Monday, June 16, 2014

Maleficent မိတ်ကပ်အပြင်အဆင်တိုင်း ခြယ်သကြည့်ချင်တယ်ဆိုရင်

Maleficent ဇာတ်ကားကို ကြည့်ဖူးသွားပြီဆိုရင် ဒီကားထဲက Angelina Jolie ရဲ့ မိတ်ကပ်အပြင်အဆင်ကို သဘောကျမိကြမှာပါ။ ဒီလိုမိတ်ကပ်မျိုး အပြင်မှာ ခြယ်သလိုက်ရင် ကြောက်စရာကောင်းမယ်လို့ ထင်ပါသလား။ တကယ်တော့ ဒီလိုမိတ်ကပ်ခြယ်သမှုပုံစံနဲ့ ပွဲတက်အတွက် ပြင်ဆင်ချင်တယ်၊ ဒင်နာ၊ ပါတီပွဲတွေအတွက် ပြင်ဆင်ချင်တယ်ဆိုရင်တောင် တကယ်ကို ဆွဲဆောင်မှုရှိတဲ့ အပြင်အဆင်လို့ M.A.C က မိတ်ကပ်ဆရာ Regan Rabanal က ပြောပြသွားပါတယ်။ ကဲ ဒီလိုမိတ်ကပ်လိမ်းခြယ်မှုက ဘယ်လိုများလဲလို့ သိချင်သူတွေအတွက် အဆင့်ဆင့်ဖော်ပြပေးလိုက်တယ်နော်။
၁။ပထမဆုံးအဆင့်ကတော့ မျက်နှာသစ်ပြီး moisturizer လိမ်းပေးရုံပါပဲ။

၂။အဲ့ဒီနောက်မှာတော့ မိတ်ကပ်အောက်ခံ ခရင်မ်လိမ်းပေးပါ။ ဖြစ်နိုင်ရင် လက်နဲ့မဟုတ်ပဲ brush နဲ့ လိမ်းပေးသွားပါ။ မျက်ခုံးမွှေးကို သပ်ရပ်ပြီး လှပနေစေဖို့ မျက်ခုံးမွှေးသုံး ဂျယ်နဲ့ခုလို မျက်ခုံးမွှေးကို ဖြီးပေးပါ။ နှုတ်ခမ်းကိုတော့ Lip Balm အဆီလေးပဲ ဆိုးပေးထားပါ။

၃။တတိယအဆင့်အနေနဲ့ကတော့ ဖောင်ဒေးရှင်းလိမ်းပေးရမှာပါ။ လိမ်းပေးမယ့် ဘရက်ရှပ်ကိုတော့ ခုန ခရင်မ်လိမ်းတဲ့ ဘရက်ရှပ်နဲ့ပဲ ဆက်လိမ်းလို့ရပါတယ်။ ဘရက်ရှပ်နဲ့လိမ်းရခြင်းအကြောင်းက မိတ်ကပ်သားကို အနည်းဆုံးဆယ်နာရီကြာ ထိန်းထားနိုင်တဲ့အပြင် T-Zone တွေမှာလည်း အဆီပြန်တာမျိုးမဖြစ်စေလို့ပါပဲ။

၎။အဲ့ဒီနောက် ရွှေအိုရောင် အိုင်းရှဲဒိုးလေး ဆိုးပေးပါ။ ပြီးသွားရင်တော့ မျက်လုံးအောက်နားတွေကိုပါ အညိုရောင်အနားသတ်လေးတွေ သပ်သပ်ရပ်ရပ်လေး ထည့်ပေးပါ။

၅။အဲ့ဒီနောက် အိုင်းလိုင်နာဆိုးပေးပါ။ လိုင်နာကို အရမ်းအထူကြီး မဆိုးပါနဲ့။ ဒါ့အပြင် cat eye ပုံစံမျိုးလည်း မဆိုးပါနဲ့။ မထူမပါးကြည့်ကောင်းရုံလောက်ပဲ ဆိုးပါ။

၆။နောက်တစ်ဆင့်ကတော့ မျက်တောင်တုတပ်ခြင်းပါပဲ။ တပ်နေကျမျက်တောင်တုထပ် နည်းနည်းရှည်တဲ့ မျက်တောင်တုမျိုး တပ်လိုက်ပါ။ သူ့လိုမျိုးကွက်တိလိုချင်တယ်ဆိုရင်တော့ ဘေးနားကားထွက်နေတဲ့ မျက်တောင်မွှေးအတု အတိုလေးတွေ ရှိပါတယ်။ အဲ့ဒါလေးတွေ တပ်ပေးလိုက်ရင် ဘေးနားကားထွက်နေမှာပါ။

၇။ပါးနီဆိုးတော့မယ်ဆိုရင် နေရာကတော့ နားနဲ့ပါးကြားဆုံတဲ့နေရာ ပါးရိုးပေါ်မှာ ဖြစ်ရပါမယ်။ အရောင်ကိုလည်း ရွှေအိုရောင်အရင့်၊ မိတ်ကပ်အရင့်ရောင်ဖြစ်နိုင်ရင် ကောင်းပါတယ်။  မေးရိုးနားကိုလည်း နည်းနည်းဖြစ်ဖြစ် ခြယ်ပေးဖို့လိုပါ တယ်။

၈။အဲ့ဒီနောက်မှာတော့ နှုတ်ခမ်းအနီရောင်ဆိုးလိုက်ရုံပါပဲ။

၉။Maleficent ပုံစံအတိုင်း ထပ်တူလိုချင်တယ်ဆို၇င်တော့ မျက်ကပ်မှန်အစိမ်းရောင်တပ်လိုက်ပါ။ ဒါဆို အကြည့်တွေကအစ ထူးခြားနေပါလိမ့်မယ်။

၁၀။ ကဲ မခြယ်သခင်ပုံနဲ့ ခြယ်သပြီးတဲ့နောက် ဖြစ်သွားတဲ့ပုံ ဘယ်လောက်ကွဲပြားသွားသလဲဆိုတာ မြင်ရမှာပါ။

Ref:.elle.com

0 comments:

Post a Comment