အငြိမ်းစားတွေအများစုကတော့
သူတို့ ရဲ့ အသက် ၉၀ ပြည့်မွေးနေ့ ကို တိတ်ဆိတ်နေတဲ့မိသားစုပါတီလေး တစ်ခုနဲ
့ပဲ ဖြတ်သန်းကြရပါတယ်။ ဒါပေမယ့် အမေရိကန်သမ္မတဟောင်း George Bush ကတော့
Skydive နဲ့  အသက် ၉၀ ပြည့်မွေးနေ့ ကို ဆင်နွှဲခဲ့ပါတယ်။
လူစွန့် စားသမ္မတဟောင်းကို စစ်တပ်လေထီးခုန်အဖွဲ့ ရဲ့ အဖွဲ့ ဝင်ဟောင်းတစ်ဦးကိုယ်မှာ ပူးချည်ပြီး ရဟတ်ယာဉ် တစ်စီးပေါ်က ခုန်ချခဲ့တာဖြစ်ပါတယ်။ ဒီ ကောင်းကင်ဒိုက်ဗင်ကို နယူးအင်္ဂလန်ဒေသ၊ Maine ပြည်နယ်မှာ ပြုလုပ်ခဲ့တာပါ။
၄၁ ဆက်မြောက်အမေရိကန်သမ္မတဟာ ရဟတ်ယာဉ်ပေါ်ကနေ အလွတ်ခုန်ချပြီးနောက် အမေရိကန်နိုင်ငံ ကိုယ်စားပြု အနီ၊အဖြူနဲ့ အပြာ စင်း အလံကို အသုံးပြုပြီး မြေပြင်ကို အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။
Bush 41 တစ်ယောက် မြေပြင်ကို ရောက်ရောက်ချင်းပဲ အသက် ၈၉ နှစ်အရွယ် ဇနီးသည် Barbara Bush က အနမ်းနဲ့ ဂုဏ်ပြုကြိုဆိုခဲ့ပြီး သားဖြစ်သူ အမေရိကန်သမ္မတဟောင်း George W Bush အပါအ၀င် တခြား မိသားစုဝင်အယောက် ၂၀၀ လောက်က ၀ိုင်းဝန်းဂုဏ်ပြုခဲ့ကြပါတယ်။
George W Bush ဟာ သူ့ ရဲ့ Instagram စာမျက်နှာမှာ ဖခင် လေထီးခုန်တဲ့ ဗီဒီယိုကို တင်ခဲ့ပြီး နောက် သားအဖနှစ်ယောက် ပျော်ရွှင်နေတဲ့ပုံကိုလည်း အောက်ပါအတိုင်းရေးသားပြီး တင်ခဲ့ပါတယ်။
“ ဒီလူကြီးအတွက် ဘုရားသခင်ကို ကျေးဇူးတင်မိပြီး လေထီးတပ်သားဟောင်းအဖွဲ့ စု ကိုလည်း အန္တရာယ်ကင်းကင်းဆင်းသက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ဒါဟာ George H.W.Bush အတွက် လေယာဉ်ပေါ်က ခုန်ချမှု ရှစ်ကြိမ်မြောက်လည်း ဖြစ်ပါတယ်။ Bush 41 ရဲ့ ပထမဆုံးအကြိမ် ခုန်ဆင်းမှုကတော့ ဒုတိယကမ္ဘာစစ်အတွင်းက သူရဲ့လေယာဉ် ပစ်ချခံရပြီးနောက် ခုန်ဆင်းခဲ့မှု ဖြစ်ပါတယ်။
Ref: Metro.co.uk
Angel

0 comments:
Post a Comment