ကမ္ဘာ့နိုင်ငံပေါင်း ၂၀ကျော်ပါဝင်သော အာရှဒေသတွင်း
အရေးကြီးဆုံးလုံခြုံရေးဖိုရမ် (ARF) ကို နေပြည်တော်တွင် ပထမဆုံးအကြိမ်
လက်ခံကျင်းပခဲ့သည်။ ယူကရိန်းပိုက်နက်အတွင်း မလေးရှားလေယာဉ် ပစ်ချခံရမှု၊
တောင်တရုတ်ပိုင်နက်အငြင်းပွားမှု၊ ဟားမားစ်-အစ္စရေးအရေးအခင်းနှင့်
မြောက်ကိုရီးယား၏ အဏုမြူလက်နက်စမ်းသပ်မှုများကြောင့် အာရှတစ်ဝန်း
မငြိမ်သက်မှုမြင့်တက်နေချိန်တွင် ယခု အစည်းအဝေးကျင်းပခဲ့ခြင်းဖြစ်သည်။
အာဆီယံနိုင်ငံခြားရေးဝန် ကြီးများအစည်းအဝေးနှင့် ဆက် စပ်အစည်းအဝေးများအဖြစ် အာရှဒေသတွင်း ဖိုရမ်နှင့် အရှေ့ အာရှထိပ်သီးအစည်းအဝေးတို့ ကို မြန်မာက အိမ်ရှင်အဖြစ် ကျင်း ပခြင်းဖြစ်ပြီး အမေရိကန်၊ ဥရောပ သမဂ္ဂ၊ ရုရှား၊ ကနေဒါ၊ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယနှင့် မြောက်ကိုရီးယားတို့မှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
တစ်ကမ္ဘာလုံးက စိတ်ဝင်တ စား စောင့်ကြည့်နေသော ဒေသတွင်း စိန်ခေါ်မှုများ မြင့်တက်နေချိန်တွင် အစည်းအဝေးကို ဦး ဆောင်ရသည့် မြန်မာအတွက် ဖိ အားနှင့် အကျပ်ရိုက်မှုအချို့ ကြုံ တွေ့ခဲ့ရသည်။ အထူးသဖြင့် တံ ခါးပိတ်ဝါဒကျင့်သုံးပြီး မြန်မာနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသော မြောက်ကိုရီးယား တက်ရောက် မည်ဖြစ်၍ မြန်မာ့မြေပေါ်က အင် အားကြီးနိုင်ငံများနှင့် မြောက်ကို ရီးယားတို့ကြား ဆက်ဆံရေးကို စောင့်ကြည့်နေခဲ့ကြသည်။
မြန်မာက အစည်းအဝေး များကို ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံခမ်း နားစွာ ဆောင်ရွက်နိုင်သော်လည်း ပါဝင်ဆွေးနွေးမှုတွင် အသံတိတ် နေခဲ့သည်။ လုံခြုံရေးအတွက် တ ရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယား တို့ကို ကမ္ဘာ့နိုင်ငံများက ဖိအား ပေးသော်လည်း မြန်မာသည် အိမ် ရှင်နိုင်ငံအဖြစ် အစည်းအဝေး သဘာပတိ နေရာသာယူ၍ ၀င် ရောက်ဆွေးနွေးခဲ့ခြင်းမရှိ။ အာ ဆီယံထဲက ထိုင်း၊ မလေးရှားနှင့်အင်ဒိုနီးရှားတို့က တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားတို့၏ လုပ်ရပ်က ပထ၀ီဝင်အနေအထားအရ အရှေ့တောင်အာရှဒေသလုံခြုံရေးကို ခြိမ်းခြောက်လာနိုင်မည်ဟု ၀င်ရောက်ဆွေးနွေးခဲ့သည်။
သို့သော် အစည်းအဝေးများ ပြီးဆုံးချိန်တွင် အားလုံးသဘော တူ လက်ခံနိုင်သည့် ထုတ်ပြန် ချက်မျိုးကို မြန်မာက အကောင်းဆုံးညှိနှိုင်းနိုင်ခဲ့သည်ဟု အာဆီယံလေ့လာသုံးသပ်သူများက ဆိုသည်။
အာရှဒေသတွင်း တရုတ်တို့ အင်အားကြီးထွားလာမှုကို ထိန်းချုပ်ရန် ၁၉၉၄ တွင် ARF ကို စတင်ကျင်းပခဲ့သည်။ ARF သည် အမေရိကန်နှင့် အနောက်နိုင်ငံများ အာရှတွင် လာရောက်ဆွေးနွေးနိုင် သည့် တစ်ခုတည်းသော စင်မြင့် ဖြစ်ခဲ့ပြီး မြောက်ကိုရီးယား၏ နျူ လက်နက်ပိုင်ဆိုင်ရေး၊ တောင်တ ရုတ်ပင်လယ်အရေး၊ မဲခေါင်ဒေ သတွင်း စစ်မက်မဖြစ်ပွားရေးနှင့် အကြမ်းဖက်မှုများ ကာကွယ်ရေး မှာ ဖိုရမ်၏ အဓိကဆွေးနွေးကြ သည့် အချက်များဖြစ်သည်။
တရုတ်တို့ လွှမ်းမိုးထားသည့်တောင်တရုတ်ပင်လယ်အရေး
ARF နှင့် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေး မစတင်မီ နှစ်ရက်အလိုတွင် တ ရုတ်က အငြင်းပွားတောင်တရုတ် ပင်လယ်အတွင်း ကျွန်းငါးကျွန်း တွင် မီးပြတိုက် ငါးခုတည်ဆောက် မည်ဟု သတင်းထုတ်ပြန်လိုက် သည်။ တရုတ်နိုင်ငံ၏ အချုပ် အခြာအာဏာပိုင် အခွင့်အရေး နှင့် ဒေသတွင်း အကျိုးစီးပွားတို့ကို အမေရိကန်က လေးစားရန်လိုပြီး အပြုသဘောဆောင်သည့် ဝေဖန်မှုကိုသာ ကြိုဆိုမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက ပြောသည်။ တောင်တရုတ်ပင်လယ်တည်ငြိမ်ရေးကို ထိန်းသိမ်းထားပြီး ရန်လိုသည့် အပြုအမူများကိုလည်း တရုတ်နိုင်ငံက တုံ့ပြန်သွားမည်ဖြစ်ကြောင်း တင်းမာသည့် သဘောထားကို တရားဝင်ထုတ်ပြောခဲ့သည်။ တရုတ်၏တင်းမာစွာ တုံ့ပြန်မှုများအပေါ် ဖိလစ်ပိုင်၊ ဗီယက်နမ်တို့က ပြင်းထန်စွာ ကန့် ကွက်ကြသော်လည်း အစည်းအဝေးအပြီးတွင် မြန်မာက အားလုံးသဘောတူနိုင်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်နိုင်အောင် ညှိနှိုင်းနိုင်ခဲ့သည်။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်တွင် တောင်တရုတ်အရေးကို နိုင်ငံတကာ ဥပဒေများအတိုင်း ဖြေရှင်းရန်ဖြစ်ပြီး အငြင်းပွားနိုင်ငံများကြား လိုက်နာရန် လုပ်ထုံးလုပ်နည်း (COC) ကို နှစ်ကုန်ပိုင်းတွင် အပြီးရေးဆွဲနိုင်မည်ဟု ခန့်မှန်းထားသည်။
‘‘ဒီကြေညာချက်အရ မြန်မာ က အများကြီး လုပ်နိုင်ခဲ့ပါတယ်။ COC အပြီးဆွဲဖို့ကတော့ အားလုံး ၀ိုင်းလုပ်ရမယ်။ ဒါအရေးကြီးဆုံး ပဲ’’ ဟု အာဆီယံရေးရာ ကျွမ်း ကျင်သူ က၀ီက ပြောသည်။
သွေးတိုးစမ်းနေဆဲ မြောက်ကိုရီး ယားနှင့် အာဆီယံဆက်ဆံရေး
၂၀၀၃ ခုနှစ်က နျူလက် နက်ပိုင်ဆိုင်သည့် ခြောက်နိုင်ငံ အစည်းအဝေးမှ နုတ်ထွက်ခဲ့ သော မြောက်ကိုရီးယားကို နှစ်နာ ရီကြာ တံခါးပိတ်ဆွေးနွေးခဲ့သော အာရှဒေသတွင်း ဖိုရမ်တွင် ဂျွန် ကယ်ရီက နျူလက်နက်စွန့်လွှတ် ရန်နှင့် နိုင်ငံတကာ နျူစွမ်းအင် အေဂျင်စီ၏ နိုင်ငံတွင်းစစ်ဆေးမှု ကို ခံယူရန် ဖိအားပေးခဲ့သည်။ မြောက်ကိုရီးယားကမူ အမေရိ ကန်၏ ရန်လိုသော အပြုအမူ ကြောင့် နျူလက်နက်စမ်းသပ် သည်ဟု တုံ့ပြန်ခဲ့သည်။
ခြောက်ပါတီဆွေးနွေးပွဲမှာ အရှေ့တောင်အာရှတွင် နျူက လီးယားကင်းမဲ့ဇုန်ဖြစ်ရေးအ တွက် အလွန်အရေးပါပြီး နိုင်ငံ အားလုံး လက်မှတ်ထိုးမှသာ ဇုန် အသက်ဝင်မည်ဖြစ်သည်။ မြောက်ကိုရီးယားကို ခြောက်ပါ တီအစည်းအဝေးတွင် ပြန်လည် ပါဝင်ရန် မြန်မာက စည်းရုံးနိုင် မည်ဟု မျှော်လင့်ခဲ့သော်လည်း မြန်မာက လက်ရှောင်ခဲ့သည်။ ထိုင်းအပါအ၀င် ARF အဖွဲ့ဝင် နိုင်ငံများက ခြောက်ပါတီဆွေး နွေးပွဲဆီ ပြန်သွားရန် မြောက်ကို ရီးယားကို တောင်းဆိုခဲ့သော် လည်း မြောက်ကိုရီးယားနိုင်ငံခြား ရေးဝန်ကြီးက လက်မခံခဲ့ပေ။
‘‘နိုင်ငံတွေအားလုံး ဆန္ဒရှိမှ ကျွန်တော်တို့က စီစဉ်ပေးလို့ရမှာ ပါ။ အခုလည်း မြောက်ကိုရီးယား နဲ့ သီးသန့်အစည်းအဝေးတွေ လုပ်ဖို့ နှစ်ဖက်သဘောတူလို့ တွေ့ နေကြတာပဲ။ မြန်မာအနေနဲ့ အ ကောင်းဆုံး စီစဉ်ပေးထားတာပါ’’ ဟု အာဆီယံရေးရာ ပြောရေးဆို ခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။
ထို့ပြင် အစည်းအဝေးအား လုံး ပြီးသွားပြီး နောက်တစ်နေ့ တွင်မှ မြောက်ကိုရီးယားက မြန် မာသို့ တရားဝင်အလည်အပတ် ခရီးစဉ်ကို စတင်ခဲ့ပြီး အာဆီယံ နှင့် နိုင်ငံတကာဆက်ဆံရေးကို မျက်ခြည်ဖြတ်ခဲ့သည်။ အစည်းအ ဝေးကာလတွင်လည်း အလွန်သို သိပ်စွာနေခဲ့ပြီး အာဆီယံအတွင်း တရုတ်မိတ်ဖက်ဖြစ်သည့် မွန်ဂို လီးယား၊ မလေးရှားတို့နှင့်သာ သီးသန့်တွေ့ဆုံမှုပြုလုပ်ခဲ့သည်။ ထို့ကြောင့် မြန်မာနှင့် တရုတ်မိတ် ဖက်နိုင်ငံများကလွဲ၍ အခြားဆွေး နွေးဖက်နိုင်ငံများနှင့် မြောက်ကို ရီးယားက ရင်းနှီးလိုစိတ်မရှိသေး ကြောင်း အစည်းအဝေးအစီအ စဉ်များက ဖော်ပြနေသည်။
‘‘မြောက်ကိုရီးယားရဲ့ နျူ လက်နက်ကိစ္စကို ဂျပန်ရော၊ အ မေရိကန်ကပါ အရမ်းစိုးရိမ်တယ်။ ဒါကို မြန်မာက အာဆီယံဥက္ကဋ္ဌအ နေနဲ့ ကောင်းကောင်းကိုင်တွယ် ခဲ့ပါတယ်။ ထုတ်ပြန်ချက်မှာဆို အားလုံးလက်ခံနိုင်တဲ့ ယူအင်န် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ် ချက်အတိုင်း လုပ်ဖို့ဆိုပြီး ထုတ် ပြန်ထားတာပါ’’ ဟု အာဆီယံရေးရာကျွမ်းကျင်သူ က၀ီက ပြောသည်။
မြန်မာကို ဖိအားပေးခြင်းထက် ပူး ပေါင်းဆောင်ရွက်ဖို့ တောင်းဆိုတဲ့မြန်မာ-အမေရိကန်ဆက်ဆံရေး
ARF ကို တက်ရောက်ရန် နေပြည်တော်သို့ လာရောက် သည့် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ခရီးစဉ်မှာ မြန်မာ-အမေရိ ကန်ဆက်ဆံရေးကို ထူးခြားသည့် အပြောင်းအလဲများ ဖြစ်မသွားစေ ခဲ့။ အားလုံးစိတ်ဝင်စားကြသော အမေရိကန်အထက် လွှတ်တော် အမတ်များ၏ မြန်မာကို ဖိအား ပေးရန်စာအကြောင်းကို ဂျွန်ကယ် ရီက သမ္မတဦးသိန်းစိန်နှင့် တွေ့ ဆုံစဉ် အသေးစိတ် မဆွေးနွေးခဲ့ ပေ။ ဦးသိန်းစိန်ကလည်း မြန်မာ့ နိုင်ငံရေး စိန်ခေါ်မှုများကို ပြော နေမည့်အစား အောင်မြင်မှုများ အခြေခိုင်ရန် ကူညီသင့်ကြောင်း မြန်မာကို ဆက်ဆံရမည့်ပုံစံကို အမေရိကန်ထံ တောင်းဆိုခဲ့ သည်။ အမေရိကန်သည် အာဆီ ယံအစည်းအဝေးများ မစတင်မီ က ဘာသာရေးလွတ်လပ်ခွင့်၊ ဘင်္ဂါလီအရေးတို့ကို အထူးပြု ပြောကြားနေသော်လည်း သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် လူ့အ ခွင့်အရေးအကြောင်းကိုသာ ဦး တည်ပြောကြားခဲ့သည်။
ထို့ပြင် အာရှနှင့် အာဆီယံ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် တာဝန်ယူမှုရှိသော စီး ပွားရေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် ရန် ရှေ့တန်းတင် ပြောကြားခဲ့ပြီး မြန်မာတွင် ဖြစ်ပွားနေသော စိန် ခေါ်မှုများကို အစည်းအဝေးအစီအစဉ်အတွင်း ထည့်သွင်းဆွေး နွေးခဲ့ခြင်း မရှိ။ ထို့ကြောင့် အမေ ရိကန်သည် အမျိုးသားအကျိုးစီး ပွားကို ရှေးရှုပြီး မြန်မာအပေါ် ထားရှိသည့် အမေရိကန်၏ နိုင်ငံ ခြားရေးမူဝါဒ မှန်ကန်မှုရှိကြောင်း ဂျွန်ကယ်ရီက ကြိုးစားပုံဖော်ခဲ့ ခြင်းဖြစ်ကြောင်း အာရှရေးရာ ကျွမ်းကျင်သူ မစ္စတာက၀ီက ပြောသည်။
‘‘မြန်မာကို အမေရိကန်က အာရှမှာ သူ့ရဲ့ရပ်တည်မှုဟန် ချက်ညီဖို့ လိုအပ်တယ်။ ဒါကြောင့်အမေရိကန်အထက် လွှတ်တော်အမတ်တွေ ကျေနပ်အောင် လူ့အခွင့်အရေးကိစ္စလောက်ပဲ ပြောသွားတာ။ သူအကြောက်ဆုံးက နျူကလီးယားပဲ။ ဒီတော့ ကမ္ဘာ့လုံခြုံရေးအတွက် ၀ါရှင်တန်က နေပြည်တော်နဲ့ ဆက်ဆံရေးကို အပျက်မခံဘူး’’ ဟု က၀ီက ပြောကြားသည်။
အရှေ့အလယ်ပိုင်း၌ လစ် ဗျား၊ ဆီးရီးယားတို့တွင် အိုဘား မား၏ နိုင်ငံခြားရေးမူဝါဒမှားယွင်း ကြောင်း အဝေဖန်ခံနေရချိန်တွင် မြန်မာကို ချဉ်းကပ်ဆက်ဆံရမည့် ပုံစံကို သမ္မတဦးသိန်းစိန်က တောင်းဆိုလိုက်ခြင်းဖြစ်သည်။ မြန်မာသည် အိုဘားမား၏ မူဝါဒ မှားယွင်းခြင်းမရှိကြောင်း သက် သေပြရန်အတွက် တစ်ခုတည်း သော အခွင့်အရေးကို အိုဘားမား အစိုးရမည်သို့တုံ့ပြန်မည်ဆိုတာ လာမည့် ထိပ်သီးအစည်းအဝေး ကို စောင့်ကြည့်ရမည်ဖြစ်သည်။
မြန်မာဘာတွေရလိုက်သလဲ
မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ထိပ်သီးအစည်းအဝေးကတည်း က ညှိနှိုင်းရခက်ခဲသည့် တောင် တရုတ်အရေးတွင် ကြေညာချက် ထုတ်ပြန်နိုင်ခဲ့၍ အာဆီယံနိုင်ငံ များ၏ ထောက်ခံမှုကိုရရှိထား သည်။ ယခုဒေသတွင်း အရေး ကြီးဆုံးလုံခြုံရေးဖိုရမ်အပြီး ထုတ်ပြန်ချက်များတွင်လည်း မကျေမ လည်ဖြစ်နေသော တောင်တရုတ်၊ ယူကရိန်းအရေးနှင့် မြောက်ကိုရီးယားတို့နှင့် ပတ်သက်၍ ယေဘုယျဘုံသဘောတူညီချက်များအားလုံးပါဝင်နိုင်ရန်ညှိနှိုင်းနိုင်ခဲ့သည်။ဒေသတွင်း အကြီးဆုံးဖိုရမ်ကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြင့် နိုင်ငံတကာတွင် မြန်မာက ၀င်ဆံ့ကြောင်း ပြသနိုင်သည်။ ကမ္ဘောဒီးယား၊ လာအိုတို့တွင်ကျင်းပခဲ့စဉ်က အဖွဲ့ဝင်နိုင်ငံအချို့ သဘောမတူသဖြင့် တောင်တရုတ်ပင်လယ်ကိစ္စ၊ လူမျိုးရေး၊ဘာသာရေးကိစ္စတို့တွင် ကြေညာ ချက်မထုတ်ပြန်နိုင်ခဲ့ပေ။
ထို့အပြင်ယခုအစည်းအ ဝေးကာလအတွင်း မြန်မာကို ကမ္ဘာ့နိုင်ငံအားလုံးက လိုလိုလား လားနှင့် ချဉ်းကပ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ မွန်ဂိုလီးယားနှင့် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန် နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးနိုင်ခဲ့သည်။ နယူးဇီလန်၊ အီးယူ၊ သြစတြေးလျ၊ မွန်ဂိုလီး ယား၊ မြောက်ကိုရီးယား၊ အမေရိ ကန်၊ ဂျပန်တို့က သီးသန့်တွေ့ဆုံ ခဲ့ပြီး စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအကူအညီများပေးအပ်ရန် မြန်မာက ပိုမိုခိုင်မာသော ကတိက၀တ်များကို ရရှိခဲ့သည်။ နိုင်ငံတ ကာဆွေးနွေးပွဲဇာတ်ခုံစင်မြင့်တစ် ခုထက်က အငြင်းပွားမှုများကို ပါဝင်ညှိနှိုင်းပေးခြင်း မရှိသော် လည်း အားလုံးသဘောတူလက်ခံ နိုင်သည့် ကြေညာချက်တစ်ခု ထုတ်ပြန်နိုင်ခဲ့သဖြင့် အာဆီယံကို မြန်မာက ကောင်းစွာ ကိုင်တွယ် နိုင်ကြောင်း ထင်ဟပ်နေသည်။
သို့သော်ဒေသတွင်း လုံခြုံ ရေးကို ခြိမ်းခြောက်နေပြီး နိုင်ငံ တကာစိုးရိမ်မှုကို မြင့်တက်စေ သော တောင်တရုတ်ပင်လယ် အရေး၊ ယူကရိန်းအရေးနှင့် နျူ လက်နက်ပိုင်ဆိုင်ရေး ကြိုးပမ်း မှုများကို တရုတ်၊ မြောက်ကိုရီး ယားနှင့် ရုရှားတို့က သံတမန်နည်းအရ လိုက်လျောမှုကလွဲ၍ အာမခံချက်ကတိများပေးခဲ့ကြခြင်းမရှိခဲ့ပေ။ မြန်မာကို အကောင်းဆုံးကြားခံထား၍ ဆွေး နွေးရန် အခွင့်အရေးကို ယင်းနိုင်ငံ သုံးခုလုံးက ခေါင်းမာစွာ ရှောင်ဖယ်ခဲ့သည်။ အာရှပစိဖိတ်ဒေသတွင်း စီးပွားရေးအရ တွင်ကျယ်ရေးနှင့် သြဇာလွှမ်းမိုးရေးတို့အတွက် တရုတ်နှင့် အမေရိကန်တို့ အားပြိုင်မှုမှာ အာဆီယံ နှင့် မြန်မာအပေါ် ကိုင်တွယ်ချဉ်း ကပ်နိုင်ခြင်း ရှိ၊ မရှိနှင့်အနာဂတ် တွင် တရုတ်သြဇာလွှမ်းမိုးမှုကို အမေရိကန်က မည်သို့ချိန်ညှိနိုင်မည်ဆိုသည်ကို လာမည့် နို ၀င်ဘာထိပ်သီးအစည်းအဝေးများတွင် စောင့်ကြည့်ရမည်ဖြစ်သည်။
7Days

0 comments:
Post a Comment