Monday, July 14, 2014

မြန်မာနိုင်ငံ၌ မကြာမီ အချိန်ကာလ အတွင်း အင်တာနက် အသုံးပြုသူ ဦးရေ သုံးသန်းအထိ ရောက်ရှိ လာတော့မည်


 မြန်မာနိုင်ငံ၌ တယ်လီဖုန်းများ တိုးတက် များပြားလာသည်နှင့် အမျှ မကြာမီမှာပင် မိုဘိုင်းလ်ဖုန်း အင်တာနက် သုံးစွဲသူဦးရေ သုံးသန်းအထိ ရောက်ရှိ လာတော့မည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ အရ သိရသည်။

အင်တာနက် သုံးစွဲမှု အပိုင်းတွင် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် ၂၅၁၃၂ဝ၅ ရှိခဲ့ရာမှ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် မေလကုန်ထိ အင်တာနက် သုံးစွဲသူ ၂၉၁၉၆၁၈ ဦးအထိ တိုးတက် လာခဲ့သောကြောင့် မကြာမီ သုံးသန်းအထိ ရောက်ရှိတော့မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတော်၏ တယ်လီဖုန်း သိပ်သည်းဆ တိုးတက် မြင့်မားလာစေရန်နှင့် ကျေးလက်မြို့ပြ ကွာဟမှုများ မရှိစေဘဲ ပြည်သူများ တယ်လီဖုန်း ဆက်သွယ်မှု အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန် တယ်လီဖုန်း တိုးချဲ့ တပ်ဆင်ခြင်း လုပ်ငန်းများကို နှစ်စဉ် စီမံကိန်းများ ချမှတ်၍ ပြည် နယ်နှင့် တိုင်းဒေသကြီးများ၌ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ် အထိ တယ်လီဖုန်း ၃၅၉၈၁၁၃ လုံး၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် မေလအထိ တယ်လီဖုန်းပေါင်း ၉၃၆၁၉၉၈ လုံး တပ်ဆင် ပေးနိုင်ခဲ့သည်။

တယ်လီဖုန်း သိပ်သည်းဆမှာ ယခုနှစ် မေလကုန်တွင် ၁၅ ဒသမ ၆ဝ ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ

https://www.facebook.com/mwdmedia

0 comments:

Post a Comment