ဒေသတွင်း ဈေးနှုန်းချိုချိုနဲ့ ခရီးသွားလာနိုင်ဖို့
ဝန်ဆောင်မှုပေးနေတဲ့ Air Asia ရဲ့ တိုးချဲ့လေကြောင်းလိုင်းက
တောင်ကိုရီးယားနိုင်ငံကို တိုက်ရိုက်ပျံသန်းမယ့် ခရီးစဉ်သစ်ကို ရန်ကုန်မှာ
ဇွန် ၁၆ရက်နေ့က မိတ်ဆက်လိုက်ပါတယ်။ ဘန်ကောက်-ဆိုးလ်ခရီးစဉ်ကို ဘာ့ကြောင့်
ရန်ကုန်မှာ လာမိတ်ဆက်တာလဲ။
မြန်မာပြည်ဟာ သမိုင်းဝင်နေရာတွေ၊ ရိုးရာဓလေ့တွေ ပေါကြွယ်ဝလို့
ထိုင်းအပါအဝင် အိမ်နီးချင်းနိုင်ငံတွေထက် ခရီးသွားလုပ်ငန်းမှာ
ကြီးမားတဲ့အခွင့်အလမ်းရှိနေတယ်လို့ Thai Air Asia X ရဲ့ CEO က ပြောပါတယ်။
နောက်တစ်ခုက မြန်မာပြည်ကနေ တောင်ကိုရီးယားသွားတဲ့ ခရီးသည်တွေ မနှစ်က
၃ထောင်ကျော်ရှိခဲ့တာလည်း ပါဝင်တယ်လို့ ဆိုပါတယ်။Airbus A330-300 အမျိုးအစား လေယာဉ်ဖြစ်ပြီး အထူးတန်း ၁၂ခုံ၊ ရိုးရိုးတန်း ၃၆၅ ခုံပါဝင်တဲ့ Thai Air Asia X ဟာ ဘန်ကောက် ဒွန်မောင်းလေဆိပ်ကနေ တောင်ကိုရီးယားကို စတင်ပျံသန်းမှာဖြစ်ပြီး စက်တင်ဘာကျမှ ဂျပန်နိုင်ငံ တိုကျိုနဲ့ အိုကာဆာတို့ကို ပျံသန်းမယ်လို့ ပြောပါတယ်။
Thai Air Asia X ဟာ ခရီးသွားတွေအနေနဲ့ ခရီးဆောင်အိတ်တွေ တစ်ကြိမ်ပဲ စစ်ဆေးခံရမှာဖြစ်သလို ဘန်ကောက်ရောက်ရင် တစ်ဆင့်ဗီဇာလျှောက်ဖို့ မလိုတာ၊ ဘန်ကောက် ဒွန်မောင်းလေဆိပ်မှာ လေဆိပ်ခွန်ဆောင်ဖို့ မလိုတဲ့ ဝန်ဆောင်မှုတွေ ရမယ်လို့ ဆိုပါတယ်။
စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် နိုင်ငံရေးတည်ငြိမ်မှုက အရေးပါတဲ့အကြောင်း၊ ထိုင်းနိုင်ငံရေး မငြိမ်သက်မှုတွေကြောင့် လေကြောင်းလိုင်းနဲ့ ခရီးသွားလုပ်ငန်းတွေ ကျဆင်းပြီး ထိုင်းနိုင်ငံစီးပွားရေး ထိခိုက်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
0 comments:
Post a Comment