
‘‘အဓိကက ဆရာတော်တွေကို အတင်းအဓမ္မ ဖမ်းဆီးတာကို ဆန္ဒပြတာပါ။ ဆန္ဒပြတာကို ဒီတစ်ပတ်လုံး မြန်မာ သံရုံးရှေ့မှာ လုပ်သွားမယ်။ နိုင်ငံခြားရေးရုံးမှာလည်း အခြေအနေကို သွားရောက်တွေ့ဆုံပြောသွားမယ်။ အင်္ဂလန် ဆရာတော် အပါအ၀င် သံဃာလေးပါးကို ပြန်လွှတ်ပေးဖို့ တောင်းဆို သွားမယ်’’ ဟု မဥမ္မာဦးက ပြောသည်။
အဆိုပါ ဆရာတော်များ ဖမ်းဆီးလူဝတ်လဲခံရမှုနှင့် ပတ်သက်၍ မြန်မာပြည်သူများကလည်း သာသနာရေးဝန်ကြီးဌာနအား အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်အား တိုင်းသံဃနာယကဆရာတော်များ ဦးဆောင်၍ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးကာ ဇွန်လ ၁၀ ရက် ည ၁၁ နာရီတွင် ၀င်ရောက် စီးနင်း၍ ကျောင်းတိုက်ရှိ သံဃာတော်များကိုဖယ်ရှားကာ ကျောင်းတိုက်ကို ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်။

0 comments:
Post a Comment