Saturday, August 9, 2014

လေးကြိမ်မြောက် ပြည်ပဖျော်ဖြေပွဲသွားမယ့် နီနီခင်ဇော်


ယခုနှစ်အတွင်း လေး ကြိမ်မြောက် ပြည်ပဖျော်ဖြေရေး ခရီးစဉ်အဖြစ် သြစတြေးလျနိုင်ငံ သို့ စက်တင်ဘာ ၁၂ ရက်တွင် သွားရောက်ဖျော်ဖြေမည်ဖြစ် ကြေင်း နီနီခင်ဇော်က ပြောသည်။
ယခင်က ဂီတအလုပ်များကို ဆေးကျောင်းတက်၍ လုပ် ဆောင်ခဲ့သော်လည်း ကျောင်း ပျက်မည်စိုးသည့်အတွက် ပြည်ပဖျော်ဖြေပွဲများ    လက်မခံခဲ့ဘဲ ဆေးကျောင်းပြီးသည့် ယခုနှစ်မှ သာ ပြည်ပဖျော်ဖြေရေးခရီးများ ကို လက်ခံခဲ့သည်ဟုဆိုသည်။
ယခုနှစ်အတွင်း နီနီခင်ဇော် သည် တောင်ကိုရီးယား၊ စင်ကာ ပူ၊ ဘန်ကောက် သုံးနိုင်ငံ၌ သွားရောက် ဖျော်ဖြေခဲ့ပြီး စက် တင်ဘာတွင် သြစတြေးလျနိုင်ငံ ရှိ မြန်မာပရိသတ်များကို အဆို တော် စိုးသူ၊ မိစန္ဒီတို့နှင့်အတူ သွားရောက်ဖျော်ဖြေမည် ဖြစ် သည်။
သြစတြေးလျတွင် ဆစ်ဒနီ မြို့ အပါအ၀င် မြို့ကြီးသုံးမြို့၌ ဖျော်ဖြေမည်ဖြစ်ပြီး သုံးပတ်ကြာ မည့် ခရီးစဉ်ဖြစ်ကြောင်း နီနီခင် ဇော်က ပြောသည်။
‘‘ပရိသတ်တွေအားပေးမှု ကို ကျေးဇူးအများကြီး တင်ပါတယ်။ နောက်ထပ်အားပေးမှုကို   ထပ် ပြီး လိုချင်ပါသေးတယ်’’ ဟု နီနီ ခင်ဇော်ကပြောသည်။
နီနီခင်ဇော်သည် ဒုတိယအ ခွေအတွက်လည်း စတင်စီစဉ်နေ ပြီး ပထမအခွေနှင့်မတူစေရန် ထူး ခြားစွာလုပ်ဆောင်သွားမည်ဟု ဆိုသည်။ ပရိသတ်ကြား အောင် မြင်မှုများစွာ ရရှိခဲ့သော မာရီယို ခွေကို ကွယ်လွန်သူ တေးရေး ကေအေတီက စီမံဆောင်ရွက်ပေးခဲ့ပြီး ဒုတိယခွေစီစဉ်ချိန်တွင် ဆရာဖြစ်သူ တေးရေးကေအေတီ မရှိတော့ပေ။
‘‘ဆရာသွန်သင်တဲ့ စကား လေးတွေ စိတ်ထဲမှာ အမြဲရှိပါ တယ်။ ဆရာမရှိတော့ပေမယ့် လည်း ဆရာရှိသလို ခံစားပြီး တော့ နီနီသီချင်းတွေ သွင်းသွား မှာပါ’’ ဟု နီနီခင်ဇော်က ပြော သည်။
နီနီခင်ဇော်၏ အနုပညာ လှုပ်ရှားမှုအနေဖြင့် နီနီဝင်းရွှေ ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲ၊ ထူး အိမ်သင်ကွယ်လွန်ခြင်း ဆယ်နှစ် ပြည့် လွမ်းခြင်းပွဲတို့တွင် ပါဝင် ဖျော်ဖြေမည် ဖြစ်သည်။

0 comments:

Post a Comment