Thursday, July 10, 2014

ဘန်ကောက်အတွက် ပျော်ရွှင်စရာပွဲတော်ကြီးလာတော့မယ်


~ ထိုင်းနိုင်ငံ အာဏာသိမ်းစစ်အုပ်စုက ဘန်ကောက်မှာ ပွဲတော်ကြီးကြီးတခု လုပ်ပေးမယ်လို့ အင်္ဂါနေ့မှာ ကြေညာပါတယ်။
 


အပေါ်ပုံကတော့  ခရီးသွားလုပ်ငန်းပြန်လည်ဖွံ့ထွားလာရေးကြိုးပမ်းဖို့ ပြီးခဲ့တဲ့လ ၁၃ ရက်နေ့က ဘန်ကောက်မြို့မှာ တင်ဆက်ဖျော်ဖြေနေကြသူများရဲ့ပုံဖြစ်ပါတယ် (Photo: Reuters)    
  ဒါဟာ ပြီးခဲ့တဲ့မေလ ထိုင်းတပ်မတော်က နိုင်ငံတော်ရဲ့ အမျိုးသား ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်ထမ်းဆောင်အပြီး နိုင်ငံအတွင်းသွေးစည်းညီညွတ်ရေးပြန်ရဖို့ ရည်ရွယ်တဲ့ ဝါဒဖြန့်မှု အစိတ်အပိုင်းတခုပါပဲ။

ဒီအကြောင်း ဧရာဝတီအင်္ဂလိပ်ပိုင်းစာမျက်နှာ  http://www.irrawaddy.org/asia/thai-junta-hold-largest-happiness-fair-latest-pr-push.html မှာ သတင်းဖော်ပြထားတာ ဖတ်ရမှာပါ။ သတင်းကို ကောက်နုတ်ဖော်ပြရရင် ... ထိုင်းမှာ စစ်တပ်အာဏာသိမ်းတာကို အနောက်တိုင်းအစိုးရများက ကန့်ကွက်ကြပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့  လိုအပ်ချက်အရ အာဏာသိမ်းခြင်းလို့ ဆိုပါတယ်။
ထိုင်းမှာ ၆ လ ကြာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ရာမှာ တခါတရံ အကြမ်းဖက်ပဋိပက္ခတွေ ပါဝင်တဲ့ အထိ ဖြစ်ခဲ့တာပါ။

ကျင်းပမယ့် ပွဲတော်က ဒီလ ၂၂ ကနေ ၂၅ ရက်နေ့အထိ ဖြစ်ပါလိမ့်မယ်။ ဘန်ကောက် Sanam Luang ပန်းခြံကြီးမှာ လုပ်မယ်လို့ ဆိုတယ်။

ညီညွတ်ရေး၊ အရင်ကလို ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ရေးအတွက် အစီအစဉ်တွေ ရှိပါတယ်လို့ စစ်တပ် ပြောခွင့်ရ အရာရှိတယောက်က သတင်းသမားတို့ကို ပြောပါတယ်။

စင်တင်ရော့ခ်တီးဝိုင်း၊ ရုပ်ရှင်၊ ငြိမ်းချမ်းရေးဆုတောင်းပွဲ အစရှိတာတွေ ပါဝင်ပါမယ်။

အာဏာသိမ်းပြီးစမှာ စစ်အုပ်စုက ရာထောင်ချီတဲ့ အသံလွှင့်ဌာန၊ ရုပ်သံဌာနတွေကိုပိတ်ပါတယ်။
နောက်ပိုင်းမှာ ခံဝန်ချက်နဲ့ လုပ်ငန်းလည်ပတ်ခွင့်ပြန်ပြုပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အတွက် မီဒီယာရဲ့ ပါဝင်ပူးပေါင်းမှုလိုအပ်တယ်လို့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ဆိုပါတယ်။

 မူရင်း

  • Thai Junta to Hold Largest ‘Happiness Fair’ in Latest PR Push
http://www.irrawaddy.org/asia/thai-junta-hold-largest-happiness-fair-latest-pr-push.html

0 comments:

Post a Comment