
Lady
Gaga ရဲ့ ပေါင်မှာ Unicorn ရုပ်တင်ပေးခဲ့တဲ့ North Star Tattoo စတူဒီယိုက
နယူးယောခ့်မြို့ အခြေစိုက် တက်တူးဆရာမ Becca Roach က တက်တူးတစ်ခု
မထိုးခင်သိထားသင့်တဲ့ အရေးကြီးအချက်တွေကို မျှဝေပေးခဲ့ပါတယ်။
ဆက်ရန်
Ref: cosmopolitan.com
၁။ တက်တူးတစ်ခု ရှာတဲ့အခါ Google ဒါမှမဟုတ် Pinterest တွေ အသုံးမပြုပါနဲ့ 
တကယ်လို့ ခင်ဗျားရဲ့ တက်တူးကို တခြားလူတွေဟာနဲ့ တူချင်တယ်ဆိုရင်တော့ သုံးပေါ့ဗျာ။ ငှက်မွှေးပုံ တက်တူးတွေ က အများကြီးနော်။
၂။ စိတ်ကူးစိတ်သန်းတွေရဖို့ ဒါမှမဟုတ် စိတ်ကြိုက်တက်တူးဆရာ ရဖို့ အတွက် Instagram တို့ Facebook တို့ မှာ မွှေနှောက်ရှာကြည့်ပါ
တက်တူးဆရာအများစုက
သူတို့ ရဲ့ Instagram ၊ Facebook တွေအသုံးပြုပြီး သူတို့ ရဲ့ မကြာသေးမီက
ထိုးပေးလိုက်တဲ့ လက်ရာတွေ၊ သူတို့ ဂုဏ်အယူဆုံးလက်ရာတွေကို တင်တတ်ပါတယ်။
တကယ်လို့ ခင်ဗျား အာရုံအကျဆုံး တက်တူးဆရာကို တွေ့ ပြီ ဒါပေမယ့် ဘာထိုးလို
့ထိုးရမှန်းမသိသေးဘူးဆိုရင်တော့ သူတို့ ဆီ အရောက်သွားပြီး သူတို့ ရဲ့
အကြံဥာဏ်တောင်းပါ။ တက်တူးဆရာအများစုဟာ သူတို့ ကိုယ်ပိုင်ရေးဆွဲထားပြီး
လူတွေကိုယ်ပေါ် အရမ်းထိုးပေးချင်နေတဲ့ ဒီဇိုင်းပုံစံတွေ အများကြီးရှိပါတယ်။
၃။
တကယ်လို့ ခင်ဗျားဟာ နှုတ်ခမ်းနီတောင့် ဒါမှမဟုတ် eyeshadow တစ်ခုခုနဲ
့ဓာတ်မတည့်ဘူးဆိုရင် တက်တူးနဲ့ ဓာတ်မတည့်မှုလည်း ရနိုင်ပါတယ်။
တက်တူးဆေးမှင်တွေမှာပါတဲ့
ပါဝင်ပစ္စည်းတွေကို တစ်ခါတစ်ရံ တစ်ချို့ မိတ်ကပ်ဖော်မြူလာတွေမှာလည်း တွေ့ 
ရပါတယ်။ တကယ်လို့ အရင်က သင်ဟာ eyeshadow မှာပါဝင်တဲ့
ရောင်ခြယ်ပစ္စည်းတစ်ခုနဲ့  ဓာတ်မတည့်မှု တစ်ခုခု ဖြစ်ခဲ့မယ်ဆိုရင်
အရေပြားဆရာဝန်ဆီသွားပြီး ဘယ်လို ဆေးမှင်မျိုးကို ရှောင်ကြဉ်သင့်သလဲ
သိရအောင်လို့ စမ်းသပ်မှုတွေ ခံယူသင့်ပါတယ်။
၎။ နာမည်အကြီးဆုံးတက်တူးဆရာတွေမှာ စောင့်နေတဲ့လူအများကြီး
လူသိများတဲ့တက်တူးဆရာတွေမှာ
တစ်နှစ် ဒါမှမဟုတ် အဲ့ထက်ပိုတဲ့အချိန် လောက်အောင် စာရင်းပေးထားတဲ့ လူတွေ
ရှိတတ်ပါတယ်။ တကယ်လို့ အဲ့တက်တူးဆရာမှ အဲ့လူပဲလို့ သင်ဖြစ်နေတယ်ဆိုရင်တော့
စောင့်ပေတော့။ ဒါမှမဟုတ်လည်း အဲ့လောက်အရည်အချင်းရှိတဲ့ သိပ်မပေါက်တဲ့
တက်တူးဆရာတစ်ယောက် ထပ်ရှာပေါ့။ ဒီနည်းနဲ့ ငွေတောင် တော်တော်သက်သာအုန်းမယ်။
၅။ တခြားစီးပွားရေးလုပ်ငန်းတွေနဲ့ မတူတာက တက်တူးဆရာဆိုတာ သူတို့ မထိုးချင်ရင် ထိုးပေးမှာမဟုတ်ဘူး
စိတ်ထဲသိပ်မကြည်ဘူးကွာ
ဆိုတဲ့ အကြောင်းပြချက်လေးနဲ့ တင် တက်တူးဆရာတွေဟာ ဖောက်သည်ကို
နှင်ထုတ်နိုင်တယ်။ သူတို့ ဘယ်သူနဲ့ အလုပ်လုပ်ချင်လဲဆိုတာ သူတို
့ရွေးနိုင်တဲ့ စီးပွားရေးကို ကောင်းကောင်း လည်ပတ်နေတဲ့လူတွေပေါ့။
၆။ တက်တူးလက်ရာကောင်းတစ်ခုက ဈေးမပေါဘူး။ ဈေးပေါတဲ့တက်တူးက လက်ရာမကောင်းဘူး။
တက်တူးတစ်ခုရဲ့
ဈေးနှုန်းက သူရဲ့အရွယ်အစား၊ ဘယ်နေရာမှာထိုးမှာလဲဆိုတာ၊ နဲ့ တက်တူးဆရာအပေါ်
မူ တည်ပါတယ်။ ပုံမှန်အားဖြင့်တော့ တက်တူးအလန်းတစ်ခုကတော့ ခင်ဗျားအတွက်
ငွေကုန်ကြေးကျများမှာပဲ။ ဒီဇိုင်းသေးသေးလေးတစ်ခုအတွက် ဒေါ်လာ ငါးဆယ် ကနေ
စရှိနိုင်ပြီး အားစိုက်ထုတ်ရမယ့်လက်ရာတွေ အတွက် ပိုကုန်လိမ့်မယ်။
၇။ ဈေးတော့ ဆစ်လို့ မရဘူးနော်။
တက်တူးတစ်ခုအတွက်
တက်တူးဆရာသတ်မှတ်တဲ့ ဥာဏ်ပူဇော်ခကို ခင်ဗျားသွားပြီး ဈေးဆစ်လို့ မရဘူး။
စူပါမားကတ်က အရောင်းဝန်ထမ်းတွေကို သွားပြီး ဈေးဆစ်မရသလိုပဲ။
၈။ တက်တူးမထိုးခင် ဆိုင်ကို သွားကြည့်ဦး။
နေရာက
သန့် ပြန့် ရဲ့လား။ ဆိုင်နံရံမှာ လက်ရာကောင်းတွေ ရှိရဲ့လား။
ဝန်ထမ်းတွေကကော ဖော်ရွေရဲ့လား။ ပြီးရင်တော့ တက်တူးဆရာနဲ့ ဈေးနှုန်းတွေ
တခြားမေးမြန်းစရာလေးတွေအတွက် ဆွေးနွေးဖို့ အချိန်ယူပေါ့။
၉။ ဆက်ဆံရေးလည်းကောင်းဦးမှ တက်တူးကောင်းတစ်ခုကလည်း ထွက်တာ။
သိပ်မရှက်နဲ
့။ တက်တူးအိုင်ဒီယာအများစုဟာ ထိုးမယ့်လူနဲ့ တက်တူးဆရာကြားက ချိတ် ပဲ။
ကိုယ် အပြောင်းမလဲ မဖြစ်စေချင်တဲ့ တက်တူး ပုံအပိုင်း နဲ့ ဘယ်နေရာတွေကတော့
သိပ်အရေးမကြီးဘူး ကို တက်တူးဆရာကို အသိပေးပါ။ ဆံပင်ညှပ်သလိုပေါ့။ တော်ကီ
သိပ်မပွားဘူးဆိုရင် ခင်ဗျား မလိုချင်တဲ့ ကေကြီး ရလိမ့်မယ်။ ဒါပေမယ့်
ဆံပင်ကေလိုမဟုတ်ဘူးနော်။ ကေ ကပုံတုန်းရင် ပြန်ရှည်လာလိမ့်မယ်။ တက်တူးကတော့
ပြင်လို့ မရဘူး။
၁၀။ စာလုံးတွေ တက်တူးထိုးမယ်ဆိုရင် စာပြန်စစ်။
တက်တူးထိုးဖို
့တစ်လျှောက်လုံးကို ကြည့်နေရမှာ သိပ် စိတ်မခြောက်ချားနဲ့ ။ အသေးစိတ်
အာရုံစိုက်ဖို့ လည်း မမေ့နဲ့ ။ ပုံကြမ်းဆွဲတဲ့ အဆင့်နဲ
့ကာဗွန်ကပ်တဲ့အဆင့်တွေမှာ ခင်ဗျားနဲ့ တက်တူးဆရာတို့ ဟာ တက်တူးကို
ပြင်ဆင်မှုတစ်ချို့  လုပ်ရနိုင်တယ်။ ပြင်ဆင်တဲ့အဆင့်တိုင်းမှာ
စာလုံးပေါင်းကို သေချာစစ်။ ဘယ်သူကတော့ စာလုံးပေါင်းအမှားကြီး ရချင်မလဲ။ဆက်ရန်
Ref: cosmopolitan.com
0 comments:
Post a Comment