Saturday, June 14, 2014

မိန်းမ၀ါဒဟာ စိတ်ဝင်စားစရာကောင်းတဲ့ အယူအဆတစ်ခုမဟုတ်ပါဘူး လို့ပြောလိုက်တဲ့ Lana Del Rey

West Coast သီချင်းရဲ့အဆိုတော်ဟာ မိန်းမ၀ါဒကို စိတ်ဝင်စားစရာကောင်းတဲ့ အယူအဆတစ်ခုလို့မထင်ကြောင်းနဲ့ လူတွေက သူမနဲ့ အဲဒီ့အကြောင်းစပြောတဲ့အခါ မကြာခဏ ပျင်းမိကြောင်းပြောပါတယ်။
Fader နဲ့ပြောဖြစ်တုန်းက သူမက ‘ကျွန်မအတွက်တော့  မိန်းမ၀ါဒဟာ စိတ်ဝင်စားစရာကောင်းတဲ့ အယူအဆတစ်ခုမဟုတ်ပါဘူး။ လူတွေ မိန်းမ၀ါဒအကြောင်းပြောတဲ့အခါ ကျွန်မဖြင့် ဘုရားရေ။ ငါဒါကိုစိတ်မ၀င်စားပါဘူး။ ငါက SpaceX, Tesla နဲ့ ကျွန်မတို့ကြယ်စင်အစုအဝေးနဲ့မှာ ဖြစ်လာမယ့် ဖြစ်နိုင်ချေတွေ ကိုပိုပြီးစိတ်ဝင်စားပါတယ်’ လို့ပြောပါတယ်။  စစ်မှန်တဲ့မိန်းမ၀ါဒီတစ်ယောက်ရဲ့အယူအစကတော့ သူမလုပ်ချင်တာလုပ်ဖို့နဲ့ ပြောချင်တာကိုပြောဖို့ လွတ်လပ်တယ်လို့ ခံစားရတဲ့သူတစ်ယောက်ပါလို့ဆက်ပြောသွားပါတယ်။ ဒါပေမယ့် သူမလို စိတ်ဓာတ်ခိုင်မာတဲ့အမျိုးသမီးတွေဖြစ်ကြတဲ့ သူမနဲ့ Shailene Woodley တို့က မိန်းမ၀ါဒနဲ့မပါတ်သတ်လိုတာတော့ စိတ်ဝင်စားဖို့ကောင်းနေတာဖြစ်ပါတယ်။
Lana ဟာသူမရဲ့စတူဒီယို album အသစ် Ultracviolence ကိုဒီလထဲထုတ်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ အဲဒီ့ album ရဲ့ title သီချင်းကိုလဲမနေ့က စတင်မိတ်ဆက်ခဲ့ပါတယ်။
သီချင်းကိုအောက်က link မှာနားထောင်နိုင်ပါတယ်။
Ref:marieclaire.com

0 comments:

Post a Comment