Wednesday, August 13, 2014

တိုကပ်နေတဲ့ ဘောင်းဘီ ၀တ်ထားတဲ့ အမျိုးသမီးကို အခြားအမျိုးသမီးတစ်ဦးက ကြည့်မရတဲ့အတွက် တိုက်ခိုက်

Alica Rae Hanson ဆိုတဲ့ အသက်၂၅နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ ၀ါရှင်တန်မြို့တော် က ပါတီပွဲတစ်ခုမှာ အခြားအမျိုးသမီးတစ်ယောက်ကို တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်ခဲ့တဲ့ အကြောင်းရင်းကတော့ အခြားအမျိုးသမီးရဲ့ဘောင်းဘီတိုဟာ တိုလွန်းနေတဲ့အတွက်ဖြစ်ပါတယ်။
Hanson ဟာ မိနစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိုအမျိုးသမီးကို ကြမ်းပြင်ပေါ်ဆွဲလှဲ၍ လက်သီးနဲ့ထိုးခဲ့သလို သူမခန္ဓာကိုယ်ပေါ် ခုန်ခဲ့ပြီး ခေါင်းကိုလက်ဖြင့်ကိုင်ကာ တိုက်ခိုက်ပြီး ဆံပင်များလည်း ဆွဲနှုတ်ပစ်ခဲ့ပါတယ်။
ရဲတွေရောက်ရှိလာချိန်မှာတော့ ထို အမျိုးသမီးရဲ့မျက်နှာအရိုးများ ကျိုးနေသလို ဘယ်ဘက်မျက်လုံးထဲမှာလည်း သွေးထွက်နေခဲ့ပါတယ်။ Hanson ကိုတော့ တရားရုံးက ရာဇ၀တ်ပြစ်မှု ဒုတိယအဆင့် ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ ပြစ်ဒဏ်ငွေ ပေးဆောင်စေခဲ့ပါတယ်။Hanson ဟာ ယခင်ကတော့ ပြစ်မှုကျူးလွန်ခဲ့တဲ့သမိုင်း တစ်ခုမှမရှိခဲ့ပါဘူး။
Ref:dailymail.co.uk

0 comments:

Post a Comment