိကန်သမ္မတ ကတော်လည်း အများနည်းတူ Selfie ဓာတ်ပုံ ရိုက်ပါတယ်။ 

ကမ္ဘာကျော် အဆိုတော် ဂျနီဖာ လိုပက်ဇ် (ဂျေလို) ဟာ သူ့ရဲ့ အသက် ၆ နှစ်အရွယ် သမီးငယ်နဲ့ ပန်းရောင် ဆင်တူ ဝတ်ပြီး အမေရိကန် သမ္မတ ကတော် မီရှယ်အိုဘားမားနဲ့ အခမ်းအနား တခုမှာ တွေ့ဆုံခဲ့ပါတယ်။  
ဂျေလိုနဲ့ သမီးဖြစ်သူ Emme တို့ သားအမိ မိရှယ်အိုဘားမားနဲ့ တွေ့စဉ်မှာ မီရှယ် အိုဘားမားက ဂျေလိုနဲ့ အတူ Selfie ဓာတ်ပုံရိုက်ထားတာကိုလည်း လူမှု ကွန်ရက်မှာ ပေါ်ထွက်လာပါတယ်။

ဂျေလိုနဲ့ သမ္မတကတော် မီရှယ် အိုဘားမားတို့ ရိုက်ထားတဲ့ Selfie ၊ ဓာတ်ပုံ- The Mirror

ဂျေလိုနဲ့ မီရှယ် အိုဘားမားတို့ ၂ ဦးတွဲ Selfie ဓာတ်ပုံဟာ တကယ်တော့ First Lady မီရှယ်အိုဘားမားက ရိုက်ခဲ့ပြီး ဓာတ်ပုံ မှာလည်း Me and my girl လို့ ညွှန်းဆိုရေးထားတဲ့အကြောင်း The Mirror သတင်းမှာ 
ရေး ပါတယ်။ 

သမ္မတ ကတော် မီရှယ် အိုဘားမားကလည်း ဖက်ရှင်ကျကျ ဝတ်ဆင်ထားတာ ဓာတ်ပုံတွေထဲမှာ တွေ့ရမှာ ပါ။ 

လက်တင် အမေရိကန် နိုင်ငံသားများ အဖွဲ့ချုပ်ရဲ့ ၈၅ ကြိမ်မြောက် အမျိုးသား ညီလာခံကြီးမှာ ဂျေလိုတို့ သားအမိလည်း မီရှယ် အိုဘားမားနဲ့ တွေ့ဆုံခဲ့ကြတာပါ။ 



အဲဒီပွဲကို တက်လာတဲ့  ဂျေလိုရဲ့ သမီးလေး Emme ကလည်း အမေခြေရာ နင်းမယ်လို့ ပြောရမယ် ထင်ပါ တယ်။ ၆ နှစ်သမီးလေး Emme က မိခင် ဖြစ်သူ ဂျေလို ဝတ်ဆင်သလို ဖက်ရှင်ကျကျ ဝတ်ထားရုံသာမက စလင်းဘက် အိတ်ကို လည်း သူက ကိုင်ထားပါသေးတယ်။ 

အဲဒီနေ့ကတော့ ဂျေလိုတို့ သားအမိလည်း အတော်ပျော်ရွှင်နေပုံရပြီး မီရှယ်အိုဘားမားလည်း အလား တူ ပျော်ရွှင်ပီတိဖြစ် နေတဲ့ ပုံရိပ်တွေကို တွေ့ရပါသတဲ့။ 



အိမ့်သံစဉ် ~ 


 

0 comments:

Post a Comment