Friday, July 11, 2014

စာပို့ဝန်ဆောင်မှု ဖွံ့ဖြိုးရန် ဂျပန်နိုင်ငံက နည်းပညာကူညီမည်


ကမ်းနားလမ်းရှိ ရန်ကုန်စာတိုက်ကြီး (ဓာတ်ပုံ - ကျော်ဇင်သန်း)
သတင်းအချက်အလက် နှင့် စာပို့ဝန်ဆောင်မှုလုပ်ငန်း ဖွံ့ ဖြိုးတိုးတက်လာစေရန် ဂျပန်နိုင်ငံ က နည်းပညာအကူအညီပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်း ပညာဝန်ကြီးဌာန (MPT) နှင့် ဂျပန်နိုင်ငံ သတင်းအချက်အ လက်နှင့် ပြည်တွင်းရေးရာဝန်ကြီး ဌာန (MIC) တို့ ဧပြီလတွင် တစ် နှစ်သက်တမ်းရှိ ပူးပေါင်းဆောင် ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ ပူးပေါင်းဆောင် ရွက်မှုအရ ဂျပန်နိုင်ငံမှ သတင်း အချက်အလက်နှင့် စာပို့ဝန် ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်လာစေရန်၊ ၀န်ထမ်းများ အရည်အသွေးတိုးမြှင့်ရန်၊ လေ့ ကျင့်ပေးရန်နှင့် စာတိုက်လုပ်ငန်း ၀န်ဆောင်မှုအသစ်များ ဆောင် ရွက်နိုင်စေရန် နည်းပညာပိုင်းအရ အကူအညီပေးမည်ဖြစ်သည်။
ဂျပန်နိုင်ငံမှ စာတိုက်ဝန် ဆောင်မှု ကျွမ်းကျင်ဝန်ထမ်း ခုနစ် ဦးပါဝင်သည့် အဖွဲ့သည် မေလတွင် ရန်ကုန်မြို့သို့ လာရောက်၍ စာ တိုက်များမှ စာတိုက်မှူး၊ မန်နေ ဂျာ၊ လက်ထောက်မန်နေဂျာစသည့် အရာရှိများကို ၁၀ ရက် ကြာ သင်တန်းပို့ချပေးခဲ့ပြီး ဇွန်လ တွင် ကျွမ်းကျင်ဝန်ထမ်း ငါးဦး ပါ ၀င်သည့် အဖွဲ့က မန္တလေးမြို့နှင့် နေပြည်တော်၌  နှစ်ပတ်ကြာ သင်တန်းပို့ချပေးခဲ့သည်။ ဇူလိုင် လတွင်လည်း ဂျပန်နိုင်ငံမှ ကျွမ်း ကျင်ဝန်ထမ်းများ လာရောက်ပြီး ရန်ကုန်မြို့၌ သင်တန်းပို့ချပေးမည်ဟု သတင်းရရှိသည်။
  ‘‘စာတွေ့ရော လက်တွေ့ ရော သင်ပေးပါတယ်။ တကယ် လက်တွေ့လုပ်နေတဲ့ စာတိုက် တွေကို သွားပြီးတော့ ဒီလိုလုပ် လိုက်ရင် ပိုပြီးကောင်းသွားမယ် ဆိုတာမျိုး ပြောပြီးတော့ သင်ပေး သွားတာပါ’’ ဟု MIC မှ နိုင်ငံတ ကာဆက်ဆံရေးဌာနဒါရိုက်တာ မစ္စတာမာဆာတိုချီကာဝါနိုကပြောသည်။ဂျပန်နိုင်ငံ၏ စာပို့ဝန်ဆောင်မှုလုပ်ငန်းသည်စာ၊ ပို့စကတ်၊ ပါဆယ်ပေးပို့ရသည့်နှုန်းမှာ တစ်နှစ်လျှင် ၂၁ ဘီလီယံကျော်ရှိပြီး ပေးပို့သည့် ၀န်ဆောင်မှုကြာမြင့်ချိန်မှာ အများဆုံးနှစ်ရက်သာရှိကြောင်း သတင်းရရှိသည်။
‘‘မြန်မာပြည်မှာတော့ စာပို့ လုပ်ငန်းက ဆောင်ရွက်တဲ့နှုန်းက တော့ အချိန်အရမ်းကြာပါတယ်။ အခုလို ဂျပန်က အကူအညီပေး မယ်ဆိုတော့ စာတိုက်တွေ တိုး တက်လာရင် မြို့ကြီးတွေအပြင် နယ်မြို့တွေအတွက်ပါ ပိုပြီးတော့ အဆင်ပြေသွားမယ်။ ပိုကောင်း လာမယ်လို့ ထင်ပါတယ်’’ ဟု ဒဂုံ မြို့သစ်(မြောက်ပိုင်း) မြို့နယ်မှ ဦးကျော်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ စာပို့လုပ်ငန်းမှဝန်ထမ်းများကိုလည်း ဂျပန်နိုင်ငံရှိ စာတိုက်များ၌ လေ့လာနိုင်ရန် လေ့လာရေးခရီး ခေါ်ယူသွားမည့် အစီအစဉ်ကို ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း   သတင်းရရှိသည်။

0 comments:

Post a Comment