အိမ်ခြံမြေနှင့်
ပတ်သက်ပြီး နိုင်ငံတကာမှ လုပ်ငန်းရှင်များ လာရောက်မည့် မြန်မာနိုင်ငံ၏
အိမ်ခြံမြေဆိုင်ရာ ထိပ်သီးအစည်း အဝေးကို လာမည့် နိုဝင်ဘာတွင်
ကျင်းပပြုလုပ်မည်ဟု သတင်းရရှိ သည်။
အစည်းအဝေးကို နိုဝင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တွင် ရန်ကုန် မြို့၌ တတိယ အကြိမ်မြောက် ကျင်းပပြုလုပ်မည် ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်လာ မည့် မြေယာစီမံကိန်းအသုံးချရေး ကဏ္ဍများ၊ ရန်ကုန်၏ အထပ်မြင့် အဆောက်အအုံများ အရည်အ သွေးထိန်းသိမ်းပြုပြင်ခြင်း၊ ကွန်ဒိုဥပဒေ အပါအ၀င် အဆောက်အအုံ စံချိန်စံညွှန်းဆိုင်ရာများကို ဆွေးနွေးခြင်း၊ ရန်ကုန်မြို့လယ် စီးပွားရေးအချက်အချာ နယ်မြေ မရမ်းကုန်းအား မိတ်ဆက်ခြင်း၊ သီလ၀ါ စီးပွားရေးဇုန်အတွက် ရင်းနှီးမြှုပ်နှံသင့်သည့် အခွင့်အ လမ်းများ မိတ်ဆက်ခြင်းတို့ကို အဓိကပြုလုပ်မည် ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲသို့ အာရှ နိုင်ငံများမှ ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းရှင်များအပြင် ဥရောပ နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများပါ တက်ရောက်ဖွယ်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ မြို့တော်စည်ပင်မှ အဆင့် မြင့်အရာရှိများ၊ ပညာရှင်များ၊ စီး ပွားရေး လုပ်ငန်းရှင်များကလည်း ၀င်ရောက်ဆွေးနွေးမည်ဟု သိရ သည်။ ယခုပွဲသည် စင်ကာပူနိုင်ငံ အခြေစိုက် CPD အဖွဲ့အစည်းက (၃)ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး ပြီးခဲ့သည့်ပွဲများတွင် ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ အခွင့်အလမ်းများကို အဆိုပါနေရာ၌ပင် ချပြဆွေးနွေး ခွင့်ရရှိခဲ့သဖြင့် အစိုးရအဖွဲ့သို့ ဆက်သွယ်ပြီး စိတ်ဝင်စားသည့် လုပ်ငန်းရှင်များက မကြာခဏ ဆက်သွယ်မေးမြန်းခြင်းနှင့် ၀င် ရောက်ရင်းနှီးမြှုပ်နှံရန် သဘော တူညီမှုအချို့လည်း ရရှိခဲ့ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီး ဌာန အင်ဂျင်နီယာမှူးကြီးတစ်ဦးက ပြောသည်။
7days

0 comments:
Post a Comment