Thursday, June 12, 2014

အေသင်ချိုဆွေ ပြောပြတဲ့ သူမရဲ့ PLAYBOY အကြောင်း

၂၀၀၈ခုနှစ်မှာ ပေါက်တဲ့အိုး တေးစီးရီးနဲ့ ပရိသတ်တွေရဲ့အားပေးလက်ခံမှု အခိုင်အမာရရှိခဲ့သူ တစ်ယောက်ဖြစ်ခဲ့သူ အေသင်ချိုဆွေဟာ အဲ့ဒီအခွေနောက်မှာတော့ ဒုတိယတေးစီးရီးဖြစ်တဲ့ အနီးဆုံး လူနမ်းမှာလား တေးစီးရီးထွက်ရှိခဲ့ပြီး အောင်မြင်မှုကို ထပ်မံရရှိခဲ့ပါတယ်။ အခုတစ်ခါမှာလည်း PLAYBOY ဆိုပြီးတော့ သူမရဲ့ တတိယတစ်ကိုယ် တေးစီးရီးကို ဇွန်လ ၂၁ရက်နေ့မှာ BO BO music production ကနေဖြန့်ချိပေးတော့မယ့်အကြောင်း စာနယ်ဇင်းတွေကို အသိပေးခဲ့ပါတယ်။
ဒါကြောင့် အေသင်ချိုဆွေရဲ့Play  Boy တေးစီးရီးနဲ့ပတ်သက်ပြီး သူမကို မေးဖြစ်ခဲ့တဲ့အခါ                                                                                                                      
-အေသင့်ရဲ့အခွေမှာ သီချင်းပုဒ်ရေဘယ်နှစ်ပုဒ်ပါဝင်မလဲ။
 သီချင်းဆယ့်သုံးပုဒ်ပါပါတယ်။
တေးရေးတွေကရော ဘယ်သူတွေ ရေးပေးထားသလဲ။
ရွှေဂျော်ဂျော်၊ ကြက်ဖ၊ ဆဲ(လ်)၊ ဖိုးကာ၊ ဟဲလေး၊ ဂျေမီ၊ သြရသ၊ Ar-T၊ အေသင်ချိုဆွေ၊ မိစန္ဒီ၊ တယ်ရီ၊ မင်းကို၊Aသင်တို့ ရေးပေးထားပါတယ်။ ပြီးတော့ ဒီအခွေမှာ အေသင်ကိုယ်တိုင်ရေးထားတဲ့ သီချင်းတစ်ပုဒ်ပါမယ်။
Featuring တွေကရော ဘယ်သူတွေပါဦးမလဲ။
Featuring တွေကတော့ ကြက်ဖပါမယ်။ ဂျေမီပါမယ်။ သြရသ နဲ့ မိစန္ဒီတို့က ပါဝင်သီဆိုပေးထားပါတယ်။
PLAYBOY အခွေဖြစ်လာဖို့ ဘယ်လောက်ကြိုးစား အားထုတ်ခဲ့ရပါသလဲ။
၂၀၁၀ခုနှစ်လောက်ကတည်းက စပြီးလုပ်လာခဲ့တာဆိုတော့ လေးနှစ်လောက်ရှိသွားပါပြီ။
ရှေ့မှာထွက်ရှိခဲ့တဲ့ ပေါက်တဲ့အိုး၊ အနီးဆုံးလူနမ်းမှာလား တေးစီးရီးအခွေနှစ်ခွေလုံးကပရိသတ်တွေရဲ့အားပေးမှုကြောင့် အေသင်ဆိုပြီးဖြစ်လာ ခဲ့တာဆိုတော့ အခု PLAYBOY အခွေအပေါ်မှာရော ဘယ်လောက်အတိုင်းအတာထိ မျှော်လင့်ထားပါသလဲ။
အေသင်အနေနဲ့ အတိုင်းအတာတစ်ခုထိ ရောက်ရမယ်လို့ဆိုပြီး သတ်မှတ်ထားတာမျိုးတော့ မရှိပါဘူး။ ကိုယ့်ကိုချစ်တဲ့ ပရိသတ် ၇၀ရာခိုင်နှုန်း လောက်ရှိမယ် ဆိုရင်လည်း ၇၀ရာခိုင်နှုန်းရဲ့တကယ့်အနှစ်သာရရှိရှိနဲ့ အပြည့်အဝ ၁၀၀ရာခိုင်နှုန်းအားပေးတယ်ဆိုရင် ကျေနပ်ပါပြီ။

ဒီအခွေလေးမှာ ပါဝင်တဲ့ တေးသီချင်းတွေကရော ကိုယ်ပိုင်သံစဉ်ဖြစ်မလား၊ Copy တွေချည်းဖြစ်မလား။
Owntune တွေချည်းပါပဲ။ ကော်ပီဆိုလို့ အေသင်ကိုယ်တိုင်ရေးထားတဲ့ သီချင်းတစ်ပုဒ်ပဲ ပါဝင်ပါတယ်။
PLAYBOY အခွေနဲ့ပတ်သက်ပြီး အေသင်ရဲ့အနောက်တိုင်းဆန်လှတဲ့ ဓာတ်ပုံရိုက်ချက်နဲ့ ပတ်သက်ပြီး ဘယ်လိုစိတ်ကူးရခဲ့တာလဲ။
PLAYBOY ဆိုတဲ့အတွက် နည်းနည်း ခပ်ကြမ်းကြမ်း ရိုက်ချင်တယ်။ အေသင်ရဲ့ စိတ်ကူးက ဓာတ်ပုံဒီဇိုင်းCreation နဲ့ပတ်သက်ပြီး စဉ်းစားထားတာ အများကြီးရှိတယ်။ အေသင်ကိုယ်တိုင် လုပ်လို့မရတော့ ဓာတ်ပုံလည်း ကိုယ်တိုင်မရိုက်တတ်ဘူ။ ဒီဇိုင်းလည်း ကိုယ်တိုင်မလုပ်တတ်ဘူး။ ဒါပေမယ့် စဉ်းစားထားတဲ့ Creation တွေ အများကြီးရှိတယ်ဆိုတာပဲ ပြောတတ်တယ်။ အဲဒါကြောင့် အခက်အခဲတွေအများကြီး ကြုံခဲ့တယ်။ အခုဆို တတ်နိုင် သလောက်၊ လုပ်နိုင်သလောက်ကို ပြောပြပြီးတော့ ဓာတ်ပုံဆရာနဲ့ တိုင်ပင်ပြီး အကောင်းဆုံးရိုက်ခဲ့တာပါ။ ဓာတ်ပုံဆရာကို ပြည်ဟန်(Colour Max) ကလည်း အဲဒီ့အပေါ်မှာ အများကြီးကြိုး စားအားထုတ်ပေးခဲ့ပါတယ်။ တော်တော်စွန့်စားပြီးတော့ လူတွေဘာတွေပြောကြမလဲတော့ မသိသေးပါဘူး။ အေသင့်ရဲ့Creation ပါ။ အပြင်ကပုံတွေလို အရမ်းကြီးအရိုင်းအစိုင်းကြီး မဟုတ်ပါဘူး။  ဒီPlay Boy ရဲ့ Creation တစ်ခုလိုပဲ မြင်ပြီးတော့ ပဲကြည့်စေချင်ပါတယ်။
PLAYBOY လို့tittle အမည်ပေးဖြစ်ခဲ့တာကရော ဘယ်လိုပေးဖြစ်ခဲ့တာပါသလဲ။
ဒီသီချင်းက ကို Ar-T ရးပေးထားတဲ့သီချင်းပါ။ ဒီသီချင်းကဆန်းတယ်။ အဲဒါကြောင့်ပဲပေးဖြစ်သွားတာပါ။ ထူးထူးခြားခြားတော့ မရှိပါဘူး။
အခွေထွက်မယ့်နေ့မှာရော promotion အစီအစဉ်လုပ်မှာလား။
promotion ကို ရန်ကုန်၊မန္တလေး၊မုံရွာမှာလုပ်သွားမယ်။ ရန်ကုန်ပရိုမိုးရှင်းလုပ်တဲ့နေ့မှာ အေသင်ကိုယ်တိုင်hand made လုပ်ထားတဲ့photo scrapbook ၄အုပ်ကို ပရိသတ်တွေအတွက် ကံစမ်းမဲဖောက်ပေးသွားမှာပါ။
ပရိသတ်တွေအတွက် ဒီအခွေလေးနဲ့ပတ်သက်ပြီး ပြောချင်တာရှိရင်ပြောပြပေးပါအုံး။
အေသင်အကောင်းဆုံးတော့ ကြိုးစားထားတယ်။ အေသင့်ဘက်က ၇၀ရာခိုင်နှုန်းလောက်တော့ ယုံကြည်ထားတယ်။ အေသင်ရဲ့ ပရိသတ်အစစ်အမှန်တွေ အားပေးမယ်ဆိုရင် ကျေနပ်ပါပြီ။ နောက်ပြီးတော့ အေသင်ရဲ့အခွေကို မူရင်းအခွေလေးပဲ အားပေးစေချင်ပါတယ် လို့ပြောချင်ပါတယ်။
credit -Trend

0 comments:

Post a Comment