2NE1 အဖွဲ့၏ ဖျော် ဖြေပွဲကို မြန်မာကေပေါ့ပ်ပရိ သတ်များသာမက ကေပေါ့ပ် ကြိုက်သည့် အနုပညာရှင်များ လည်း အားပေးခဲ့ကြသည်။
သရုပ်ဆောင်အနုပညာရှင် များဖြစ်သည့် သက်မွန်မြင့်တို့ ဇနီး မောင်နှံ၊ ၀တ်မှုံရွှေရည်၊ နန်းဆု ရတီစိုး၊ ယုသန္တာတင်၊ သန္တာဗိုလ်တို့ လာရောက်အားပေးခဲ့ကြသလို ဂီတနယ်ပယ်မှလည်း ဟဲလေး မိသားစု၊ ကောင်းမြတ်လေး၊ လွှမ်းပိုင်၊ အားတီ၊ နီနီခင်ဇော်၊ Bobby Soxer တို့လည်း လာရောက် ကြည့်ရှုခဲ့ကြသည်။
လက်မှတ်ဈေးနှုန်းမှာ ကျပ် ကိုးသိန်းအထိ ဈေးရှိခဲ့သဖြင့် ဈေးနှုန်း ကြီးမြင့်သည်ဟု ဝေဖန်မှုများပေါ်ထွက်ခဲ့သလို ဖျော်ဖြေပွဲခန်းမအတွင်း ၀င်ခွင့်ရရှိရန် မိုးရေထဲတွင် အချိန်အတော်ကြာစောင့် ဆိုင်းခဲ့ရသည့် အဆင်မပြေမှုများ ရှိသော်လည်း 2NE1 အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုပုံစံများ၊ ဖက်ရှင်ကျကျသွက်သွက်လက်လက်ဖြင့် သီချင်း ၁၀ပုဒ်ကျော် သီဆိုပေးခဲ့သဖြင့် ပရိသတ်များ အားရခဲ့ကြ သည်။
ဖျော်ဖြေမှုမှာ တစ်နာရီခွဲ ကျော်သာကြာမြင့်ခဲ့သော်လည်း 2NE1 ၏ ဖျော်ဖြေမှုကို ချီးကျူးသံ များ လူမှုကွန်ရက်တွင် ပျံ့နှံခဲ့ သည်။
ဖျော်ဖြေပွဲ သွားရောက် ကြည့်ရှုခဲ့သည့် ယွန်းဝတီလွင်မိုး က 2NE1 ကို အားပေးရသော ကြောင့် အသံပင်ဝင်ခဲ့ကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
2NE1 အဖွဲ့သည် ပွဲစတင် ဖျော်ဖြေသည့် အချိန်မှ ပွဲပြီးသည့် အချိန်အတွင်း ပရိသတ်များ စိတ် တိုင်းကျဖျော်ဖြေခဲ့သောကြောင့် ကျေနပ်မှုရှိကြောင်းကို အဆို တော်ဟဲလေးကလည်း ‘‘မင်းတို့ လေးတွေ ဘာကြောင့် ကမ္ဘာကျော်လဲ အခုသိသွားပြီ။ အရက်သမား စကားနဲ့ပြောရရင် တစ်စက်ကျန် အထိ အရသာရှိပေါ့။ Entertainerဆိုတာ ဒါမျိုးပဲဖြစ်ရမယ်။ တစ်နာရီခွဲက အရမ်းအဓိပ္ပာယ်ရှိတယ်’’ ဟု သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားထားသည်။
2NE1 အဖွဲ့ကို I Don't Care သီချင်းဆုရသည့် အချိန်က တည်းက အားပေးခဲ့ခြင်းဖြစ်ပြီး ကိုယ်တိုင်ကြိုက်သည့် အနုပညာ ရှင်များကို ပြင်ပတွင်တွေ့ခွင့်ရခဲ့ ၍ ပျော်ရွှင်ခဲ့ရကြောင်း နန်းဆုရ တီစိုးကပြောသည်။
အနုပညာရှင်အများစုက အဖွဲ့ခေါင်းဆောင် CL ကို သဘောကျကြောင်း ဖေ့စ်ဘွတ်ခ်စာမျက် နှာအသီးသီးတွင် တင်ခဲ့သလို CL ၏ ပရိသတ်တစ်ဦးဖြစ်သလို VVIP လက်မှတ်ဝယ်ယူကြည့်ရှု ခဲ့သည့် အားတီကလည်း ‘‘နိုင်ငံ တကာဖျော်ဖြေပွဲတစ်ခါမှ မကြည့်ဖူးဘူး။ 2NE1 ပွဲကို စကြည့်ဖူး တာ။ သူတိုရဲ့ ဆက်တင်တွေ မိုက်တယ်။ အဓိကက မီးနဲ့ သရီးဒီ သုံး သွားတာ အရမ်းကောင်းတယ်။ Management အရမ်းကောင်း တယ်။ သူတို့က Teamwork အရမ်းကောင်းတယ်လို့ ပြောလို့ ရတယ်။ ကျွန်တော်က သူတို့အဖွဲ့ မှာ CL ကို အရမ်းကြိုက်တယ်။ သူကပဲဦးဆောင်သွားတယ်။ ပရိ သတ်နဲ့လည်း အကုန်လုံး Link ချိတ်မိတယ်’’ဟု ဖျော်ဖြေပွဲနှင့် ပတ်သက်၍ ၎င်း၏အမြင်ကို ပြောသည်။
သရုပ်ဆောင် ယုသန္တာတင် ကလည်း ကိုယ်တိုင်ကြိုက်သည့် အနုပညာရှင်များကို ပြင်ပတွင် တွေ့ခဲ့ရသလို ၎င်းတို့၏ ဖျော်ဖြေ မှုများ၊ ဖက်ရှင်များကို ကြည့်ရှုရ ၍ သဘောကျကြောင်း ပြော သည်။

0 comments:
Post a Comment