Saturday, June 14, 2014

တစ်ကိုယ်တော်ခွေကို ၉လပိုင်းအမီထွက်ဖို့ ပြင်ဆင်နေပြီလို့ဆိုတဲ့ မေ

ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ သရုပ်ဆောင်အနုပညာရှင်တော်တော်များများဟာဖြင့် ဂီတဖက်ကိုပါ တွဲဖက်လုပ်ကိုင်နေကြတာ ဒုနဲ့ဒေးပါပဲ။ အနုပညာရှင်အများကြီးထဲမှာမှ မေဆိုတဲ့ သူမကလဲ ခုဆိုရင် ဂီတနဲ့ပတ်သတ်ပြီး သီချင်းခွေပါ လုပ်နေပြီမို့ သူမရဲ့
တစ်ကိုယ်တော်ခွေနဲ့ပတ်သတ်ပြီး တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာကတော့ “ပြင်ဦးလွင်က ပြန်လာတယ်။ ခု တစ်ကိုယ်တော်ခွေလေး လုပ်နေတယ်။ ၉လပိုင်းအကုန်လောက် ထွက်ဖို့မှန်းထားတယ်။ Pop ပါတယ်။ R&Bပါမယ်။ slow rock ပုံစံလေးတွေ ပါမယ်။ တေးရေးတွေက ဦးရွှေဂျော်ဂျော်၊ ကိုဇ၀ါ၊ ရေမွန်၊ဘန်နီဖြိုးပါမယ်။နောက်တစ်ခြား အသစ်တွေလဲပါဦးမယ်။ Featuring မပါဖို့များမယ်။ သီချင်းကတော့ ခံစားချက်အစုံကို မျှပြီးတော့ ထည့်ရမှာပေါ့နော်။ ဒါပေမဲ့ ပရိသတ် အကြိုက်ဖြစ်မဲ့ သီချင်းလေးတွေကို ပထမဦးဆုံး Album ဖြစ်တဲ့အတွက် များများ ပိုထည့်ပေးရမှာပေါ့။ အခွေလုပ်ဖြစ်တာကတော ညီမအစောကြီးကတည်းက အရမ်းလုပ်ချင်တာ။ သူများတွေက တိုက်တွန်းကြတယ်။ ညီမက အကြောင်းအမျိုး မျိုးကြောင့် မလုပ်ဖြစ်တာ။ အမှန်ဒီအခွေက နောက်နှစ်ထိ အချိန်ဆွဲပြီး လုပ်လို့ရတယ်။ အဲဒါကို ကိုယ်က ဒီ၉လပိုင်းမှာ အမှီထွက်ချင်လို့ကို target ထားလိုက်တာ။ ဒီဝါမကျွတ်ခင်ကို ထွက်ချင်လို့ကို မြန်မြန်လုပ်နေတာ။ SIR entertainment နဲ့တွဲပြီး သေချာလုပ်နေပါတယ်။ ခုက လက်ထဲကို သီချင်းတွေရောက်နေပြီ။ ၉လပိုင်းအကုန်ကို မှီအောင်ထွက်မယ်။ ပါဝင်မှာက ၁၂ ပုဒ်၊ ပေါ့။ ၂ဖက်လုံးကို မျှပြီးလုပ်သွားပါမယ်။”လို့ သူမကပြောပါတယ်။
သရုပ်ဆောင်ရော အဆိုတော်ဘက်ပါ မျှပြီးလုပ်သွားမယ်လို့ဆိုတဲ့ မေက “အဆိုတော်ဆိုတာကလဲ အရမ်းကို ၀ါသနာပါတဲ့အလုပ်မို့လို့ ၂ခုလုံးကို မျှပြီး လုပ်သွားမှာပေါ့နော်။ ရပ်တည်မှုအတွက် လုပ်တာမဟုတ်ဘူး။ အကောင်းဆုံး မဖြစ်တောင် ကြိုးစားနေတယ်ပေါ့။ စီးပွားရေးအရဆို လွန်ခဲ့တဲ့ ၄နှစ်လောက်ကတည်းက လုပ်ခဲ့တယ်။ အဲဒီလို အပြောခံရမှာစိုးလိုလဲ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်ခဲ့တာပါ။ မိုးရာသီနဲ့ပတ်သတ်တဲ့ စိတ်ခံစားချက်က အိမ်ထဲမှာနေရင် ကြိုက်တယ်။ အပြင်ထွက်ရရင် မကြိုက်ဘူး။ စိုစွတ်စွတ်နဲ့မို့လို့လေ။ ကလေးဘ၀မဟုတ်တောင်အပျိုဘ၀မရောက်သေးတဲ့ချိန်ထိပျော်တယ်။ မိုးရွာထဲမှာ လမ်းလျှောက်ရတာလေးတွေကတော့ အမှတ်တရပေါ့။ ခုကတော့ အဲလိုမလျှောက်ရတဲ့အတွက် ပြန်သတိရမိပါတယ်”တဲ့။
Trend

0 comments:

Post a Comment