Thursday, June 12, 2014

ဘောလုံးလောကရဲ့ နေရာလိုက်ဈေးကွက်တန်ဖိုးအကြီးမားဆုံး ကစားသမား ၁၁ ယောက်အသင်း ထွက်ပေါ်လာ


ဆွစ်ဇာလန်တက္ကသိုလ် နဲ့ OptaPro အားကစားကုမ္ပဏီတို့ ပူးတွဲပြုလုပ်တဲ့ လေ့လာရေးအဖွဲ့ ကနေ ဒီစာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဥရောပရဲ့ အကြီးမားဆုံးလိဂ်ပြိုင်ပွဲငါးခုက နေရာလိုက်တန်ဖိုးအကြီးဆုံး ကစားသမားတွေရဲ့ တန်ဖိုးကို
တွက်ချက်ပြီး ရွေးချယ်ခဲ့တာပါ။
ဈေးကွက်တန်ဖိုးအမြင့်မားဆုံး ၁၁ ယောက်အသင်းကို ၄-၄-၂ ကစားကွက်နဲ့ စီစဉ်ထားပြီး ထူးခြားချက်အနေနဲ့  ဆောက်သမ်တန်နောက်ခံလူ Luke Shaw နဲ့ စပါးနောက်ခံလူ Walker တို့ ပါဝင်လာခဲ့ပါတယ်။
ဒီအသင်းရဲ့ တန်ဖိုးအကြီးမားဆုံးကစားသမားကတော့ Messi ဖြစ်ပြီး တန်ဖိုး ပေါင် ၁၇၅.၆ သန်းဖြစ်ကာ၊ ပြိုင်ဘက် Cristiano Ronaldo ကတော့ ပေါင် ၉၂.၇ သန်းနဲ့ ဖြစ်ပါတယ်။
ပြောင်းရွှေ့ ကြေးတန်ဖိုးအမြင့်ဆုံး ၁၁ ယောက်အသင်းမှာတော့ Ronaldo နဲ့ Gareth Bale တို့ သာ ပါဝင်ခဲ့ပြီး Messi ကတော့ ကလေးဘ၀ကတည်းက ဘာစီလိုနာမှာကစားခဲ့သူမို့ အသင်းပြောင်းရွှေ့ ဖူးခြင်း မရှိသေးတဲ့ အတွက် ပါဝင်မလာခဲ့ပါဘူး။ ပြောင်းရွှေ့ ကြေးအမြင့်မားဆုံး အသင်းမှာ မန်ယူနောက်ခံလူ Ferdinand နဲ့  ဂျူဗင်တပ် ဂိုးသမား Buffon တို့ ပါဝင်လာခဲ့ပါတယ်။

နေရာလိုက် ပြောင်းရွှေ့ ကြေးတန်ဖိုးအမြင့်မားဆုံး ကစားသမား ၁၁ ဦး ( ယူရိုငွေဖြင့်)
Ref: Metro.co.uk

0 comments:

Post a Comment