Monday, June 16, 2014

ရှုးတွေ၊ heel တွေနဲ့ ခြေစွပ်ကို တွဲဖက် ဆင်မြန်းတဲ့အခါ

နိုင်ငံတကာ ပွဲတက်ဖက်ရှင်တွေမှာရော၊ ထသွားထလာဖက်ရှင်တွေမှာပါ တွေ့လာရတဲ့ ရှုးဖိနပ်တွေ၊ Heel တွေ စီးတဲ့အခါ ခြေစွပ်ခံစီးတဲ့ဖက်ရှင်မျိုးဟာ ခုနောက်ပိုင်းတော်တော်လေး ခေတ်စားလာခဲ့ပြီမို့ ဘယ်လိုဖိနပ်မျိုးတွေကို  ခြေအိပ်တွေနဲ့ တွဲဖက်စီးနိုင်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။
၁။ပွဲတက်ဒေါက်မြင့်ဖိနပ်တွေနဲ့ ခုလို တွဲစီးလို့ရပါတယ်။ ပါတီပွဲ၊ ဒါမှမဟုတ် ဒင်နာသွားရမှာမို့ ကိုယ့်ဖိနပ်ကို သူများတွေနဲ့ကွဲမှန်း သိသာစေချင်တာမျိုးပဲဖြစ်ဖြစ်၊ ဒီမှာတွေ့ရနည်းတဲ့ပုံစံမို့ ကိုယ်ကအရင်ဆုံး တွဲစီးသွားချင်တယ်ဆိုရင်တော့ ကိုယ့်ဒေါက်မြင့်ဖိနပ်အရောင်နဲ့ လိုက်ဖက်မှုလည်းရှိမယ်၊ ဒီဇိုင်းပါတဲ့ ခြေအိပ်အမိုက်စားလေးတွေနဲ့ တွဲစီးသွားလိုက်ပါ။ ဘာဒီဇိုင်းမှ မပါတဲ့ ခြေအိတ်ဗြောင်တွေနဲ့တော့ ဒီဖိနပ်ဒီဇိုင်းတွေက အဆင်ပြေမှာ မဟုတ်ဘူးနော်။

၂။Peep -Toe Heelလို့ခေါ်တဲ့ ခြေချောင်းထိပ်လေးတွေ ပေါ်နေတဲ့ Heel အမြင့်စားတွေနဲ့ဆိုရင်တော့ ပုံမှာပြထားသလို ခြေအိတ်ဗြောင်လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ ခြေအိတ်က ဖိနပ်ထက် နည်းနည်းအမြင့်ဆွဲဝတ်ထားဖို့ လိုပါတယ်။

၃။ပုံမှာပြထားတဲ့ Fisherman Sandal တွေကိုတော့ အနက်ရောင်ခြေအိတ် ဒါမှမဟုတ် အနက်ရောင်ဒီဇိုင်းပါတဲ့ ခြေအိတ်မျိုးလေေးတွနဲ့ တွဲဝတ်ပါ။ ဖိနပ်ကာလာနဲ့ သိပ်မကွာတဲ့ ကာလာကို ရွေးချယ်ပါ။

၎။Exposed Foot Sandal တွေကိုလည်း ကိုယ်ကြိုက်နှစ်သက်ရာ ခြေအိတ်တွေနဲ့ တွဲစီးလို့ရပါတယ်။

၅။ကိုယ်စီးနေကျ boot တွေ၊ sneaker တွေကိုလည်း ခြေအိတ်အတို၊ အရှည်တွေနဲ့ တွဲစီးနိုင်တယ်နော်။


Ref:luckymag.com

0 comments:

Post a Comment