This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, July 30, 2014

ရာသီဥတုဖောက်ပြန်မှု ဆိုးရွားစွာကြုံတွေ့နေရဟု ဒေါက်တာထွန်းလွင်ပြော

ဇူလိုင်လ နှောင်းပိုင်းတွင် သဘာဝ ဘေးကြောင့် မြန်မာနိုင်ငံ ဒေသ အနှံ့ လူသေဆုံးမှုများ ဖြစ်ပေါ်နေသည် အထိ သဘာဝဘေးရင် ဆိုင်နေရပြီး မြေပြိုခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်ခြင်းနှင့်နေရာ ကွက်၍ မိုးကြီး သည့် အန္တရာယ်များ ဆက်တိုက် ရင်ဆိုင်နေ ရသောကြောင့် ဖောက်ပြန် နေသည့် ရာသီဥတုကို တွေ့ကြုံနေရပြီဖြစ်ကြောင်း ဒေါက်တာ ထွန်းလွင် ကပြောသည်။ ‘‘ဇူလိုင်လက မိုးလယ် ကာလ၊ မုတ်သုံလေ ကောင်းနေရဲ့သားနဲ့ လေဆင်နှာမောင်း တိုက်တာမျိုး တွေဖြစ်တာ။ သေချာတာကတော့သမားရိုးကျမဟုတ်ဘူး။...

အရှေ့အာရှဒေသတွင် အမြင့်ဆုံး IELTS ပညာသင်ဆုကို မြန်မာနိုင်ငံမှရရှိ

ဗြိတိသျှကောင်စီမှ ပေးအပ်သော IELTS ပညာသင်ဆုအား မြန်မာနိုင်ငံမှ ဒေါက်တာ သန္တာအောင်မှရရှိခဲ့ပြီး အဆိုပါပညာသင်ဆုမှာ အရှေ့အာရှဒေသတွင် အမြင့်ဆုံး IELTS ပညာသင်ဆုဖြစ်ကြောင်း သိရသည်။ IELTS ပညာသင်ဆုကို Regional Schlorship (မြန်မာကျပ်ငွေ သိန်း ၄၁၅ ခန့်) ကို ဒေါက်တာသန္တာအောင်မှ ရရှိခဲ့ပြီး Country Schlorship (မြန်မာကျပ်ငွေ ၄၁ သိန်းခန့်) အား မောင်စောမယ်လ်ဗင်ကို လေးမှရရှိခဲ့ကြသည်။ " နိုင်ငံတကာပညာရေးသည် လူငယ်လူရွယ်များ ငယ်ရွယ်စဉ် အတွေ့အကြုံ...

Monday, July 28, 2014

တွဲဖက် မသောက်သုံး သင့်သော ဗီတာမင်နှင့် ဆေးဝါးများ

(၁)ဗီတာမင် B12 နှင့် ကလိုရမ် ဖန်နီကောလ် (Chloramphenicol) ကလိုရမ် ဖန်နီကောလ် ဆေးက သွေးနီဥ များရဲ့ ရင့်ကျက်မှုကို အနှောင့်အယှက် ဖြစ်စေတဲ့ အတွက် သွေးအားနည်း ရောဂါကြောင့် သောက်သုံးရသော ဗီတာမင် B12 ရဲ့အာနိသင်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။ကလိုရမ် ဖန်နီကောလ် အစား အခြား ပိုးသတ်ဆေးများကို သုံးပါ။ (၂) ဗီတာမင် A နှင့် Mineral oil Mineral oil က ခန္ဓာကိုယ်မှ ဗီတာမင် A စုပ်ယူမှုကို အနှောင့်အယှက် ပေးပါတယ်။ ဆေးဝါးများကို အချိန်ခြားပြီး သောက်သုံးပါ။(၃)ဗီတာမင်...

လူအများစိတ်ဝင်စားခံရသော်လည်း အထီးကျန်မှုခံစားနေရသူ Megan Fox

 ရုပ်ရှင်သရုပ်ဆောင်နှင့် မော်လ်ဒယ် တစ်ဦးဖြစ်သူ Megan Fox က ၎င်းသည် အမြဲတမ်းလိုလို လူအများ စိတ်ဝင်စားခံရသူတစ်ဦး ဖြစ်ခဲ့သော်လည်း အထီးကျန်သလို ခံစားရပါကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ယခုနှစ်အတွင်း အသစ်ထွက်ရှိ လာသည့် လိပ်နင်ဂျာဇာတ်ကားသစ်တွင် ပါဝင်သရုပ်ဆောင်ထားသူ အသက် (၂၈)နှစ်အရွယ် မင်းသမီး Megan Fox က ''ကျောင်းနေစဉ် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူဘဝကတည်းက သူငယ်ချင်းများများမရှိခဲ့ပါဘူး၊ တစ်ခါတစ်ရံ အထီးကျန်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် လူထူးလူဆန်းတစ်ယောက်လိုတောင်...

တည်းခိုခန်းမန်နေဂျာနှင့် ဧည့်သည်တို့စကားများစဉ် မန်နေဂျာမှဓါးဖြင့်ထိုး၍ ဧည့်သည်သေဆုံးခဲ့ပြီး အလောင်းဖျောက်ဖျက်မှုအား ဖော်ထုတ်အရေးယူ

 ရန်ကုန်၊ ဇူလိုင် ၂၈  လှိုင်မြို့နယ်နေ ဦးရန်နောင်ကျော်သည် ၎င်း၏ညီဖြစ်သူ ကိုကျော်မျိုးထွန်းမှာ ၂၀.၇.၂၀၁၄ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် နေအိမ်မှအပြင်သွားမည်ဟု ပြောဆို ထွက်သွားခဲ့ရာ ၂၂.၇.၂၀၁၄ ရက်နေ့ ၁၁၀၀ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့မ ရဲစခန်းမှ ၎င်း၏လက်ကိုင်ဖုန်းသို့ဆက်သွယ်လာပြီး ကြည့်မြင်တိုင်မြို့နယ်ရှိ စိတ်ကူးသစ် တည်းခိုခန်းသို့လာရောက်ရန်ခေါ်သဖြင့် သွားရောက်ခဲ့ကြောင်း၊ တည်းခိုခန်းရှိ အခန်းအမှတ် (၁၀၅)တွင် ညီဖြစ်သူတည်းခိုခဲ့ကြောင်းသိရှိရပြီး ၎င်းအားမတွေ့ရဘဲ ကုတင်ပေါ်ရှိ ခေါင်းအုံးနှင့် အခင်းတို့တွင်...

ယူကရိန်းမှာ MH17 လေယာဉ်ကို ပစ်ချခဲ့တာဟာ "စစ်ရာဇဝတ်မှု" မြောက် ဟု ကုလ ဆို

 အရှေ့ယူကရိန်းမှာ မလေးရှားလေယာဉ် MH17 ကို ပစ်ချခဲ့တာဟာ "စစ်ရာဇဝတ်မှု" ဖြစ်တယ် လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိချုပ် Navi Pillay က ဆိုပါတယ်။ MH17 လေယာဉ်ကို ရုရှားထောက်ခံသူ သူပုန်တွေက ပစ်ချခဲ့တယ် လို့ ယူကရိန်းအစိုးရ နဲ့ အနောက်နိုင်ငံ အစိုးရတွေက ယုံကြည်ကြပါတယ်။ လူပေါင်း ၂၉၈ ဦး သေဆုံးပြီး အများစုဟာ ဒတ်ရှ် လူမျိုးတွေ ဖြစ်ကြပါတယ်။ ရုရှားအစိုးရ နဲ့ သူပုန်တွေကတော့ လေယာဉ်ပျက်ကျတဲ့ကိစ္စအတွက် ယူကရိန်းစစ်တပ်...

သဘာဝကို အပြည့်အ၀ စားသုံးရခြင်း

 နံနက် မိုးလင်းပြီ ဆိုတော့ ဘုရားရှိခိုး ပြီးသည်နှင့် လုပ်နေကျ အလုပ်တစ်ခုက အိမ်ရှင်မ ပီပီ မီးဖိုခန်းသို့ ဝင်ရခြင်း ပါပဲ။ လုပ်နေကျ အလုပ်ထက် အိမ်ရှင်မ တစ်ယောက်ရဲ့ တာဝန်ဆိုလျှင် ပိုမှန်မှာပါ။ အလုပ်တစ်ခုက လုပ်နေကျ ဆိုလျှင် ပုံမှန် ဘယ်အချိန်မှာ ဘာလုပ်မည် ဘယ်လို လုပ်မည်၊ စီစဉ်ထား၍ ရသည်။ သည် အချက်အပြုတ် ဆိုသည့် တာဝန်မှာ ပုံမှန် စီစဉ် ထားလို့မရ။ ယနေ့ ဝယ်ထားသော အသီးအနှံများ မနက်ဖြန် ကောင်းချင်မှ ကောင်းမည်။...

ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းတွင် လူဦးရေစာရင်း စစ်ဆေး

 ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းတွင် ထိုင်းစစ်တပ်မှု လူဦးရေ စာရင်းစစ်ဆေးမှုကို ပြီးခဲ့တဲ့ ဇူလှိုင်လ ၂၅ရက်နေ့နှင့် ၂၆ရက်နေ့ နှစ်ရက်တွင် လာရောက်စစ်ဆေးမှု ပြုလုပ်ခဲ့သည်။ “ထူးထူးခြားခြားတော့ ဘာမှမရှိပါဘူး။ သူတို့လာလုပ်တာက လူဦးရေ ဘယ်လောက်ရှိလဲ ဆိုတာတွေကိုပေါ့” ဟု ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းကော်မတီ ဥက္ကဌ မိုးဘူးက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။ စခန်းအတွင်း နေထိုင် သူများကို စာရင်းကောက်ယူရာတွင် အိမ်နံပါတ်အလိုက်...

စက်မှုလုပ်ငန်း ၄ ပုံ ၁ ပုံ အခွန်ရှောင်

 မြန်မာနိုင်ငံမှာ စက်မှုလုပ်ငန်း ၄၀၀ ကျော် မှတ်ပုံတင်ထားတဲ့အထဲက ၄ ပုံ ၁ ပုံ ဖြစ်တဲ့ လုပ်ငန်း ၁၀၀ ကျော်ဟာ လုံးဝ အခွန်မဆောင်ပဲ အခွန်ရှောင်နေတဲ့အတွက် စိစစ်မှုတွေ စပြီး လုပ်နေပြီလို့ ရန်ကုန်တိုင်း ပြည်တွင်းအခွန်ဦးစီးဌာနရုံးရဲ့ တာဝန်ရှိသူတဦးက အတည်ပြု ပြောဆိုပါတယ်။ လက်ရှိ ရန်ကုန်တိုင်းထဲက လှိုင်သာယာ၊ ရွှေပြည် သာ၊ မင်္ဂလာဒုံ၊ သာကေတနဲ့ တောင်ဒ ဂုံ စက်မှု ဇုန်တွေမှာတော့ စာရင်းကောက် တာတွေ စ လုပ်နေပြီလို့...

ပရိသတ်ပေးသည့်ဆုဖြင့် အရမ်းပျော်ရွှင်ခဲ့ရသည်ဟု ဇွန်သံစဉ်ပြောကြား

Written by မြင့်မြင့်စိုး အလှမယ် ဇွန်သံစဉ်သည် Miss Universe Myanmar 2014 ပြိုင်ပွဲဆုကို ပရိသတ်များက ရရှိမည် အများက သုံးသပ်ကြသော်လည်း Miss Famous ဆုကိုသာရရှိခဲ့သည်။ ယင်းဆုကို ချီးမြင့်ရန်အတွက်ဆန်ခါတင် အဆင့်ဆင့် ရွေးချယ်ရာတွင် ကြည့်ရှုသူပရိသတ်များ အသည်းယားစဖွယ် ဖြစ်ခဲ့ရပြီးထင်ကြေးများဖြင့် လွဲချော်ခဲ့လေသည်။ ” ပရိသတ်တွေ အားပေးမှု အများဆုံးရခဲ့တယ်။ ပရိသတ်တွေကလည်း ညီမနာမည်ကို အော်ပြီးတော့ကို အားပေးခဲ့တာ ပရိသတ်တွေ ပေးတာနဲ့တင် အရမ်းပျော်ခဲ့ရပါတယ်။...

သွေးအားနည်း ရောဂါ

လူတိုင်း အသက်ရှူနေကြရတယ်။ ရှူသွင်း လိုက်သည့်လေထဲ က အောက်စီဂျင် ကိုသုံးပြီး သွေးကို သန့်အောင် လုပ်ပေး ဘို့ပါ။ သွေး ထဲမှာ သွေးနီဥ ရှိတယ်။ သွေးနီဥ မှာ အောက်စီဂျင် ကို အသုံးချနိုင်တဲ့ (ဟီမိုဂလိုဘင်) ဆိုတာမှာ သံဓါတ်ပါတယ်။ ဒါ့ကြောင့် သံဓါတ် နည်းတာကို သွေးအားနည်းတယ် လို့ ယေဘုယျခေါ်နိုင်တယ်။ သွေးစစ်ရင် (Hb) (ဟီမိုဂလိုဘင်) နည်းနေသည် လို့ အဖြေထွက်မယ်။ (ဟီမိုဂလိုဘင်) ဟာ ပုံမှန် အားဖြင့် ကလေးများ မှာ ၁၁ မှ ၁၂၊ အမျိုး သမီးများမှာ ၁၁...

အပျိုစင်လေးများ အတွက် သိကောင်းစရာ (အပျိုစင် မိန်းကလေးများသာ ဖတ်ရန်)

ယခင်တစ်ပတ်က အလုပ်များနေသောကျမ မိတ်ဆွေငယ်လေးများဆီသို့ သွားရန်ပျက်ကွက်ခဲ့သည်။ ယနေ့တော့စောစောရောက်အောင် သွားမည်ဆိုပါမှ သူငယ်ချင်းတစ်ယောက် ရောက်နေသောကြောင့် ကျမချက်ချင်း မထွက်ဖြစ်ပြန်၍ အနည်းငယ်နောက်ကျ နေပြန်သည်။ ကျမ၏ မိတ်ဆွေများ တံခါးပေါက်တွင် ထွက်လိုက်ဝင်လိုက် လုပ်နေမလား၊ တစ်ခုခုဖြင့် သူတို့တစ်တွေစုပြီး စကားပြောနေကြမလား၊ ဒါမှမဟုတ်မည်သည့်နည်းဖြင့် ကျမကို စောင့်မျှော်နေမလဲဟု တွေးရင်း ကျမကားဂိတ်မှ မိတ်ဆွေကလေးများဆီသို့ အတွေးများနှင့်အတူ...

အပျိုစစ်စစ် အပျိုရည် ရောင်းရန်ရှိသည်

ခမာဘာသာစကားနဲ့ ရေးထားတဲ့ သူ့ဆိုင်နာမည်ကို ဘာသာပြန်လိုက်ရင် “ရွေ့လျားလက်သည်းအလှပြင် ဆိုင်”လို့ ဆိုနိုင်ပါလိမ့်မယ်။ အသက် ၄၂ နှစ်ရှိနေပြီဖြစ်တဲ့ ဗန်းနစ်အိုင်းဟာ ဒီဆိုင်ရဲ့ ပိုင်ရှင်ပါပဲ။ သူ့ဆိုင်က သိပ်ကြီးကြီးမားမားမဟုတ်။ စက်ဘီးတစ်စီးနောက်မှာ လက်သည်းအလှပြင် ပစ္စည်းတွေနဲ့၊ အသားလှ ဆီဘူးတွေထည့်ထားတဲ့ အိတ်တစ်လုံး၊ ဒါပါပဲ။ ဖနွမ်းပင်မြို့ရဲ့ လမ်းကြိုလမ်းကြားနဲ့ မြစ်ကမ်းဘေးက ရပ် ကွက်တွေထဲ စက်ဘီးနဲ့လျှောက်ပတ်ပြီး လက်သည်းအလှပြင်မယ့် ဖောက်သည်ရှာရတာပါ။ လွန်ခဲ့တဲ့သုံးနှစ်...

မြန်မာလုပ်သားများ၏ အနိမ့်ဆုံးလစာသည် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများထက် အဆမတန်နည်းပါး

မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ အနိမ့်ဆုံးလစာသည် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အဆမတန် နည်းပါးနေကြောင်း ဇူလိုင် ၂၆ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ၌ ပြုလုပ်သည့် ‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်သမားရေးရာ အလုပ်ရုံဆွေးနွေးပွဲ’ တွင် အလုပ်သမားရေးရာ ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာမင်းညိုက ဆိုသည...

အခြေခံဥပဒေပြင်ဆင်ရေး မြေနီကုန်းမှ ဗိုလ်စိန်မှန်သို့ လူရာချီ ချီတက်လမ်းလျှောက်

အခြေခံဥပဒေပြင်ဆင်ရေး ချီတက်ဆန္ဒဖော်ထုတ်သူများကို တွေ့ရစဉ် (ဓာတ်ပုံ −ကျော်ဇင်သန်း) အခြေခံဥပဒေပြင်ဆင် ရေး ရန်ကုန်တိုင်းအနောက်ပိုင်း ခရိုင်အတွင်းရှိ မြို့နယ် ၁၃ မြို့ နယ်မှ ရာနှင့်ချီသောပြည်သူများ သည် စမ်းချောင်းမြို့နယ်မြေနီ ကုန်းမှ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် ကွင်းထိ ဇူလိုင် ၂၇ ရက်က လမ်း လျှောက် ဆန္ဒပြ တောင်းဆိုကြ သည်။ နေ့လယ် ၁ နာရီခွဲ အချိန် က မြေနီကုန်းမှဗိုလ်စိန်မှန်ကွင်း သို့လမ်းလျှောက်ဆန္ဒပြခြင်းဖြစ်...

အိုင်တီပစ္စည်း ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ ပြည်တွင်းကုမ္ပဏီ အမည်ခံ ရောင်းချနေ

 မြန်မာနိုင်ငံ၌ အိုင်တီ ပစ္စည်း ဖြန့်ဖြူးရောင်းချသည့် ပြည်ပကုမ္ပဏီအချို့သည် ပြည် တွင်းကုမ္ပဏီအမည်ခံပြီး ရောင်း ချနေသောကြောင့် အခွန်ဆောင် ရာတွင် နစ်နာမှုမရှိစေရေး ဆောင် ရွက်ရန်လိုအပ်နေကြောင်း မြန်မာ နိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အ သင်းတာဝန်ရှိသူက ပြောသည်။ ‘‘ဈေးကွက်အတွင်းမှာ အ ရေးကြီးတဲ့ကိစ္စတစ်ခုက နိုင်ငံခြား ကုမ္ပဏီတွေဟာ မြန်မာအမည်ခံ ပြီး လုပ်နေတာကို တွေ့နေရ တယ်။ အဲဒါကြောင့် အခွန်ဆောင် တဲ့အခါမှာ တန်းတူဖြစ်စေဖို့အ...

Sunday, July 27, 2014

တရုတ်နိုင်ငံသို့ အညာဆန်များ အဓိကတင်ပို့နေ

ဆန်ဂိုဒေါင်တစ်ခုတွင် တွေ့ရသည့် ဆန်အိတ်များ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)  ပြည်တွင်း၌ ဆန်ဈေး ဆက်တိုက် မြင့်တက်လာသော် လည်း တရုတ်ကုန်သည်များက ဈေးတိုးမပေးသဖြင့် မြန်မာပြည် အလယ်ပိုင်း (အညာဒေသ) မှဆန်များကိုသာ အဓိကထား တင်ပို့နေရကြောင်း မူဆယ် ဆန်စပါးလုပ်ငန်းအသင်းမှ  သတင်းရရှိသည်။ ‘‘အောက်ပိုင်းကဆန်တွေက ပြည်တွင်းမှာဈေးအရမ်းကြီးနေ တော့ မပို့နိုင်တော့ဘူး။ အလယ် ပိုင်းက  နွေဆန်တွေပဲ ...

မယ်စကြ၀ဠာ(မြန်မာ) ၂၀၁၄ ပြိုင်ပွဲ ကျင်းပပြီးစီး

ယွန်းမှီမှီကျော်၊ သျှားထွဋ်အိန္ဒြာ၊ ရွှေစင်ကိုကိုတို့အား ဆုလက်ခံရယူပြီး တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ) မယ်စကြ၀ဠာ(မြန်မာ) ၂၀၁၄ ပြိုင်ပွဲကို ဇူလိုင် ၂၆ ရက် ညက ပြုလုပ်ခဲ့ရာ ထိုင်းနိုင်ငံတွင် ကျင်းပသည့် Miss Myanmar Thailand Friendship ဆုရရှိသူ သျှားထွဋ်အိန္ဒြာကပင် မယ်စကြ ၀ဠာဆုရရှိခဲ့သည်။ မယ်စကြ၀ဠာ(မြန်မာ)ပြိုင် ပွဲကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြု...

စီးပွားရေးလုပ်ကိုင်ရန် အခက်ခဲဆုံးနိုင်ငံတွင် ပါဝင်နေခြင်း ယနေ့ ဆွေးနွေးအဖြေရှာမည်

မြန်မာနိုင်ငံသည် ကမ္ဘာ ပေါ်တွင် စီးပွားရေးလုပ်ကိုင်ရန် အခက်ခဲဆုံးနိုင်ငံစာရင်း ၀င်ခြင်း အဖြေရှာမည့် ဆွေးနွေးပွဲ ယနေ့ (ဇူလိုင် ၂၇ ရက်) တွင် မြန်မာ နိုင်ငံ  ကုန်သည်များနှင့်    စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း ချုပ်၌ ပြုလုပ်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။ အဆိုပါ ဆွေးနွေးပွဲသို့ သမ္မ တရုံးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင်နိုင်သိန်းနှင့် ဦးဝင်း မြင့်တို့ တက်ရောက်ကြမည်ဖြစ် ပြီး ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများလည်း တက် ရောက်မည်ဖြစ်ကြောင်း ကုန် သည်စက်မှုအသင်းချုပ် ဗဟိုအ လုပ်အမှုဆောင်တစ်ဦးက...

အာဖရိက အီဘိုလာရောဂါ အမေရိကန်ဆရာဝန်ကိုကူးစက်

အာဖရိကတောင်ပိုင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားနေသည့် အီဘိုလာ (Ebola) ရောဂါကို သွားရောက်ကုသပေးနေသည့် အမေရိကန်နိုင်ငံမှ အသက် ၃၃ နှစ်အ၇ွယ် ဒေါက်တာကန့်ဘရင်တီကို ယင်းရောဂါကူးစက်နေကြောင်း သိရသည်။ သူကိုယ်တိုင် ရောဂါကူးစက်သည့်လက္ခဏာများကို သတိပြုမိသဖြင့် သီးခြားခွဲထုတ်ထားသည့်အဆောင်သို့ ၀င်သွားပြီဟု သိရသည်။ အီဘိုလာရောဂါသည် အလွန်ကူးစက်လွယ်သည့်ရောဂါဖြစ်ပြီး ကူးစက်ခံရသူ ၉၀% မှာ သေဆုံးသည့်အထိ ပြင်းထန်သည်။ ယခုနှစ်ဆန်း...

ယဉ်ကျေးမှုနှင့်ဆန့်ကျင်သောအပြုအမူအတွက် ဗိုလ်တထောင်ရေပေါ်ဟိုတယ် သတိပေးခံရ

ဧည့်သည်ကိုကြိုဆိုနေသော ဗိုလ်တထောင်ရေပေါ်ဟိုတယ်မှဝန်ထမ်းများ ဗိုလ်တထောင်ရေပေါ် ဟိုတယ်တွင် ပုံမှန်ဟိုတယ်ဝန် ဆောင်မှုများထက်လွန်ကဲပြီး ရိုးရာယဉ်ကျေးမှုနှင့်ဆန့်ကျင်သောအပြုအမူများလုံးဝရပ်တန့်ရန် ဟိုတယ်တာဝန်ရှိသူများကို ဟိုတယ်/ခရီးဝန်ကြီးဌာနကခေါ်ယူ သတိပေးခဲ့ကြောင်း သတင်းရရှိ သည်။ ဟိုတယ်ခရီးဝန်ကြီးဌာနမှ လိုင်စင်ယူပြီး ဆောင်ရွက်နေ သော ဟိုတယ်များအားလုံး ရေပေါ်ဟိုတယ်ကဲ့သို့ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာသင်တန်းကျောင်း...

ဆန်းစစ်မှုများအောက်က မြန်မာသူဌေးကြီး ဦးတေဇ

ကိုယ်ပိုင်ရဟတ်ယာဉ်ပေါ်တွင်တွေ့ရသည့် ဦးတေဇ(ဓာတ်ပုံ − ဦးတေဇဖေ့စ်ဘွတ်ခ်) ‘‘သူတို့က ကမ္ဘာ့ပုလိပ်ကြီး လုပ်နေ တာလေ’’ မြန်မာသူဌေးကြီး ဦးတေဇ က ဆိုဖာနောက်ကို မှီချလိုက်ရင်း အမေရိကန်အစိုးရကို ပြစ်တင်ဝေ ဖန်လိုက်သည်။ သူထိုင်နေသည့် မိကျောင်းသားရေဆိုဖာပေါ်ကို သူမွေးထားသည့် ဝက်ဝံပေါက် လေးက ကုပ်တက်ဖို့ကြိုးစားနေ သည်။ အမေရိကန်နိုင်ငံက သူ့စီး ပွားရေးလုပ်ငန်းများကို တင်းကျပ်နေသည့်အပေါ်နှင့် အရာရှိများက သူ၏...

ရုရှားသမ္မတ ပူတင်ရဲ့ သမီး၊ နယ်သာလန်မှာနေတဲ့ အိမ်က တိမ်းရှောင်

မလေးရှားလေကြောင်းလိုင်း MH 17 ကို ယူကရိန်းအရှေ့ဘက် ရုရှားနယ်စပ်နားမှာ ဒုံးကျည်နဲ့ ပစ်ချခဲ့တဲ့ ကိစ္စနဲ့ ပတ်သက် ပြီး ရုရှားသမ္မတ ပူတင်ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲမှုတွေ ဆက်တိုက်ထွက်ပေးလာပြီး တဲ့နောက် နယ်သာလန်နိုင်ငံက သမီးဖြစ်သူ မာရီယာ ပူတင်နာဟာ သူ့အိမ်က တိမ်းရှောင် ထွက်ပြေး သွားပြီလို့ ဆိုပါတယ်။   ရုရှားသမ္မတ ပူတင်နဲ့ နယ်သာလန်မှာ နေထိုင်တဲ့ သမီး ဖြစ်သူ မာရီယာပူတင်နာ၊ ဓာတ်ပုံ- ရာဟူး နယ်သာလန်နိုင်ငံ အမ်စတာဒမ်လေဆိပ်ကနေ မလေးရှားနိုင်ငံ...

မန်ယူပရိတ်သတ် ဦးရဲထွဋ်နဲ့ ချဲလ်ဆီးကစားသမားဟောင်း ဖရန့်လမ်းပတ်ဒ်

သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် အမေရိကန်ပြည်ထောင်စုကို ရောက်နေ တာ အွန်လိုင်းလောကသားတွေက အသိဆုံးပါ။ ဦးရဲထွဋ်ဟာ အမေရိကားမှာ သင်တန်းတခု တက်ရောက် သင်ယူနေပါတယ်။   မန်ယူ ပရိသတ်တဦးဖြစ်သူ ဦးရဲထွဋ်နဲ့ အလယ်က ချဲလ်ဆီး အလယ်တန်းလူ ဖရန့်လမ်းပတ်ဒ်၊ ဓာတ်ပုံ- ဦးရဲထွဋ်ဖေ့စ်ဘုတ် ဇူလိုင်လ ၂၆ ရက်နေ့မှာတော့ ဦးရဲထွဋ်က စီအန်အန် ရုပ်သံ သတင်းဌာနကို လေ့လာရေးသွားစဉ်မှာ တချိန်က ချဲလ်ဆီး အလယ်တန်းလူ ဖရန့် လမ်းပတ်ဒ်နဲ့...

ခရီးသည် တဦး ခြိမ်းခြောက်လို့ ကနေဒါ လေယာဉ်အရေးပေါ် ဆင်းခဲ့ရ

သောကြာနေ့က ကနေဒါ နိုင်ငံ တိုရန်တိုမှာ လေယာဉ်အရေးပေါ် ဆင်းသက်ခဲ့ရမှုကြောင့် ခရီးသည်တဦး ဖြစ်တဲ့ ကနေဒါ လူငယ် ဖမ်းဆီးခံလိုက်ပါတယ်။ သူ့ကို လေယာဉ် ပေါ်မှာ ခြိမ်းခြောက်မှုလုပ်တဲ့ ကိစ္စအတွက် လည်း တရားစွဲဆိုခံရမှာဖြစ်ပါတယ်။  ကနေဒါ နိုင်ငံ တိုရန်တို လေဆိပ်ကနေ ပနားမားကို ဦးတည်ပျံသန်းတဲ့ ကနေဒါ လေယာဉ် Flight 772 ပေါ် မှာ ခရီးသည် တဦးဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် ကနေဒါ နိုင်ငံသား အလီရှာဟီက ခြိမ်းခြောက်ခဲ့လို့  ဝေဟင်မှာ F 16 တိုက် လေယာဉ် ၂ စင်း က လိုက်ပါ...

သက်ဆင်ရဲ့ မွေးနေ့မှာ ယင်လတ် ဘာလက်ဆောင် ပေးခဲ့လဲ

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ၆၅ နှစ်ပြည့်မွေးနေ့ပွဲကို မနေ့ ဇူလိုင်လ ၂၆ ရက်နေ့က ကျင်းပခဲ့တယ်။ အဲဒီ မွေးနေ့ပွဲမှာ ညီမဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စယင်လတ် ရှင်နာဝပ် က အကိုဖြစ်သူကို မွေးနေ့ လက်ဆောင်ပစ္စည်း တခုပေးပါတယ်။   ဓာတ်ပုံ- Khaosod   ယင်လတ်ရဲ့ သက်ဆင်အတွက် မွေးနေ့ လက်ဆောင်ကတော့ သက်ဆင်ရဲ့ ပုံတူ ရုပ်လုံးကြွ အနုပညာ လက်ရာပစ္စည်းတခု ဖြစ်ပါတယ်။  ထိုင်း လူမှု ကွန်ရက်တွေမှာတော့ ထိုင်းဝန်ကြီးချုပ်ဟောင်း...

ဒုက္ခသည်များအတွက် လူ့ဂုဏ်သိက္ခာရှိတဲ့ အိမ်ပြန်ချိန်ဖြစ်စေလို

 ဒုက္ခသည်များ နေရပ်သို့ ပြန်လည်ပို့ဆောင်ရေး ဆိုတဲ့ အသံကြောင့် လက်ရှိ ကရင်လူမှု အဖွဲ့အစည်းတွေ၊ ဒုက္ခသည်တွေ အကြား မှာ ပိုမိုရိုက်ခတ်မှု ရှိလာတာကို ကြားနေရတယ်။ ကရင်လူမှုအဖွဲ့အစည်းတွေက ဒုက္ခသည်တွေ ပြန်ဖို့ အချိန်မတန်သေးဘူးလို့ ပြောဆိုနေကြသလို စခန်းအတွင်းရှိ ဒုက္ခသည်ထုတွေကလည်း အာဏာပိုင်တွေ အတင်းပြန်ပို့မှာကို စိုးရိမ်ပူပန်နေကြတယ်။ ပြီးခဲ့သော ဇူလိုင်လ ၄ရက်နေ့က မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး...