Saturday, August 23, 2014

နိုင်ငံတကာ အလှမယ်ပြိုင်ပွဲများဝင်ပြိုင်မည့် အလှမယ်ငါးဦး ထပ်မံပေါ်ထွက်


ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
နိုင်ငံတကာ အလှမယ် ပြိုင်ပွဲငါးခုသို့ နိုင်ငံတကာကိုယ် စားပြု ယှဉ်ပြိုင်ရန် Miss Golden Land Myanmar 2014 ပြိုင်ပွဲ ကို သြဂုတ် ၂၁ ရက်က ပြုလုပ် ကာ အလှမယ်ငါးဦး ရွေးချယ် လိုက်သည်။
Miss Supranational Myanmar အဖြစ် ဟန်သီ၊ Miss Grand Myanmar အဖြစ် အမ် ဂျာဆိုင်း၊ Miss Earth Myanmar အဖြစ် အိမွန်ခိုင်၊ Miss Inter-national Myanmar အဖြစ် အိန် ဂျယ်လမုန်၊ Face of Beauty အ ဖြစ် ဟယ်လင်မျိုးကိုတို့ကို ရွေး ချယ်ခဲ့သည်။
အသက် (၁၇) နှစ်အရွယ် ဟန်သီသည်     ခင်ဝင့်ဝါသွား ရောက်ယှဉ်ပြိုင်ခဲ့သည့်    Miss Supranational ပြိုင်ပွဲတွင်ပါဝင် ရမည်ဖြစ်ပြီး သင်္ချာမေဂျာဖြင့် ဘွဲ့ ရရှိထားသည့် အသက် (၂၁)နှစ် အရွယ် ကချင်တိုင်းရင်းသူ အမ် ဂျာဆိုင်းသည် ထားထက်ထက် သွားရောက်ယှဉ်ပြိုင်ခဲ့သော Miss Grand International ပြိုင်ပွဲတွင် ပါဝင်ခွင့် ရရှိမည်ဖြစ်သည်။
ထို့အပြင် B.Med.Tech (physiotherapy) ဖြင့် ဘွဲ့ရရှိ ထားသည့် အသက် (၂၂)နှစ်အ ရွယ် အိမွန်ခိုင်သည် Miss Earth ပြိုင်ပွဲသို့လည်းကောင်း၊ ပထမ နှစ်ကျောင်းသူ အသက် (၁၇) နှစ် အရွယ် ကချင်တိုင်းရင်းသူ အိန် ဂျယ်လမုန်သည် Miss Interna-tional ပြိုင်ပွဲသို့လည်းကောင်း၊ B.A (Philosophy) ဖြင့် ဘွဲ့ရရှိ ထားသည့် အသက် (၂၅) နှစ်အ ရွယ် ဟယ်လင်မျိုးကိုသည် Face of Beauty International ပြိုင်ပွဲ သို့လည်းကောင်း  ယခုနှစ်မှ ပထမဆုံး စတင်ဝင်ရောက်ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။
ယင်းအလှမယ်ပြိုင်ပွဲကို MCC ခန်းမ၌ ကျင်းပခဲ့ပြီး အလှ မယ်များက ညနေခင်းပွဲတက် ၀တ်စုံ၊ ရေကူးဝတ်စုံ၊ ရိုးရာဝတ်စုံ တို့ဖြင့် ယှဉ်ပြိုင်ခဲ့ကာ ဆန်ခါ တင်ပြိုင်ပွဲဝင်ဆယ်ဦးကို ဉာဏ် စမ်းမေးခွန်း ဖြေဆိုမှုများ ပြုလုပ် ခဲ့ကြသည်။
အောက်တိုဘာလတွင် (၁၄) ကြိမ်မြောက် ကျင်းပမည့် Miss Earth ပြိုင်ပွဲတွင် အိမွန်ခိုင်၊ နိုဝင်ဘာတွင် ပိုလန်နိုင်ငံ၌ (၆) ကြိမ်မြောက်ကျင်းပမည့် Miss Supranational ပြိုင်ပွဲတွင် ဟန် သီ၊ အောက်တိုဘာလတွင် (၂) ကြိမ်မြောက် ကျင်းပမည့် Miss Grand International ပြိုင်ပွဲတွင် အမ်ဂျာဆိုင်း၊ အောက်တိုဘာလ တွင် ဂျော်ဒန်နိုင်ငံ၌ (၄၃)ကြိမ် မြောက်ကျင်းပမည့် Miss Inter-national   ပြိုင်ပွဲတွင်  အိန် ဂျယ်လမုန်၊ အောက်တိုဘာတွင် ထိုင်ဝမ်နိုင်ငံ၌ ကျင်းပမည့် Face of Beauty International ပြိုင်ပွဲ ကြီးတွင် ဟယ်လင်မျိုးကိုတို့က မြန်မာကိုယ်စားပြုအဖြစ် အသီး သီးဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ် သည်။
ရွေးချယ်ထားသော အလှ မယ်ငါးဦးသည် နိုင်ငံတကာပြိုင်ပွဲ သို့ စေလွှတ်ရန် အရည်အချင်း ပြည့်စုံနေပြီဖြစ်သော်လည်း ဖိ လစ်ပိုင်မှ ပညာရှင်များဖြင့် ထပ် မံလေ့ကျင့် သင်ကြားပေးသွား မည်ဖြစ်ကြောင်း ကိုဝေယံအောင် က ပြောသည်။

0 comments:

Post a Comment