Thursday, June 12, 2014

လေကြောင်း ပညာရေး ဘာသာရပ်နှင့် မြေပြင်သင်တန်း အတွက် အကြို ဘာသာရပ် စတင်ဖွင့်လှစ်

ဖိလစ်ပိုင်နိုင်ငံမှ FASTLINK AVIATION TRAINING School လေယာဉ်မောင် သင်တန်းနှင့် SKYWARD (Myanmar) တို့မှ တရားဝင်  ပူးပေါင်း၍ မန္တလေးမြို့တွင် လေကြောင်းပညာရေး ဘာသာရပ် (Aviation
English) နှင့် မြေပြင်သင်တန်း အတွက် အကြို ဘာသာရပ် (Ground School bridging) ကို စတင် ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သင်တန်းကို အသက် ၁၆ နှစ် ပြည့်ပြီးသူ အမျိုးသား၊ အမျိုးသမီး မည်သူမဆို မျက်မှန် တပ်ဆင်သူ၊ မတပ်ဆင်သူ မည်သူမဆို တက်ရောက်နိုင်မည် ဖြစ်သည်။ သင်တန်း တက်ရောက် အောင်မြင်ပြီး ပါက PPL (ကိုယ်ပိုင် လေယာဉ်မောင်း လိုင်စင်)၊ CPL (ခရီးသည်တင် ယာဉ်မောင်းလိုင်စင်)၊ IR (ဒိုင်ခွက်ကြည့် ပျံသန်းခြင်း) သင်တန်း ပြီးဆုံးပါက ပျံသန်းချိန် နာရီ ၂၀၀ ရှိရမည်ဖြစ်သည်။ လက်တွေ့ပျံ သန်းမှုနှင့် မြေပြင် သင်တန်းများကို ဖိလစ်ပိုင်နိုင်ငံရှိ FAST LINK လေယာဉ်မောင်း သင်တန်းကျောင်းတွင် ဆက်လက် သင်ကြားရမည် ဖြစ်သလို စုစုပေါင်း သင်တန်းကာလမှာ ၁၃ လ ကြာမြင့်မည် ဖြစ်သည်။

သင်တန်းကြေး အနေဖြင့် မန္တလေးတွင် နေထိုင်စားသောက် စရိတ်၊ ဖိလစ်ပိုင်သို့ အသွားအပြန် လေယာဉ်လက်မှတ်၊ ဖိလစ်ပိုင်တွင် VISA သက်တမ်းတိုးခြင်းနှင့် နေထိုင်စားသောက် စရိတ်၊ စာရွက်စာတမ်း၊ လိုင်စင်၊ စာမေးပွဲ စရိတ်များ သင်တန်း နှင့် မိမိနေထိုင်ရာသို့ အကြိုအပို့ အစီအစဉ်များအပါ စုစုပေါင်း အမေရိကန် ဒေါ်လာ ငါးသောင်းငါးထောင် တိတိကျသင့်မည် ဖြစ်သည်။

အသေးစိတ် သိရှိလိုပါက ဖုန်း-၀၉-၆၅၀၃၀၄၈၊ ၀၉-၄၉၃၁၈၈၇၄ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်မည် ဖြစ်သည်။
Internet Journal

ဝေဝေ

0 comments:

Post a Comment