၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့သဘောထားရယူရေး လူထုဟောပြောပွဲ
ဈေးခြင်းတောင်းကို အိမ်လှေကား
ထစ်ပေါ်တင်လိုက်ပြီး လေပူတစ်ချက်မှုတ်ထုတ်သည်။ ပိုက်ဆံအိတ်ကိုဖွင့်ကာ
လက်ထဲဆုပ်ထားသည့် ပိုက်ဆံများကို လုံးထွေး ထည့် လိုက်ရင်း
မခိုင်ခိုင်က”နိုင်ငံရေးကို စိတ်မဝင်စားဘူး” ဟု တုံးတိပင် ဖြေလိုက်သည်။
သူက တောသူတောင်သားမဟုတ်။ လက်ရှိ
နိုင်ငံရေးလှုပ်ရှားမှုများနှင့် အလှမ်းဝေးသောအစွန်အဖျားဒေသမှလည်းမဟုတ်။
ရန်ကုန်မြို့ရှိ ကုမ္ပဏီတစ်ခုတွင် Marketing Supervisor
ရာထူးဖြင့်လုပ်ကိုင်နေသည့် အသက် ၂၆ နှစ်ဝန်းကျင်ရှိ ဥပဒေဘွဲ့ရထားသူတစ်ဦး
ဖြစ်သည်။ တစ်ရက်တည်းရသော တနင်္ဂနွေအလုပ်နား ရက်တွင် မိသားစု စားသောက်ရေးအတွက်
မနက်လင်းကတည်းက လှုပ်ရှားနေခြင်း ဖြစ်သည်။
”နိုင်ငံရေးကို စိတ်ဝင်စားလို့ ကျွန်မတို့
ဘာရမှာလဲ။ ဟိုးအရင်ကတည်းက ပြောနေကြတာပဲ။ ဦးသန်းရွှေတို့ဘာတွေ လုပ်တယ်။
ဦးခင်ညွန့်တို့ ဘာတွေလုပ် တယ်။ ဒေါ် စု ဘာတွေလုပ်တယ်။ ကြာခဲ့ပြီ။
အခုရောဘာထူးခြားလာလဲ။ ကျွန်မတို့ဘဝဘာတွေပြောင်းလဲလာလဲ။ တကယ်တမ်းတော့
နိုင်ငံရေးနိုင်ငံရေးနဲ့ လက်တစ် ဆုပ် စာလူတွေပဲ စိတ်ဝင်စားနေကြတာပါ။
ကိုယ်လုပ်မှ ကိုယ်စားရတာပဲမဟုတ်လား” နိုင်ငံရေးဆိုသည်မှာ ပြည်သူအားလုံး၏
ဘဝနှင့်သက်ဆိုင်သည့် အဓိက အရာဟု မထင် ဘူး လား ဟူသော မေးခွန်းကို သူက
အထက်ပါအတိုင်းဖြေဆိုလိုက် ခြင်းဖြစ်သည်။
ထိုအဖြေသည်သူ၏ကိုယ်ပိုင်သဘော ထားအမြင်ကို
လွတ်လပ်စွာပြောခြင်းဖြစ် သည့်အပြင်သာမန်ပြည်သူတစ်ဦး၏လက် ရှိ
မြန်မာ့နိုင်ငံရေးအပေါ် သုံးသပ်ချက် ပင် ဖြစ် သည်။ ပြည်သူအများစု၏ သဘော
ထားအရ ထိုကဲ့သို့ပင်ကိုယ်လုပ်မှ ကိုယ် စားရသည်ဆို သောအချက်နှင့် သူတို့ဘဝ
ဘာတွေ ပြောင်းလဲတိုးတက်လာလဲဆို သည့် ချ က်ခြင်းတုံ့ပြန်ကြသည့်စကားများ အရ
မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုများသည် ပြည်သူ့ဆန္ဒအစစ်အမှန်နှင့် ဝေးကွာနေ
သလားဟူသည့် မေးခွန်းလည်း ဖြစ်ပေါ် လာနေပြီဖြစ် သည်။
နိုင်ငံရေးဆိုတာ
၁၉၄၆ ခုနှစ်ဇန်နဝါရီလ ၂ဝရက်နေ့ တွင်
ရွှေတိဂုံစေတီ အလယ်ပစ္စယံ၌ ကျင်းပသည့်ဖဆပလအဖွဲ့ကြီး၏ နိုင်ငံ
ရေးဆိုင်ရာညီလာခံတွင် ဗိုလ်ချုပ်အောင် ဆန်းက ညီလာ ခံမေးခွန်းကို
ပြောခဲ့သည်။ ထို့မိန့်ခွန်းတွင် နိုင်ငံရေးနှင့် ပတ်သက်၍
ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးဆိုသည် မှာ ကျွန်ုပ်တို့နေ့စဉ်နှင့်အမျှ
လူ့လောက တွင် တွေ့ကြုံေ နကြ ရသောကိစ္စပင် ဖြစ် ပေသည်။ တနည်းအားဖြင့် ဆိုသော်
နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စဟု ဆိုရပေ မည်။ ကျွန်ုပ်တို့စားမှု၊ သောက်မှု၊
နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု၊ အစုစု သည်နိုင်ငံရေး ပင်ဖြစ်၏။
ကျွန်ုပ်တို့သည် နိုင်ငံရေးကို မဆင်မခြင်မတွေးတောမိစေကာမူ နိုင်ငံ ရေးသည်
ကျွန်ုပ်တို့နှင့် အမြဲတစေ ဆက် သွယ်နေ၏။ ကျွန်ုပ်တို့ သည် နိုင်ငံရေးကို
ရှောင်ရှားစေကာမူ နိုင်ငံရေးသည် ကျွန်ုပ် တို့၏ အိမ်၊ ရုံး ၊ အလုပ်ရုံ
စသည်တို့၌ပေါ် ပေါက်လျက်ရှိ၏။ ဤဌာနများ၌ ကျွန်ုပ် တို့ သည် နေ့စဉ်နှင့် အမျှ
နိုင် ငံရေးကိုပင် လုပ်နေကြရပေသည်။ အလုပ်သမားသည် အခကြေးငွေအတွက်
အလုပ်လုပ်ရ၏။ တောင်သူလယ်သမားသည် ဝမ်းစာရေးအ တွက် လယ်ယာ လုပ်ရ ၏။ စာရေးစာချီ
အမှုထမ်းသည်လည်း လစာငွေအတွက် အလုပ်လုပ်ရ၏။ ကုန်သည်ပွဲစား စသည်တို့သည်
အသီးသီးဝင်ငွေရရန် လုပ်ကြရ၏။ အချုပ်မှာ စားသောက်နေ ထိုင်ေ ရး အတွက်ပင်
ဖြစ်သည်။
”နိုင်ငံရေးအခြေအနေကို အစ်ကို ကတော့
စိတ်သိပ်မဝင်စားဘူး။ အစ်ကို့ မှာ သားသမီးတွေနဲ့လေ။ အစ်ကို့အလုပ်
ကဆိုက်ကားနင်းရတာဆိုတော့ ကလေး တွေ ကျောင်း ထားဖို့နဲ့အိမ်ရဲ့
စားဝတ်နေရေးတွေကို ခေါင်းထဲထည့်ထားရတယ်။ အဲ့ဒီတော့နိုင်ငံရေးကို
စိတ်မဝင်စားတော့ သလိုတောင် ဖြစ်သွားတယ်” ဟု ဆိုသူက ဆိုက်ကားဆရာ ကိုအေးကျော်
ဖြစ်သည်။
လက်ရှိနိုင်ငံရေးအခြေအနေ အရ
အခြေခံဥပဒေပြင်ဆင်ရေးအတွက် လူ ထုဆန္ဒခံယူမှုများပြုလုပ်နေသကဲ့သို့ ပြင်
ဆင်ရေးကို ကန့်ကွက်သည့်လှုပ်ရှားမှုများ ကိုလည်း တစ်ပြိုင်နက်တည်း မြင်တွေ့
နေရချိန်ဖြစ်သည်။ ထို့ပြင် လယ်ယာမြေ သိမ်းဆည်းခံရမှုများအတွက် ဆန္ဒထုတ်
ဖော်မှုအများအပြားပြုလုပ်ခဲ့ကြသလိုကျန် ရှိနိုင်ငံရေး အကျဉ်း သားများနှင့်
အထိန်း သိမ်းခံတောင်သူလယ်သမားများ လွတ် မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်အရေး
ဆိုမှုများကိုလည်း မြင်တွေ့နေရချိန် ဖြစ် သည်။
”ဒီလိုတွေ လျှောက်လုပ်နေရင် အစ်ကို
ထမင်းနပ်မှန်မှာ မဟုတ်တော့ ဘူး။ ကိုယ်လုပ်မှ ကိုယ်စားရတာဆိုတော့ ဘယ်ကိုမှ
အာရုံမစိုက်နိုင်ဘူး” ဟု အဆို ပါလှုပ်ရှားမှု များနှင့်ပတ်သက်၍ ကိုအေး ကျော်က
ဆက်ပြောသည်။ သို့သော်သူ့တွင်လည်း မျှော်လင့်ချက်ကတော့ ရှိပါသေးသည်။
ထိုအရာ ကတော့ ”နိုင်ငံရေးအခြေအနေနဲ့ ပတ်သ
က်ပြီးမျှော်လင့်ထားတာကတော့ဆင်းရဲတဲ့အစ်ကိုတို့လို လူတွေရဲ့စားဝတ်နေရေး
အတွက် အဆင်ပြေအောင်ပြုလုပ်ပေးနိုင် မယ့်လူမျိုး၊ ကိုယ်ကျိုးမကြည့်ဘဲ အများ
အကျိုးကို ထိထိရောက်ကိုင်တွယ်ဖြေရှင်း နိုင်မယ့်လူဘယ်လို လူဖြစ်ဖြစ်
အစ်ကိုက တော့လက်ခံတယ်”ဟူသော ဆိုက်ကား ဆရာ ကိုအေးကျော်၏ စကားသည်ပင် သူလက် ခံ
ထားသော နိုင်ငံရေးဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မည်။
ဘာလဲ ဘယ်လဲ
တပ်မတော်မှ အာဏာသိမ်းခဲ့သည့် ၁၉၈၈ မှ
နှစ်ပေါင်း၂၅ နှစ်ကျော်ကာလ အတွင်း ပထမဆုံးအပြောင်းအလဲအဖြစ် ၂ဝ၁ဝ ခုနှစ်တွင်
သမ္မတဦးသိန်းစိန်၏ အရပ်သား အစိုး ရတက်လာခဲ့သည်။ သမ္မတ၏
ပွဲဦးထွက်မိန့်ခွန်းတွင်လည်း ”သန့်ရှင်းသောအစိုးရနှင့်
ကောင်းမွန်သောအုပ်ချုပ်မှု”ဟူသော စကားရပ်ကို ထည့် သွင်းပြောခဲ့ရာ လူကြို
က်များသော စကားဖြစ်ခဲ့သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်စသော
ပုဂ္ဂိုလ်များအပါအဝင် နှစ်ရှည် လများထိန်း သိမ်းခံထား ရသော နိုင်ငံရေး
အကျဉ်း သား များစွာကိုလည်း လွတ်ငြိမ်းခွင့်ပေးခဲ့ရာ အစိုးရသစ်အနေ ဖြင့်
နိုင်ငံတကာဆက်ဆံရေး တံခါးများစွာ ပြန်လည်ပွင့်လာသည်အထိ အားသာချက်များ
ရရှိခဲ့သည်။
သို့သော် ရခိုင်ပြည်နယ်မှ အစပျိုး ခဲ့ပြီး
နိုင်ငံအဝှမ်း မီးကူးခဲ့သောလူမျိုးရေး ပဋိပက္ခ၊ တစ်ကျော့ပြန် ကချင်ပြည်နယ်
စစ်ပွဲတို့၏ ဂယက်က လက်ရှိအချိန် အထိ ကြိမ်မီး အုံး ကဲ့ သို့ ရှိနေဆဲ။
ထို့ပြင် ငြိမ်း ချမ်းစွာစုဝေးဆန္ဒဖော်ထုတ်ခွင့် ရလာ သော်လည်းယင်းဥပဒေပုဒ်မ
၁၈ ကြောင့်ပင် ဦးဆောင်သူများ ဖမ်းဆီးထိန်း သိမ်းခံရခြင်း များ လည်း ဖြစ်
ပွား ခဲ့သည်။ ၎င်းအပြင် ဦးပိုင်နှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီ တို့
ပူးပေါင်းဆောင်ရွက်နေသော လက်ပံတောင်းတောင် အရေးကိစ္စသည် လည်း အကြမ်း
ဖက်နှိမ်နင်း ခံရပြီးေ နာက် မြစ်ဆုံစီမံကိန်းနောက်ပိုင်း
ပြည်သူစိတ်ဝင်စားအရေးဆိုနေဆဲ နိုင်ငံရေးအကျပ်အတည်း ဖြစ်လာခဲ့သည်။
သို့ရာတွင် ရေရာပြတ်သားသော အဖြေက
ထွက်မလာခဲ့။ ထိုကာလများတွင် ပြည်သူများအနေဖြင့် ပြည်တွင်း ရေး
မငြိမ်မသက်မှုများ၊ ဆူပူအကြမ်းဖက်မှုများ အတိတ်ကာ လတုန်းကကဲ့ သို့
တစ်ကျော့ပြန်ဖြစ်လာဦးမလားဟု ကျီးလန့်စာ စားဖြစ်ခဲ့ကြရသည်။ မည်သို့ပင်ဆိုစေ
ဤကာလတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဟူသော အခြေ အနေ များကြား
ပြုပြင်ပြောင်းလဲရေးအတွက် လူထုပါဝင်သော အရေးကြီးသော လှုပ်ရှားမှုအဖြစ်
အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆန္ဒခံယူ လက်မှတ်ရေး ထိုးမှု များ ပြု လုပ်
လျက်ရှိသည်။
”နိုင်ငံရေးနဲ့ပတ်သက်ပြီး
မြင်တွေ့နေရတာတော့ ဆန္ဒတွေပြနေတာပဲမြင်တယ်။ ဒါကိုကြည့်ရင်လက်ရှိ နိုင်ငံရေး
အခြေအနေက ပြည်သူတွေနဲ့နီးစပ်မှု မရှိဘူးလို့ ထင် တယ်။ ပြည်သူတွေက
သဘောမကျလို့ ဒီလိုဆန္ဒပြပွဲတွေဖြစ်နေတာလို့ မြင်တယ်” ဟု သုံးသပ်သူက
တက္ကစီယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုအေးလွင် ဖြစ်သည်။
”အခုကြည့်နေတာ ၄၃၆ ပြင်ဆင်ရေးအတွက်
လက်မှတ်ထိုးဆန္ဒပြတယ်ဆိုတော့ လူတော်တော်များများ လက်မှတ်ထိုးကြတယ်။ ဒါပေမဲ့
ထိုးတဲ့လူတိုင်း ကိုကြည့်။ ၄၃၆က ဘာလဲဆိုတာသိလား မေးကြည့် လူတိုင်းမသိဘူး။
မသိလည်း ဒီလိုပဲဝင်ထိုးနေကြတယ်။ ဒါတွေကိုတော့ သဘောမကျဘူး။ ပြည်သူတွေသိအောင်
အသိပေး ဟောပြော ပွဲတွေကို မြို့နယ် အသီးသီးမှာ ပြုလုပ်ပေးမယ်ဆိုရင် ဒီလို
လက်မှတ်ထိုးဆန္ဒပြတာက ပိုပြီးအကျိုး သက်ရောက်မှုရှိနိုင်မယ်လို့ ထင်တယ်”ဟု
လက်ရှိနိုင်ငံရေး အနေအထား အပေါ် သူက ဝေဖန်သည်။ လက်ရှိနိုင်ငံရေးအနေအထားကိုမူ
၎င်းကမျှော်လင့်ထားသလို ဖြစ်မလာသေးဟု ဆိုပါသည်။
”သေးသေးမွှားမွှား ကိစ္စလေးတွေ ဖြစ်တဲ့
ဆီဈေးတွေဆိုလည်း ကြီးတယ်။ မီတာခလည်း ကြီးတယ်။
ဒီအတိုင်းပဲကုန်ဈေးနှုန်းတွေဆိုလည်း ကြီးတယ်။ အဲ့ဒီတော့ မိသားစု စား
ဝတ်နေရေး အတွက်ပူပန်ရပြန်တယ်”ဟု ကိုအေးလွင်က သူ့စိုးရိမ်စိတ်ကို
ထုတ်ဖော်ပြသည်။
အစမကောင်းတော့ အနှောင်းကလည်း . . .
ပြည်သူတို့၏ နိုင်ငံရေးရေချိန်
ယင်းကဲ့သို့ဖြစ်ပေါ်ရခြင်းမှာ မြန်မာနိုင်ငံတွင် အာဏာရှင်
စနစ်ထွန်းကားခဲ့သည့်အလျောက် လွတ်လပ်စွာထုတ်ဖော်ရေး သားခွင့်၊ ပြော ဆို
ခွင့်များနှင့် လူ့အခွင့်အရေးများစွာ ပိတ်ဆို့တားဆီးခံခဲ့ရခြင်း၏
အကျိုးဆက်ဟု ပညာရှင်များစွာ တို့က ပြောဆိုရေးသားခဲ့ကြခြင်းအပေါ်
အငြင်းပွားရန် လို မည်မဟုတ်။ အမရ ပူရမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးသိန်းထွန်းဦးကတော့ ပြည်သူတို့၏ အဆိုပါအခြေအနေအပေါ် ”အခုက
ဒီမိုကရေစီကအစပဲ ရှိသေး တာ ပေါ့။ ဒီလိုမျိုးတွေ က ဒီမိုကရေစီကို စတဲ့
နိုင်ငံတိုင်းမှာ တွေ့နေကျပါ” ဟု သုံးသပ်သည်။
၎င်းကဆက်၍ ”ပြည်သူကတော့ စားဝတ်နေရေးကို
အဓိကထားတာ ဟုတ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူကအခုချိန်မှာ
အပျိုစင်လေးနဲ့တူပါတယ်။ သူတို့အတွက် စား ဝတ်နေရေးကို အဓိက ထားနေတော့
နိုင်ငံရေးကို စိတ်မဝင်စားတာမျိုးဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။ အဆိုပါ
အခြေအနေများထဲ အစိုးရအပြောင်းအလဲနှင့် အတူ ပြန် လည် အသက်ဝင်လာသော
လွှတ်တော်၏အခန်းကဏ္ဍအပေါ်တွင်လည်းပြည်သူ၏စိတ်ဝင်စားမှု က
လျော့ရဲနေသေးခြင်းကိုလည်း ငြင်းမရ။ Marketing Supervisor တစ် ဦးဖြစ်သည့်
မခိုင်ခိုင်က ”အခုမြေအသိမ်းခံနေရလို့ ဆန္ဒပြကြတယ်။ ကျွန်မသိသလောက် တော့
အစိုးရက ဘာပြန်လုပ်ပေးလိုက်တယ်။ ဘယ်နေရာမှာတော့ ဘာတွေပြန် ရသွားတယ်ဆိုတာ
တိတိကျကျမကြားမိသလောက်ပဲ။ ဒီတော့ ပြည်သူ့ဆန္ဒလို့သာ ပြောနေတယ်။
ပြည်သူကို ကိုယ်စားပြုတဲ့
လွှတ်တော်အမတ်တွေကရော ပြည် သူတွေနဲ့ ဘယ်လောက်ထဲထဲဝင်ဝင် ရှိ နေလို့လဲ။
ဘယ်သူက ကျွန်မတို့ဆီလာ လို့လဲ”ဟု မေးခွန်းထုတ် သည်။ အမရပူရမြို့နယ်
ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက တော့
ယင်းသို့လွှတ်တော်ကိုယ်စားလှယ် များအပေါ် ဝေဖန်မှုများနှင့်ပတ်သက်၍
”လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ကလည်း
လွှတ်တော်အတွေ့အကြုံကို ပြည်သူတွေကို ပြောပြဖို့ လိုပါတယ်။ ဒါပေမဲ့
ပါတီစုံဒီမိုကရေစီ ဖြစ်နေတော့ စည်း တို့ ဘောင် တို့အတွင်းကနေ လုပ်ရ
မယ်ဆိုတော့ စည်းဘောင်အတွင်းကပဲ လုပ်ရမှာပေါ့။ ပါတီစုံတွေကပြည်သူတွေ
ရွေးကောက်တင်မြှောက် လွှတ်တော် ကိုယ်စား လှယ်တွေ က လည်း ဒါကိုလုပ်
ဆောင်ပေးရင် နောင်တစ်ချိန်ကျရင် ပြည် သူတွေနိုင်ငံရေးကို သိလာမယ်လို့ ယုံ
ကြည်ပါတယ်”ဟု အားနည်းချက်များနှင့် လုပ်ဆောင် ဖွယ်ရာများအပေါ်
သူ့အမြင်ကိုပြောသည်။
အောင်ပန်းမြို့နယ် လူငယ်ညီလာခံ
ကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးမင်းလွင်ဦးကမူ
”ပြည်သူ တွေအားလုံးက ရွေးချယ်တင်မြှောက်ထား တဲ့ရွေးကော က်ပွဲ
မဟုတ်ခဲ့ဘူးလေ။ အဲဒါ ကြောင့် ပြည်သူတွေက နိုင်ငံရေးဘက် အားနည်းနေတာ”ဟု
သူ့အမြင်အတိုင်း ဝေဖန်လိုက်သည်။ ”သူတို့ကိုယ်စားလှယ်တွေကို သူတို့ ကိုယ်
တိုင်လည်း မသိဘူးဖြစ်နေတယ်။ အဲလိုမျိုးတွေက အများကြီးရှိနေတယ်။
ကျွန်တော်ပြောတာက တစ်နိုင်ငံလုံးကိုခြုံပြောတာ။ ပြည်သူတွေက မဲပေးတယ်။ ဘယ်သူ
ဘယ်ဝါ ဆိုတာ မသိဘူးဖြစ်နေတယ်”ဟု ၎င်းက ထပ်လောင်းဆိုသည်။
များများထိ များများသိ
လက်ရှိအနေအထားအရမူ အဓိကအားဖြင့်
ပြည်သူများနှင့် ကိုယ်စားလှယ်များ ထိတွေ့ခွင့်အားနည်းခြင်းကြောင့်
ဖြစ်ကြောင်း ဦးမင်းလွင်ဦးက သုံးသပ်သည်။ ”ပုဒ်မ ၄၃၆ ကိစ္စကို
ကျွန်တော်တို့ကွင်းဆင်းလုပ်တဲ့အခါမှာ မြို့ကလူတွေ လောက်ပဲ သိကြတယ်။
ရွာကလူတွေမသိကြဘူး။ အဲဒါကြောင့် ဒီပုဒ်မက ပြည်သူ တွေအားလုံးနဲ့ သက်ဆိုင်
တယ်ဆိုတာကိုသိရအောင် အောင်ပင်လယ်ဟောပြောပွဲ အခွေဖွင့်ပြတာတို့၊
လက်ကမ်းစာစောင်ဝေတာတို့ လုပ်ရတယ်”ဟု ၎င်းက သူ့ အတွေ့အကြုံနှင့်ယှဉ်၍ ဆိုသည်။
တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ
ကိုရှိန်းထက်ကျော်ကလည်း သူ့အမြင်ကို ဤသို့ပြောသည်။ ”ကျွန်တော်ကတော့
နိုင်ငံရေးကိုနည်းနည်းတော့ စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ ပုဒ်မ ၄၃၆ ပြင်ဖို့ကို
လက်မှတ်မထိုးဘူး။ နိုင်ငံရေးဆိုတာ ကျွန်တော်တို့နဲ့
သိပ်မဆိုင်သေးဘူးထင်တယ်။ တိုင်း ပြည်တိုးတက်ဖို့ ကပြည်သူတွေ ထက် နိုင်
ငံတော် သမ္မတတို့ ဝန်ကြီးတို့မှာ ပိုပြီးတာဝန်ရှိတယ်ထင်တယ်”ဟု သူကပြောသည်။
အတိတ်ကာလတပ်မတော်အာဏာသိမ်းခဲ့ပြီးရှင်သန်လာရသော
အခြေအနေ နှင့် လတ်တလောအိမ်နီးချင်း
ထိုင်းနိုင်ငံတွင်ဖြစ်ပွားနေသောနိုင်ငံရေးအခြေအ နေများနှင့် ပတ်သက်၍
နှိုင်းယှဉ်မေးမြန်းခဲ့ခြင်းကိုတော့ ၎င်းက ”တပ်မတော် အာဏာသိမ်းတာမလိုချင်ဘူး။
ဘာလို့လဲဆိုတော့ တပ်မတော်အာဏာသိမ်းခဲ့လို့ ကျွန်တော်တို့ ကျောင်း သားတွေ
မြို့ပြင်မှာ တက္ကသိုလ်တွေသွားတက်ရတယ်။ အခု ကျောင်းသားတွေထဲက တချို့ကျတော့
မြို့ထဲမှာတက်ရတယ်ဆိုတော့ သဘော ကျပါတယ်”ဟု ကိုရှိန်း ထက်ေ ကျာ်က ဆို သည်။
လူငယ်တစ်ယောက်၏ နိုင်ငံရေးမျှော်
လင့်ချက်နှင့်ပတ်သက်၍မူ သူက ”အစိုးရ နဲ့ (NLD) နဲ့ နှစ်ခုယှဉ်ရင် ဘယ်ဘက်ကို
အားပေးတယ်ရယ် အားကိုးရယ်တယ် လို့ တော့ မရှိဘူး။ ဘယ်သူပဲသမ္မတဖြစ်ဖြစ်
နိုင်ငံတော်ကို ကောင်းကောင်းဦးဆောင်ပြီး နိုင်ငံတော်ကြီး
တကယ်တိုးတက်လာမယ်ဆိုရင်တော့အားလုံးကို ကြိုဆိုပါတယ်” ဟု ဆိုပါ သည်။
ပခုက္ကူမြို့နယ်မှ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင် အသက် ၃ဝ ကျော်
ခန့်ရှိ ကိုဇင်မင်းထွန်းကတော့ ”နိုင်ငံရေးကို စိတ်ဝင်စားပါတယ်။
နိုင်ငံသားတိုင်း မိမိ နိုင် ငံရေးကို စိတ်ဝင်စားသင့်တယ်လို့ ယူဆလို့ပါ”ဟု
ပြောသည်။
”ပြောရရင်တော့ဗျာ ပြည်သူဆိုသော လူတွေကို
ဘယ်လိုရာခိုင်နှုန်းနှင့် သတ်မှတ်မှာလဲဆိုတဲ့ အပေါ်မှာ
မူတည်ပါတယ်။ပြည်သူ့ဆန္ဒကို ထိရောက်မှုဆို တာကလည်း ခံ ယူ ချက်ကြည့်သောသူ
အမြင်ဘက်မှာ ကွဲလွဲမှုတွေ ရှိနိုင်တာမို့ လက်တွေ့ကျမှုမကျမှုဆိုတာက
နိုင်ငံရေးစနစ်တစ်ခုနှင့် တစ်ခုအကူးအပြောင်းမှာ စိတ် ဆန္ဒတွေ ပြင်းပြ မှု
အပေါ်အချိန်ကာလက အဆုံးအဖြတ် ပေးပါလိမ့်မယ်” ဟု လည်း သူကသုံးသပ်သည်။
ထို့ပြင် ”အပြောင်းအလဲကာလမှာ
နိုင်ငံတိုင်းဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝ တွေပါ။ မြန်မာပြည်သူအများစုဟာ
ဒီမိုကရေစီနိုင်ငံရေးစနစ်က ဘာလဲဆိုတာ မသိသူတွေ အ များကြီးရှိသလို
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မဖတ်ဘူးတဲ့၊ မသိနားမလည်တဲ့
ပြည်သူတွေအများ ကြီးရှိပါတယ်။ ပြည်သူအများစုဟာ သူတို့ ဘဝကို ကိုယ်လုပ်မှ
ကိုယ် စားရတယ်။အပြောင်းအလဲကို မခံစားရဘူးလို့ ပြော နေကြတာဟာ အဓိကပြဿနာ
မဟုတ်ပါ ဘူး”ဟု ၎င်းကသုံးသပ်ခဲ့ပြီး Stake Holder (အစိုးရ)နှင့် Political
Player တို့သည် နိုင်ငံတော်တည်ဆောက်ရေး State Building တွင် ပြည်သူများ၏
Capacity Building ကို စီစဉ်ဆောင်ရွက်ပေးရာတွင် လူ့စွမ်းအား အရင်းအမြစ်ကို
ဖွံ့ဖြိုး တိုး တက်အောင် စီမံဆောင်ရွက်မှုအားနည်းခြင်းကသာ အဓိကပြဿနာဟု
ဆိုသည်။ ”ဆိုလိုတာက ပြည်သူတွေ နိုင်ငံရေး အသိအမြင်နိုင်ငံရေးရေချိန်မြင့်
စေချင်တယ်ဗျာ”ဟု ကိုဇင်မင်းထွန်းက သူ့ဆန္ဒကို ထုတ်ဖော်ပြောခဲ့သည်။
စနစ်ကောင်းရင် ရှေးစကားလည်း တရားပဲ
၁၉၄၇ ဇွန်၆ရက်နေ့တွင် စတင်ကျင်းပသည့်
‘ဆိုရန်တိုဗီလာ’(ယခု-ပြည်လမ်းစာပေဗိမာန်) အဆောက်အဦ၌ ဗိုလ်ချုပ်အောင်ဆန်းက
ပြန်လည်ထူထောင်ရေး ကွန်ဖရင့်၌ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ယင်းကာလ၌
တွေ့ကြုံနေရသည့် ပြဿနာအခြေအနေများအတွက် ဖြေရှင်းရှာကြံရမည့်အချက် ၈ ချက်ကို
ပြောခဲ့သည်။ အဆိုပါ အချက်များသည် မည်သည့်အစိုးရခေတ်မဆို ဂရုတစိုက်
ဆောင်ရွက်သင့်သော အချက်များဟုလည်း ယူဆနိုင်ပေသည်။ ယင်းအချက်များမှာ
၁။ နေထိုင်ရေးစရိတ်လျှော့ပေါ့ရန်၊ တိုင်းသူပြည်သားများ၏ နေထိုင်ရေး စရိတ်ကို နဂိုအခြေသို့ ပြန်ရောက်အောင် ပြုပြင်ပေးရန်
၂။ အလုပ်လက်မဲ့များလျော့ သွားအောင် တတ်နိုင်ပါက အလုပ်လက်မဲ့ လုံးဝပပျောက်သွားအောင် ပြုပြင်ပေးရန်
၃။ လမ်းပန်းအဆက်အသွယ်များကို ပြန်လည်ထူထောင်၍ တိုးချဲ့ပေးရန်
၎။ အိုး ခြေအိမ်ခြေပြန်လည်ထူထောင်နိုင်အောင် စီစဉ်ပေးရန်
၅ ။ ပညာရေးပြန်လည်ထူ ထောင်ရန်
၆။ ပြည်သူလူထုများ ကျန်းမာ ရေးအတွက်စီစဉ်ပေးရန်
၇။ နိုင်ငံအုပ်ချုပ် ရေးကို စေတနာကောင်းစွာနှင့် သန့်ရှင်း ကျေပွန်စွာ ထမ်းရွက်ခြင်းရှိအောင်ပြုပြင် ပေးရန်
၈။ နိုင်ငံငြိမ်းချမ်းသာယာလာ အောင် ရွက်ဆောင်ပေးရန်တို့ ဖြစ်သည်။
မည်သို့ပင်ဆိုစေ နောက်ကြောင်း
ပြန်မလှည့်ရေးဟု အားလုံးမျှော်လင့်ထားသည့်နည်းတူ ပြည်သူ့ဆန္ဒစစ်စစ်မပါခဲ့
စေကာမူ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သည်လည်း အ သက်ဝင်ခဲ့ပြီး အရပ်သား
အစိုးရသစ်သည်လည်း သက်တမ်းအား ဖြင့် ၄ နှစ်အတွင်းရောက်လာခဲ့ပြီ ဖြစ်သည်။
အဓိကအတိုက်အခံဖြစ်သည့် NLD ပါတီအနေဖြင့် မကြာ မီလာတော့မည့်
ဒုတိယအကြိမ်ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း အခြားပါတီများနှင့်အတူ
လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။
ထို့အပြင် ၂ဝ၁၅
ပြည်လုံးကျွတ်ရွေးကောက်ပွဲတွင်လည်း ပါတီစုံဒီမိုက
ရေစီစံနှုန်းကျကျရွေးကောက်ပွဲ ဖြစ်လာစေရန် အဓိကထား ကြိုးစားနေကြသလို
အရေးပါသည့် ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်လည်း
ပြည်သူအားလုံးပါဝင်နိုင်မည့် လှုပ်ရှားမှုတို့ကို ပြုလုပ်နေပြီ ဖြစ်သည်။
”အဓိကတော့ပြည်သူတွေကို
နိုင်ငံရေးပိုင်းမှာ ပါဝင်ပတ်သက်ခြင်း မရှိအောင် ပြုလုပ်ထားတာလေ။
ဒီလိုလုပ်တာလည်း ခုမှမဟုတ်ဘူးနှစ်ပေါင်းများစွာ ကြာနေပြီ။ ပြီးတော့
ဒီဘက်ခေတ်လူနေမှုအဆင့်အတန်းမှာလည်း စားဝတ်နေရေးက တော်တော်လေးခက်ခဲတဲ့အတွက်
ရုန်းကန်လှုပ်ရှားရတဲ့အတွက် ဒီအပေါ်မှာ စိတ်သိပ် မနှစ်နိုင်တာ လည်း
ဖြစ်နိုင်တယ်လေ။ အဲ့ဒါကြောင့် စိတ်ပါဝင်စားမှု မရှိအောင်
စနစ်တကျလုပ်ခဲ့တဲ့ဒဏ်တွေကို ကျွန်တော်တို့ အခုခံခဲ့ရတာပေါ့”ဟု သုံး
သပ်ခဲ့သူကတော့ ကိုဒီငြိမ်း လင်းဖြစ်သည်။
ဆက်လက်၍ ၎င်းက ”တချို့က
လက်မှတ်ထိုးတဲ့နေရာမှာ မပါဝင်ဘူး။တချို့က မသိဘူးဆိုတာနိုင်ငံရေးအရ
ပွင့်လင်းမြင်သာမှု မရှိဘူးလို့တော့ ကျွန်တော်က မြင် ရ မှာပဲ။
နိုင်ငံရေးဆိုတဲ့အရာမှာ ပြည်သူတွေပါဝင်သင့်တာပေါ့။နိုင်ငံရေး
ဆိုတာနိုင်ငံသားနဲ့ သက်ဆိုင်တယ်။ သူ တို့ စားဝတ်နေရေးခက်ခဲတယ် ဆိုတာ လည်း
ဒီနိုင် ငံရေးပြဿနာကြောင့် ဖြစ် နေတာပဲ။ ကျွန်တော်တို့နိုင်ငံ
ဒီလိုအဆင်းရဲဆုံး ဖြစ်နေတာလည်း ဒီနိုင်ငံရေးပြဿနာကြောင့် အခက်အခဲတွေ
ဖြစ်နေတာပဲလေ။ သူတို့ကိုယ်တိုင် ဒါ ကိုမပါဘူး။ သူတို့နဲ့ မပတ်သက်ဘူးလို့ထင်
ရင်ဒါက ပိုပြီးဆိုးလာဖို့ပဲ ရှိတယ်လေ။ ကျွန်တော်တို့က နိုင်ငံရေးစနစ်ကို
ပြောင်းဖို့ ကြိုးစားနေတဲ့အခါမှာ ကျွန်တော်တို့က သူ တို့ရဲ့အားတွေအများကြီး
လိုတယ်။ ဒါကိုသူတို့က သူတို့နဲ့မဆိုင်သလိုဆက်ပြီး နေနေမယ်ဆိုရင်
ကျွန်တော်တို့ ရှေ့ဆက်တိုးဖို့ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ သူတို့ ကိုယ်
တိုင်လည်း နိုးကြားဖို့လိုပါတယ်”ဟု ကိုဒီငြိမ်းလင်းက ပြည်သူများ
နိုင်ငံရေးတွင် စိတ်ပါဝင်စားမှုအားနည်းနေခြင်းအပေါ် သုံးသပ်ပြောဆိုသည်။
ထို့အတူ ၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်းအလုပ်သမားရေးရာ ဒုတိယတာဝန်ခံ မမာမာ ဦးကတော့ ”အခုက
ပြည်သူလူထုက အားယူခါစအ ချိန် ဖြစ်နေသေးတယ်။ တစ်ဖက်ကလည်း
ဒီမိုကရေစီဆီသွားနေတဲ့အချိန်။ ဖိအားတွေများနေတယ်လေ။ ပြည်သူလူထုရဲ့
ဖြတ်သန်းခဲ့တဲ့စိတ်ဓာတ် နဲ့အားကို ယုံကြည်ပါ တယ်။ အခုက သို့ လောသို့လောက
ဖြစ်နေသေးတယ်လေ။ လူထုရဲ့အားကို
ရှစ်လေးလုံးအရေးတော်ပုံတုန်းကလည်းတွေ့ခဲ့ရတာပဲ”ဟု သူ့အမြင်ကို ပြောသည်။
အလယ်ပစ္စယံညီလာခံတွင် ပြောကြားခဲ့သည့်ု
နိုင်ငံရေးသဘောတရား၏နောက်ဆက်တွဲအဖြစ်လည်း ဗိုလ်ချုပ်အောင်ဆန်းက
”အလုပ်သမားသည် အခ ကြေးငွေကို တိုး တက်၍ရပြီးလျှင် စားသာသောက်သာသော
အခြေအနေကို ရလို၏။ တောင်သူလယ်သမားသည် မိမိ၏လယ်မြေကိုကောင်းမွန်စေ၍ သက်သာ
ချောင်ချိလို၏။ စာရေး စာချီ အမှုထမ်းတို့ သည်လည်း ရုံး၌ တကုတ်ကုတ်လုပ်နေရ
သောဘဝထက် လွတ်လွတ်လပ်လပ် ချောင်ချောင်လည်လည်ရှိသော အခြေ
အနေသို့ရောက်လိုကြ၏။ ကုန် သည် ပွဲစား တို့လည်း လွယ်လွယ်ကူကူတိုးချဲ့၍ ကူး
သန်းရောင်းဝယ်လိုကြ၏။ ဤကဲ့သို့ လူ တိုင်းလူတိုင်း မိမိတို့၏ အခွင့်အရေးကို
ရယူလိုခြင်း သည် နိုင် ငံရေး ပင်ဖြစ်၏”ဟူ၍ ထည့်သွင်းပြောခဲ့သည်။
ဥပဒေဘွဲ့ရထားသည့် မခိုင်ခိုင်က တော့
နေ့စဉ်ထုတ်သတင်းစာတစ်စောင်ကိုဖတ်နေရင်းမှ မေးခွန်းများကိုဖြေရင်း
”အဓိကကတော့ ဆူပူတာတွေ၊ လူမျိုးရေး ပြဿနာတွေနဲ့ ထိတ်လန့်နေရတာတွေ
ဘာမှမဖြစ်ဘဲ ကိုယ့်မိသားစုနဲ့ကိုယ် အေးအေးချမ်းချမ်းလေး နေချင်တယ်။
အဲဒီလိုမဖြစ်ရင်ဘဲ တော်ပါပြီ”ဟုပြော သည်။ ထို့အတွက် နိုင် ငံရေး ဆိုသည်ကို
သူနားလည်လက်ခံထားသည့် အယူအဆ ရှိပါသလားဟု နောက်ဆုံးမေးဖြစ်တော့
သူကမဆိုင်းမတွပင် ”စားဝတ်နေရေးပြေ လည်စေချင် တာ နိုင်ငံရေး ဆို ရင်တော့
ဒါကျွန်မနားလည်ထားတဲ့ နိုင်ငံရေးပါပဲ”ဟု ဆိုပါသည်။
စိုင်းလမင်း၊ ဇေဝေယံ၊ ရန်နိုင် အောင်ခွန်းဆက်တာဝန်ယူရေးဖွဲ့သည်။
Credit - popular news