Wednesday, August 13, 2014

သံဘောစေ့ဖြင့် ပစ်ရသည့် လေသေနတ်များ နီးစပ်ရာ ရဲစခန်းများတွင် လာအပ်ရန် ကြေညာ


သံဘောစေ့ဖြင့် ထည့် ပစ်ရသည့် လေသေနတ်များ လက်ဝယ်ရှိသူများအနေဖြင့် သက်ဆိုင် ရာသို့ လာရောက်အပ်နှံရန် နှိုး ဆော်ထားခြင်းကြောင့် လာအပ် သူများရှိနေပြီဖြစ်ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ကမ္ဘာတွင် Air Soft Gun ဟု လူသိများပြီး ဂိမ်းတစ်ခုအဖြစ် တွင်ကျယ်စွာ ကစားနေသည့် အဆိုပါသေနတ်များ သိုလှောင်ရောင်းချသည်ဟုဆိုသော တာ မွေမြို့နယ်မှ အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ပြီးနောက် ကိုင် ဆောင်ထားသူများကိုလည်း သက် ဆိုင်ရာသို့ လာရောက်အပ်နှံရန် ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကနဦးအနေဖြင့် ဒဂုံမြို့နယ် ရဲစခန်းတွင် Air Soft Gun တစ် လက် လာရောက်အပ်နှံသွား ကြောင်း စုံစမ်းသိရှိရသည်။
‘‘လာအပ်ဖို့ပြောထားတော့ လာအပ်နေကြပါပြီ။ နောက်ပိုင်း နီးစပ်ရာစခန်းတွေမှာလည်း လာ အပ်ကြမှာပေါ့’’ဟု ဒဂုံမြို့နယ် ရဲ စခန်းမှ တာဝန်ကျရဲအရာရှိကဆို သည်။
Air Soft Gun များကို ၀ါသ နာအရ စုဆောင်းဝယ်ယူထားသူ များထဲမှာ အမည်မဖော်လိုသူ တစ်ဦးက ‘‘ကျွန်တော်တို့ စုစု ပေါင်း ရှစ်ယောက်သွားအပ်ထား ပါပြီ။ airsoft က မြန်မာပြည်မှာ နိဂုံးချုပ်ပြီပေါ့ဗျာ’’ဟု ဆိုသည်။
အဆိုပါလက်နက်များသည် ကျည်စစ်၊ ကျည်မှန်ဖြင့် ပစ်ခတ် ရသော ပကတိသေနတ်များနှင့် လုံးဝခွဲမရအောင် တူညီသော လက်နက်များ ဖြစ်သဖြင့် အယောင်ဆောင်၍ ပြစ်မှုကျူး လွန်နိုင်သော အန္တရာယ်ရှိနေ သည်။
ထို့အပြင် သံဘောစေ့ဖြင့် ထည့်သွင်းပစ်ခတ်ရသော လက် နက်များသည် အနီးကပ်ပစ်ခတ် ပါက အသက်အန္တရာယ်ကို ထိ ခိုက်စေနိုင်ခြင်းကြောင့် လေသေ နတ်များလက်ဝယ်ရှိသူများအနေ ဖြင့် နီးစပ်ရာရဲစခန်းများသို့ အ မြန်ဆုံး အပ်နှံကြရန်နှင့် အပ်နှံခြင်းမပြုပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ် ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ပြီးခဲ့သည့် အပတ်က ပြန်ကြား ရေးဝန်ကြီးဌာန အင်တာနက်စာ မျက်နှာတွင် သတင်းထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။
အဲဆော့ဂိမ်းသည် နိုင်ငံတ ကာတွင် မြေနေရာအကျယ်များ၌ တစ်ဦးနှင့် တစ်ဦးသော်လည်း ကောင်း အုပ်စုဖွဲ့၍သော်လည်း ကောင်း၊ ဂိမ်းတစ်ခုအနေဖြင့် စု စည်းကစားရသော စစ်တိုက်နည်း ကစားနည်းတစ်ခုဖြစ်သည်။
အဆိုပါအဲဆော့ဂိမ်းကစား ရာတွင် အသုံးပြုသော ပစ္စည်း များဖြစ်သည့် သေနတ်၊ မျက်မှန် ဦးထုပ်၊ စစ်အင်္ကျီအမျိုးအစားများ ပေါ်မူတည်ပြီး ငွေကျပ် အနည်း ဆုံး နှစ်သိန်းမှ ဆယ်သိန်းကျော် အထိ ကုန်ကျပြီး ၀ယ်ယူကစား ကြသည်။
တာမွေမြို့နယ်၊ နတ်ချောင်း ရပ်ကွက်၊ ဓမ္မဒါနလမ်းရှိ အမျိုး သားတစ်ဦးအိမ်ရှိ သီးသန့်ခန်းနှင့် အိမ်ခေါင်းရင်းဂိုဒေါင်ထဲမှ သံ ကိုယ်ထည်၊ ဂက်စ်ဘူးဖြင့် သုံးရ သော လေသေနတ်အတို၊ အရှည် စုစုပေါင်း ၁၀၅ လက်၊ အသုံးပြု နည်းစာအုပ်များနှင့် ရွှေ၊ငွေ၊သံ၊ ကော်စေ့နှင့် ဂက်စ်ဘူးများကို သြ ဂုတ် ၇ ရက် မွန်းလွဲတွင် ဖမ်းမိခဲ့ ကြောင်း ရဲမှတ်တမ်း၌ ဖော်ပြ သည်။
7days

0 comments:

Post a Comment