Thursday, June 12, 2014

တရုတ်ပန်ဒါလေးများက ရေဘ၀ဲပေါလ်အစား ဘရာဇီးကမ္ဘာ့ဖလားဘောလုံးပွဲစဉ်များကို ခန့် မှန်းပေးသွားမည်

ဒီတစ်ခါ ၂၀၁၄ ကမ္ဘာ့ဖလားမှာ နာမည်ကြီးလာမယ့်အကောင်ကတော့ ချစ်စရာကောင်းတဲ့ တရုတ်နိုင်ငံက ပန်ဒါလေးတွေပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲကာလတစ်လျှောက် ပွဲစဉ်တွေရဲ့ ရလဒ်ကို ဒီပန်ဒါလေးတွေက ခန့် မှန်းပေး သွားမယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ရေဘ၀ဲပေါလ်က ကမ္ဘာ့ဖလားပွဲစဉ်အများစုကို မှန်ကန်စွာ ခန့်  မှန်းပေးနိုင်မှုကြောင့် ကမ္ဘာကျော်ခဲ့ရပါတယ်။ ဒီတစ်ခါမှာတော့ သေဆုံးသွားပြီဖြစ်တဲ့ ပေါလ်နေရာမှာ ပန်ဒါလေး တွေကို တွေ့ မြင်ရလိမ့်မယ်လို့ သိရပါတယ်။
ပြည်နယ်မီဒီယာတွေရဲ့ အဆိုအရ ဘရာဇီးကမ္ဘာ့ဖလားပွဲစဉ်တစ်ခုလုံးရဲ့ ပြိုင်ပွဲရလဒ်တွေကို ခန့် မှန်းပေးဖို့  အတွက် ဖိတ်ခေါ်ကမ်းလှမ်းမှုကို တရုတ်နိုင်ငံ၊ Sichuan ခရိုင်နယ်က အမည်မဖော်ပြထားတဲ့ကလပ်တစ်ခုက လက်ခံခဲ့တယ်လို့ သိရပါတယ်။
ဘရာဇီးကမ္ဘာ့ဖလားကို ကျင်းပဖို့ တစ်ပါတ်လောက်သာ လိုတော့ပြီး ပန်ဒါလေးတွေက ပေါလ်ရဲ့ သရဖူကို အရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဒီပန်ဒါလေးတွေဟာ ပွဲစဉ်တစ်ခုမှာ ဘယ်အသင်း အနိုင် ရမလဲဆိုတာကို သက်ဆိုင်ရာနိုင်ငံအလံတွဲချည်ထားတဲ့ သစ်ပင်ပေါ် တက်ပြပြီး ခန့် မှန်းပေးသွားမှာဖြစ်တယ် လို့ သိရပါတယ်။ သစ်ပင်ပေါ်မှာ အစာထည့်ထားတဲ့ခြင်းတွေနဲ့ ပန်ဒါလေးတွေကို မျှားခေါ်မှာဖြစ်ပါတယ်။
ရေဘ၀ဲပေါလ်တုန်းကတော့ ကမ္ဘာ့ဖလားပွဲစဉ် နောက်ဆုံးဗိုလ်လုပွဲအပါအ၀င် ရှစ်ပွဲတိတိ မှန်ကန်အောင် ခန့်  မှန်းပေးနိုင်ခဲ့ပါတယ်။ ပေါလ်ဟာ ၂၀၁၀  ခုနှစ် အောက်တိုဘာလမှာ သဘာဝအလျောက် သက်တမ်းပြည့် သေဆုံးခဲ့ပါတယ်။

ရေဘ၀ဲပေါလ်
Ref: Metro.co.uk

0 comments:

Post a Comment