Wednesday, August 20, 2014

ထူးအိမ်သင် ဂီတပွဲတော် လက်မှတ်ဝယ်မရတော့


 ထူးအိမ်သင် ဂီတပွဲတော် ပွဲမကျင်းပမီ လေးရက်အလိုတွင် လက်မှတ်များဝယ်ယူ၍ မရတော့ ကြောင်း ယင်းပွဲကို ကြည့်ရှုလိုသူများက ပြောသည်။
‘‘လောလောဆယ်တော့ ဘယ်မှာမှ လက်မှတ်ဝယ်လို့မရဘူးဖြစ်နေတယ်၊ နေရာတော် တော်များများမှာ ၀ယ်လို့မရတော့ ဘူး’’ ဟု ယင်းဖျော်ဖြေပွဲကြည့်ရှုမည့် ပရိသတ်တစ်ဦးက ပြောသည်။ ထို့ပြင် လက်မှတ်ရောင်းချရန် ကြေညာထားသည့် MRTV 4 အရောင်းပြခန်းနှင့် 1876 Hot Line တွင် ဆက်သွယ်မေးမြန်းရာ တွင်မူ ရောင်းချရန် လက်မှတ်မရှိတော့ကြောင်း ပြန်လည်ဖြေကြားသည်။
ယင်းကဲ့သို့ ဖျော်ဖြေပွဲရက် မတိုင်မီ လက်မှတ်များဝယ်ယူ၍ မရခြင်းသည် မှောင်ခိုများကြောင့် လည်း ဖြစ်နိုင်ကြောင်း ပရိသတ်တစ်ဦးက သုံးသပ်သည်။
‘‘လက်မှတ်တွေက အရမ်း အကုန်မြန်သွားတာ၊ လက်ကျန် မရှိသလောက်ကို နည်းသွားပြီ၊ နောက်ရက်ထဲမှာတော့ လက်ကျန်တွေကိုစုပြီး 1876 မှာ ရောင်းပေးဖို့ အစီအစဉ်ရှိပါတယ်’’ဟု Forever Blossom မှ အုပ်ချုပ်မှုဒါရိုက်တာ ကိုပြည့်ဖြိုးဟန်က ပြောသည်။ လက်မှတ်စောင်ရေ လေး ထောင်ကျော်ရောင်းချပေးခဲ့ခြင်း ဖြစ်ပြီး လက်မှတ်ဝယ်ယူ၍ မရသူများအတွက် ပွဲကျင်းပသည့်နေ့ တွင်မူ တစ်သောင်းနှင့် နှစ်သောင်းတန် လက်မှတ်များရောင်းချပေးရန် အစီအစဉ်ရှိကြောင်း ၎င်းက ပြောသည်။
ထူးအိမ်သင် ဂီတပွဲတော် လွမ်းခြင်းအားဖြင့် ဆယ်နှစ်တာဟု အမည်ပေးထားသည့် ဖျော်ဖြေပွဲကို သြဂုတ် ၂၃ ရက်ညတွင် Myanmar Event Park ၌ ပြုလုပ်မည်ဖြစ်ပြီး ဂီတလောကမှ အဆို တော် လေးဆယ်ခန့် ပါဝင်ဖျော် ဖြေကြမည် ဖြစ်သည်။
7Days

0 comments:

Post a Comment