Thursday, June 12, 2014

Amish လူမျိုးရဲ့ နှစ်သိမ့်စကား


Amish လူမျိုးရဲ့ နှစ်သိမ့်စကားပျားပန်းခတ် လှုပ်ရှား နေတဲ့မြို့ပြမှာ နေထိုင်ပြီး သက်တောင့် သက်သာ ရှိတဲ့ ဘဝကို နေ့စဉ်ဖြတ်သန်း နေကြတဲ့ ကျွန်မတို့ဟာ ဆင်းရဲတဲ့ ဒေသမှာ နေထိုင် သူတွေကို သွားရောက်ဂ ရုစိုက်သင့် တယ်လို့ ထင်ခဲ့ကြတယ်။ ဒါကြောင့် ကျွန်မတို့ သူငယ်ချင်းဆွေမျိုး တစ်သိုက်ဟာ အမေရိကန် ပြည်ထောင်စု Pennsylvania ပြည်နယ်မှာ ရှိတဲ့ Lancasterမြို့နယ်က ဒေသတစ်ခုမှာ ဘဝအတွေ့ အကြုံကို ခံစားဖို့ သွားရောက်ခဲ့ကြ ပါတယ်။ အဲဒီဒေသမှာ လူအများနဲ့ မတူတဲ့
လူမျိုးတစ်စု နေထိုင်ကြလို့ဖြစ်တယ်။ သူတို့ဟာ Amish လူမျိုးစုဖြစ်ပြီး နည်းပညာဖွံ့ဖြိုး တိုးတက်တဲ့ ယနေ့ခေတ်မှာ သူတို့ဟာ ရိုးရှင်းသာမန်တဲ့ ဘဝနဲ့ပဲ နေထိုင်နေကြလို့ဖြစ် ပါတယ်။
ပထမဦးဆုံး ခရီးသွား လာရေး ဌာနရဲ့အကူအညီရဲ့ Chrisလို့ခေါ်တဲ့ အဲဒီဒေသခံ ခရီးလမ်းညွှန်တစ်ဦးနဲ့ ကျွန်မတို့ဆက်သွယ် ခဲ့ပါတယ်။ Chrisက လိုလိုလားလားပဲ ကျွန်မတို့ရဲ့အကူအညီ ကိုလက်ခံပြီး ခရီး တစ်လျှောက်လုံး ကျွန်မတို့ကို ဂရုစိုက်စောင့်ရှောက်မယ်လို့ ဆိုပါတယ်။ ခရီးမထွက်ခင် Chrisနဲ့ သူရဲ့ Amishလူမျိုးအတွက် မြို့ပြကလက်ဆောင်တွေကို ကျွန်မတို့ဝယ်ယူခဲ့ကြတယ်။ ခေါင်းလျှော်ရည်၊ ကိုယ်တိုက်ဆပ်ပြာ၊ အလှပြင်ပစ္စည်းတွေ… ပြီးတော့ အသားဆီသွပ်ဘူး အမျိုးမျိုး၊ သစ်သီးဆီ သွပ်ဘူးနဲ့ ကျွန်မ တို့မြို့ပြမှာ နေ့စဉ်သုံးတဲ့ ပစ္စည်းတွေပါ ဝယ်သွားခဲ့ကြ ပါတယ်။ ဒီပစ္စည်းတွေကို သူတို့အရမ်း လိုအပ်လိမ့်မယ်လို့ ကျွန်မတို့ ထင်ခဲ့ကြတယ်။
 အဲဒီဒေသဆီရောက်သွားမှပဲ အဲဒီနေရာရဲ့ခေတ်နောက်ကျမှုကို ကျွန်မတို့ တကယ်လက်တွေ့ခံစားခဲ့ရပါတယ်။ ကျွန်မတို့ရဲ့ပထမဆုံးခံစားချက်က သူတို့ဟာ ဆင်းရဲလွန်းလှတယ်။ လျှပ်စစ်မီးမရှိတာကြောင့် သူတို့ဟာ တီဗွီမကြည့်ဖူးကြသလို လေဒီယိုလည်း နားမထောင်ဖူးကြပါဘူး။ ကွန်ပျူတာနဲ့ mp3ဆိုတာကို ပိုလို့တောင် သူတို့မသိကြပါဘူး။ နေ့စဉ်သုံးရေကို ရေတွင်းထဲကနေပဲ ခပ်ယူကြရပါတယ်။ သူတို့နေတဲ့အိမ်က သစ်သား၊ ကျောက်တုံးတွေနဲ့ ဆောက်လုပ်ထားပါတယ်။ အဲဒီအပြင် သူတို့ဟာ ခေါင်းလျှော်ရည်၊ ကိုယ်တိုက်ဆပ်ပြာနဲ့ အလှပြင်ပစ္စည်းတွေကို တစ်ခါမှ မသုံးဖူးခဲ့ကြပါဘူး။ ဆီသွပ်ဘူးထဲက ကောင်းမွန်တဲ့အရာတွေကိုလည်း မစားခဲ့ဖူးကြပါဘူး။ ဂက်စ်မီးမရှိတာကြောင့် ထင်းနဲ့ပဲ သူတို့ထမင်းဟင်းချက်ရပါတယ်။
သူတို့ကို သနားတဲ့အကြည့်နဲ့ ကျွန်မတို့ကြည့်ခဲ့ကြပါတယ်။ သစ်ရွက်တချို့ကိုထုချေလို့ရလာတဲ့ အစိမ်းရောင်အရည်နဲ့ သူတို့ခေါင်းလျှော်တာကိုကြည့်ပြီး သူတို့ကို ကျွန်မကို သနားကရုဏာသက်ခဲ့ပါတယ်။ သူတို့ဟာ အလှမပြင်တာကြောင့် အလှပြင်ပစ္စည်းတွေလည်း မလိုအပ်ခဲ့ပါဘူး။ သူတို့အတွက် တစ်ခုတည်းသော အသုံးအဆောင်ပစ္စည်းက သစ်ရွက်တွေပဲဖြစ်ပါတယ်။ ဒီလို ဆင်းရဲခက်ခဲတဲ့သူတို့ဘဝအတွက် ကျွန်မတို့ တစ်ခုခုလုပ်ပေးချင်ခဲ့ကြပါတယ်။ မြို့ပြကနေ လိုအပ်တဲ့ပစ္စည်းတွေ ကျွန်မတို့ဝယ်ခဲ့တာကိုက ကံကောင်းတယ်လို့ဆိုရပါမယ်။ ဝယ်ခဲ့တဲ့ပစ္စည်းကောင်းတွေကို သူတို့အတွက် ကျွန်မတို့ခွဲဝေပေးလိုက်ကြပါတယ်။ သူတို့ကလည်း ကျွန်မတို့ကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ သစ်ရွက်တစ်အိတ်၊ သစ်သီးခြောက်တစ်အိမ်ဆီ လက်ဆောင်ပေးခဲ့ကြပါတယ်။
ကျွန်မတို့အပြန်မှာ ဖော်ရွေတဲ့ Amishတွေဟာ ကျွန်မတို့ကို သူတို့နေရပ်နဲ့အဝေးကြီးအထိ လိုက်ပို့ခဲ့ကြပါတယ်။ သူတို့ဘဝ ခက်ခဲကြမ်းတမ်းလွန်းတာကို ကျွန်မတို့သိပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့ကို မပြန်စေချင်ကြတဲ့ပုံပါပဲ။ သူတို့ကို ကျွန်မတို့ နောက်တစ်ခေါက်ထပ်လာကြည့်ဦးမယ့်အကြောင်း၊ ဒီထက် အကူအညီရအောင်၊ သူတို့အတွက် တစ်ခုခုလုပ်ပေးနိုင်အောင် ဆောက်ရွက်ခဲ့မယ့်အကြောင်း၊ သူတို့အတွက် ခေါင်းလျှော်ရည်၊ ကိုယ်တိုင်ဆပ်ပြာနဲ့ နေ့စဉ်သုံးပစ္စည်းတွေ ဒီ့ထက်ပိုထည့်ပေးဦးမယ့်အကြောင်း ပြောဖြစ်ခဲ့ပါတယ်။
ကိုယ့်မြို့ပြဆီပြန်ရောက်ပြီး Amish လူမျိုးတွေပေးလိုက်တဲ့သစ်ရွက်တွေကို ကျွန်မတို့ဘာလုပ်ရမှန်း မသိခဲ့ပါဘူး။ ဒီသစ်ရွက်တွေ ဘာအသုံးဝင်မှန်းလည်း ကျွန်မတို့မသိခဲ့ပါဘူး။ သစ်သီးခြောက်တွေကိုလည်း အဆိပ်ရှိမှာစိုးလို့ဆိုပြီး မစားရဲခဲ့ပါဘူး။ တကယ်ဆို ဒီလက်ဆောင်တွေကို ကျွန်မတို့ လက်မခံချင်ခဲ့ကြတာပါ။ ဖော်ရွေတဲ့သူတို့ရဲ့စေတနာကို ငြင်းဆန်လို့မကောင်းတဲ့အတွက် လက်ခံခဲ့တာဖြစ်ပါတယ်။ အခု မြို့ကိုပြန်ရောက်ပြီဆိုတော့ ဒီပစ္စည်းတွေကို ပစ်ထုတ်ရပါမယ်။ ပစ်ထုတ်ခ အမှိုက်ကြေးပိုပေးရပါဦးမယ်။ တခြားသူငယ်ချင်း မိတ်ဆွေတွေကို မေးကြည့်တော့ သူတို့လည်း ကျွန်မလိုပဲစိတ်ကူးရှိတယ်လို့ ဆိုပါတယ်။
အဲဒီဒေသကပြန်လာပြီး ရက်အတန် အကြာမှာ ကျွန်မတို့ လူတိုင်းလက်ဆောင်ထုပ် တစ်ထုပ်စီကို မမျှော်လင့်ဘဲ ရခဲ့ကြပါတယ်။ အထုပ်ထဲမှာ ပါတာက Amishလူမျိုးတွေကို ကျွန်မတို့ပေးခဲ့တဲ့ ခေါင်းလျှော်ရည်၊ ကိုယ်တိုက်ဆပ်ပြာ၊ အလှပစ္စည်းပစ္စည်းတွေပါ။ နောက်တော့ လမ်းညွှန် Chrisဆီကနေ ကျွန်မတို့ကြားသိရတာက Amishလူမျိုးတွေဟာ ကျွန်မတို့ပေးတဲ့ပစ္စည်းတွေကို မသုံးရဲခဲ့ကြဘူးလို့ဆိုပါတယ်။ အဲဒီအရာတွေမှာ ဓာတုပစ္စည်းတွေပါတာကြောင့် အဆိပ်သင့်မှာစိုးလို့လို့ဆိုပါတယ်။ နေ့တိုင်း ရှောင်လွှဲလို့မရတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့နေရတဲ့ ကျွန်မတို့ကိုကြည့်ပြီး သူတို့ကရုဏာသက်ခဲ့ကြပါတယ်။ သူတို့ဆီမှာ ကျွန်မတို့ထင်းခုတ်တဲ့ပုံစံကိုကြည့်ပြီး လေတိုက်ရင်လဲ ကျသွားနိုင်မယ့် ကျွန်မတို့ရဲ့ပျော့တိပျော့ဖတ်ပုံတွေဟာ သူတို့စိတ် မကောင်းဖြစ်စေကြောင်း ဆိုပါတယ်။ ကျွန်မတို့ရဲ့ကျန်းမာရေးအတွက် သူတို့စိုးရိမ်ပူပန်ကြကြောင်း ပြောပါတယ်။ ကျွန်မတို့အတွက် သူတို့တစ်ခုခုလုပ်ပေးနိုင်ဖို့ မျှော်လင့်မိကြောင်းလည်း ဆိုပါတယ်။ အဲဒီ တစ်ခုခုလုပ်ပေးမယ် ဆိုတာက ဥပမာ-- ကျွန်မတို့အတွက် သစ်ရွက်တွေ ပို့ပေးတာတို့  
Nine Nine Sanay

0 comments:

Post a Comment