Sunday, August 10, 2014

အီရန်နိုင်ငံ ခရီးသည်တင်လေယာဉ်ပျက်ကျ၊ အနည်းဆုံး ၃၈ ဦးသေဆုံး


 အီရန်နိုင်ငံ ခရီးသည်တင် လေယာဉ်တစင်း သြဂုတ်လ ၁၀ ရက်နေ့မှာ ပျက်ကျသွားပြီး အနည်းဆုံး ၃၈ ယောက် သေဆုံးတယ်လို့ အီရန် နိုင်ငံပိုင် မီဒီယာက ဆိုပါတယ်။

အရှေ့မြောက်ဒေသမှာ ရှိတဲ့ တာဘက်စ်မြို့ဆီကို ဦးတည်ပျံသန်းတဲ့ လေယာဉ်မှာ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၄၈ ယောက် လိုက်ပါသွားတယ်လို့ ဆိုပါတယ်။

အစောပိုင်းသတင်းတွေမှာ လေယာဉ်ပေါ် ပါသူအားလုံး သေဆုံးတယ်လို့ ဆိုပေမယ့် နိုင်ငံပိုင် မီဒီယာမှာတော့ ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့တဲ့ သတင်းကို ထုတ်လွှင့်ပြသပါတယ်။
အိုင်အာအန်အေ သတင်းအရ လူ ၈ ယောက်၊ ၉ ယောက် အသက်ရှင်ပြီး ဒဏ်ရာရသူတယောက် သတိပြန်လည်လာတယ်လို့ ဆရာဝန်တယောက်ကို ကိုးကားပြီး ထုတ်လွှင့်သွားပါတယ်။

နိုင်ငံပိုင်ရုပ်သံမှာတော့ လူ ၃၈ ယောက် ပွဲချင်းပြီး သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပိုတာကို သတင်းတွေမှာ ပြသပါတယ်။

အရပ်ဘက် လေကြောင်း အာဏာပိုင်အဖွဲ့ရဲ့ အဆိုအရ ခရီးသည်တွေထဲမှာ ရင်ခွင်ပိုက်အရွယ်ကလေး ၂ ယောက်၊ အသက် ၁၂ အရွယ် ကလေး ၃ ယောက်လည်း ပါသွားတယ်လို့ ဆိုပါတယ်။

လေယာဉ် စက်ပိုင်းချို့ယွင်းတာကို လေယာဉ် စပျံသန်းပြီး ၄ မိနစ်အကြာမှ လေယာဉ်မှူးကို သိရှိခဲ့ပြီး လေဆိပ်ဆီကို နောက်ကြောင်းပြန်လှည့်ဖို့ ကြိုးစားခဲ့ပေမယ့် လမ်းခုလတ်မှာပဲ ပျက်ကျခဲ့တယ်လို့ ဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/62056

ဓာတ်ပုံ - အေပီ

0 comments:

Post a Comment