Monday, August 4, 2014

မစ္စအင်တာနေရှင်နယ်မြန်မာပြိုင်ပွဲအတွက် ဆန်ခါတင်နှစ်ဆယ်ရွေးချယ်


ကျော်ဇင်သန်း
 သြဂုတ်လတွင်ကျင်းပ မည့် Miss International Myan-mar 2014ပြိုင်ပွဲအတွက် ဆန် ခါတင်အလှမယ် နှစ်ဆယ်ဦးကို ရွေးချယ်ကာ သြဂုတ် ၂ရက်တွင် ချက်ထရီယမ်ဟိုတယ်၌ မီဒီယာ များနှင့် မိတ်ဆက်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ဝင်ရောက်  ယှဉ်ပြိုင်လိုသည့် အလှမယ်များကို လျှောက်လွှာများခေါ်ယူခဲ့ပြီး လာရောက်လျှောက်ထားသူ ဦးရေတစ်ရာကျော်မှ ဆန်ခါတင်အလှမယ် နှစ်ဆယ်ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ထိုဆန်ခါတင်အလှမယ် နှစ်ဆယ်ထဲတွင် မျက်နှာသစ်အ လှမယ်များ၊ ပြိုင်ပွဲအတွေ့အကြုံ ရှိသောအလှမယ်များအပြင် ဇူ လိုင်လက ကျင်းပခဲ့သော Miss Universe Myanmar မှ ပြိုင်ပွဲဝင် များဖြစ်သည့် ဇူးဇူးမြင့်လွင်၊ ဟေ ဇယ်အောင်အောင်၊ ဂျေနော်နှင့် အိမ့်မြတ်နိုးစသည့်အလှမယ် လေးဦးလည်းပါဝင်သည်။
‘‘အနယ်နယ်အရပ်ရပ်က အတွေ့အကြုံမရှိတဲ့သူလည်း ပါ တယ်။ ပြိုင်ပွဲမှာ အတွေ့အကြုံရှိ ကြတဲ့သူလည်းပါတယ်။ ကျွန်မ တို့ အသင်းရဲ့ ရွေးချယ်တဲ့စံချိန်အ ပေါ်မှာ မူတည်ပြီးတော့ အ ယောက်နှစ်ဆယ်ကိုရွေးသွားတာ  ဖြစ်ပါတယ်’’ဟု စီစဉ်သူဒေါ်တင် မာမြင့်ကပြောသည်။
အလှမယ်များသည်  လေ့ လာရေးခရီးအနေဖြင့် နေပြည် တော်ရှိ မိဘမဲ့ကလေးကျောင်းသို့ သွားရောက်ခြင်း၊ သဘာဝပတ် ၀န်းကျင်သန့်ရှင်းရေးအတွက် သစ်ပင်စိုက်ခြင်း၊ အမှိုက်ကောက် ခြင်းများပြုလုပ်မည့်အပြင် ပရဟိ တအလှူများလည်း ပြုလုပ်သွား မည်ဟု သိရသည်။
Talent & Model Agency မှ ဒေါ်တင်မိုးလွင်က အလှမယ်တစ် ဦးအတွက်လိုအပ်သော အသိ ပညာ၊ အချက်အလက်များကို ဆန်ခါတင်အလှမယ်နှစ်ဆယ်ဦး အား သင်ကြားပေးသွားမည်ဖြစ် သည်။
နောက်ဆုံးဖိုင်နယ်ပြိုင်ပွဲကို သြဂုတ် ၁၇ရက်တွင် အမျိုးသား ကဇာတ်ရုံ၌ ကျင်းပမည်ဖြစ်၍ သ ရဖူရရှိသူသည် ဆုကြေးငွေကျပ်သိန်းတစ်ရာရရှိမည်ဖြစ်ပြီး ဂျပန်နိုင်ငံတွင်ကျင်းပမည့် Miss International 2014ပြိုင်ပွဲသို့မြန်မာနိုင်ငံ   ကိုယ်စားပြုသွား ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ထိုပွဲကို Myanmar Tourism Federation မှ ဦးစီးကျင်းပခြင်း ဖြစ်ပြီး ယခုပွဲသည် သုံးကြိမ် မြောက်ပြုလုပ်သောအလှမယ် ရွေးပွဲဖြစ်သည်။  ၂၀၁၂ခုနှစ်တွင်အလှ မယ်နန်းခင်ဇေယျာ၊ ၂၀၁၃ခုနှစ်တွင် အလှမယ်ဂုဏ်ရည်အေး ကျော်တို့က မစ္စအင်တာနေရှင်နယ်ပြိုင်ပွဲသို့   မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့သည်။

0 comments:

Post a Comment