Saturday, August 16, 2014

ပင်လယ်သေမှာ ရေနစ်မသေဘူး

Dead Sea ဆိုတာ နှစ်ပေါင်းများစွာကတည်းက နာမည်ကြီးပြီး ထူးခြားတာက ဒီပင်လယ် ထဲက ရေရဲ့ ထူးခြားချက်ကြောင့် လူတွေဟာ ရေနစ်လို့ မသေနိုင်ပါဘူး။ 

 Dead Sea ပင်လယ်မှာ ရေပေါ်မှာ စာဖတ်နေသူတဦး၊ ဓာတ်ပုံ- twistedsifter.com

ပင်လယ်ရဲ့ နာမည်ဟာ အာရပ်ဘာသာစကားအရ The Sea of Death လို့ ဆိုပေမယ့် ဆားဓာတ်ပါဝင်မှု အလွန်များတဲ့ ပင်လယ် ကြီး ဖြစ်ပါတယ်။ 

အရှေ့ဘက်မှာ ဂျော်ဒန်နိုင်ငံ တည်ရှိပြီး အနောက်ဘက်မှာ အစ္စရေးနဲ့ ပါလစ္စတိုင်းတို့ ရှိပါတယ်။ Dead Sea ရဲ့ ရေမျက်နှာပြင်ဟာ ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၁၄ဝဝ လောက်နိမ့်ပါတယ်။ ပြောရရင် ကမ္ဘာ့ အနိမ့်ဆုံးနေရာတခုပါဘဲ။ 

Dead Sea ရဲ့ ရေအနက်ဟာ ပေ ၁ဝဝဝ ကျော် ရှိပြီး ပင်လယ်လို့နာမည်ခေါ်ပေမယ့် ကန် အမျိုးအစား သာ ဖြစ်ပါတယ်။ 

ထူးခြားတာက ဆားပါဝင်မှုက အလွန်များပြီး ရေတလီတာမှာ ဆားက ၁.၂၅ ကီလိုဂရမ်လောက် ပါဝင်တာ မို့ ဒီ သတ္တိကြောင့် လူတွေ၊ တိရိစ္ဆာန်တွေဟာ ရေထဲမှာ ပေါလောပေါ်စေပါတယ်။ Dead Sea မှာ ဆား ဓာတ် ပါဝင်မှုက ပုံမှန် ပင်လယ်ထဲက ဆား ဓာတ်ပါဝင်မှုထက် ၉ ဆနီးပါး ပိုပါတယ်။ 

ဆားဓာတ်များမှုက ခန္ဓာကိုယ်ကို တွန်းကန်ထားတဲ့အတွက် ရေနစ်သွားစရာ အကြောင်း မရှိပါဘူး။ ဒီအချက်ကပဲ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ထားတာဖြစ်ပါတယ်။ 

အရှည် ၆၇ ကီလိုမီတာရှိပြီး အကျယ်အားဖြင့် ၁၈ ကီလိုမီတာ ရှိပါတယ်။ စိန်ပွင့်သဏ္ဍန် ဆားပွင့်တွေက လည်း အလွန်လှပါတယ်။

ဒါပေမယ့် Dead Sea ဟာ တနှစ်ထက်တနှစ် တိမ်ကောလာတဲ့ ဘေးအန္တရာယ်လည်း ရှိနေပါပြီတဲ့။ တနှစ်ကို ၃ ပေ လောက် နှုန်းနဲ့ နှစ်စဉ် ပင်လယ်ရဲ့ အကျယ်အဝန်းဟာ ကျုံ့လာနေပါတယ်။ 

Irrawaddy

0 comments:

Post a Comment