Monday, June 16, 2014

ညှို့အားပြင်းမင်းသမီး Scarlett Johansson နဲ့ ၀ါရင့်မင်းသားကြီး Morgan Freeman တို့ပါဝင်သရုပ်ဆောင်ထားတဲ့ စူပါဟီးရိုးဇာတ်ကားသစ် ‘Lucy’


ရာဇ၀တ်သမားတွေ၊ လမ်းပေါ်က လူဆိုးဂိုဏ်းတွေ၊ မူးယစ်ဆေးဆွဲနေသူတွေနဲ့ အကျင့်ပျက်ရဲတွေရဲ့ ကမ္ဘာမှာဖြစ်ပါတယ်။ ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့ Lucy (Scarlett Johansson) ဟာ ရာဇ၀တ်သမားတစ်စုရဲ့ မူးယစ်ဆေး ကုန်ကူးသူတစ်ယောက်အဖြစ် မဖြစ်မနေ အလုပ်လုပ်ရသူပါ။ သူမရဲ့ခန္ဓာကိုယ်ထဲသွင်းမိတဲ့ မူးယစ်ဆေးဟာ သူမရဲ့ ခန္ဓာကိုယ်အလုပ်လုပ်ဆောင်မှုစနစ်ထဲ မရည်ရွယ်ဘဲစိမ့်ဝင်သွားပြီး သူမကို စူပါလူသားအဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်။ ဦးနှောက်ရဲ့ သာမန်စွမ်းဆောင်ရေ ၁၀ ရာခိုင်နှုန်းထက်ပိုပြီး အသုံးချနိုင်တဲ့အတွက် ဗဟူသုတတွေကို ချက်ချင်းပဲ မှတ်မိနိုင်၊ အရာဝတ္ထုပစ္စည်းတွေကို စိတ်နဲ့ရွေ့လျားအောင်ပြုလုပ်နိုင် ပြီး နာကျင်မှုနဲ့ အခြားမသက်မသာဖြစ်မှုတွေ မခံစားရတော့တာဖြစ်ပါတယ်။
Lucy ဟာ အင်္ဂလိပ်စကားပြောပြင်သစ် စူပါဟီးရိုးဇာတ်ကားဖြစ်ပြီး Luc Besson နဲ့ Europacorp တို့က ဒါရိုက်တာအဖြစ်ရိုက်ကူးထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေအဖြစ် ၀ါရင့် နာမည်ကြီးသရုပ်ဆောင် တွေဖြစ်တဲ့ Scarlett Johansson, Morgan Freeman, Chot Min-sik, Amr Waked, Pilou Asbaek, Mason Lee တို့ပါဝင်ထားပါတယ်။ ဇူလိုင်လ ၂၅ ရက်နေ့ထွက်မှာပါ။

Ref:wikipedia.org

0 comments:

Post a Comment