Saturday, August 23, 2014

တပ်သိမ်းမြေဧက တစ်သိန်းကိုးသောင်းကျော် မူလပိုင်ရှင်များထံ အပ်နှံပြီးဟုဆို


တပ်မတော်မှ နိုင်ငံတစ်ဝန်း သိမ်းဆည်းထားသော မြေ ဧကပေါင်း ၃ သိန်းကျော်အနက် ဧက ၂ သိန်းကျော်ကို ပြန်လည် စွန့်လွှတ်ပြီးဖြစ်ကာ လက်ရှိအချိန်ထိ မြေဧကပေါင်း ၁ သိန်း ၉ သောင်းကျော်ကို မူလပိုင်ရှင်များ ထံ ပြန်လည်အပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။
ယခုလ ၂၂ ရက်တွင် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသော ကာကွယ်ရေးဝန်ကြီးဌာန (တပ်မ တော်)၏ ပြန်လည်စွန့်လွှတ်မြေ များစာရင်းကို ထုတ်ပြန်ခဲ့ပြီး အထက်ပါ အချက်များကို စာရင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
နိုင်ငံတစ်ဝန်း သိမ်းဆည်းခံ ထားရသော လယ်ယာမြေများ၊ အခြားမြေများအရေးကိစ္စနှင့် ပတ် သက်၍ ပြည်ထောင်စု လွှတ် တော်၊ လယ်ယာမြေကော်မရှင်မှ အစီရင်ခံစာ တင်သွင်းရာတွင် တပ်သိမ်းမြေများနှင့် ပတ်သက်၍ အစီရင်ခံစာ တစ်စောင်သီးသန့်ပြု စု၍ တင်သွင်းခဲ့သဖြင့် အဆိုပါ အစီရင်ခံစာပါ အချက်အလက် များအရ ယခုကဲ့သို့ ပြန်လည်ပေး အပ်ခဲ့ခြင်းဖြစ်ကြောင်း ကော်မရှင် အဖွဲ့ဝင်အချို့က ဆိုသည်။
‘‘ဒီလိုတွေ ပြန်ပေးနေတယ် ဆိုပေမယ့် တချို့ကလဲ ကြန့်ကြာနေတာရှိတယ်။ အဲဒီလိုဖြစ်တာ အ ကြောင်းရင်းနှစ်ရပ်ရှိတယ်။ တစ် ခုက မူလပိုင်ဆိုင်ခွင့်ရှိသူကို ပြန် ဖော်ထုတ်တဲ့နေရာမှာ မူလပိုင်ရှင်ကို ရှာဖွေနေရတာ၊ စာရင်းဇယား အတိအကျ မရှိတာ၊  နောက်တစ်ခုက လက်ဝယ်ပိုင်ဆိုင်မှုအ ထောက်အထားတွေမရှိလို့ ကြာ နေတာ။ အဲဒီနှစ်ခုကြောင့်ပါ’’ဟု လယ်ယာမြေစုံစမ်းရေး ကော်မ ရှင်အဖွဲ့ဝင် ဦးအောင်သိန်းလင်း က ပြောသည်။
လယ်ယာမြေများကို ပြန် လည်စွန့်လွှတ်လွှဲပြောင်းရာတွင် တပ်မတော်မှ တိုက်ရိုက်လွှဲအပ် ခြင်းမပြုဘဲ အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနသို့ ပြန်လည်လွှဲ ပြောင်းခြင်းဖြစ်ကာ ၎င်းမှ မူလ ပိုင်ရှင်များထံ လွှဲပြောင်းပေးခြင်း ဖြစ်သည်။
ထုတ်ပြန်လိုက်သော စာရင်း များအရ ကာကွယ်ရေးဝန်ကြီး ဌာနက မြေယာများစွန့်လွှတ်ရာ တွင် စစ်ကိုင်းတိုင်း ဒေသကြီး၌ ဧကငါးသောင်းခန့်ရှိပြီး တစ်နိုင်ငံ လုံးတွင် အများဆုံးဖြစ်ပြီး နေပြည်တော်ကောင်စီနယ်မြေသည် မြေ ယာစွန့်လွှတ်မှု အနည်းဆုံးဖြစ်ပြီး ဧကလေးရာနီးပါး စွန့်လွှတ်ခဲ့ သည်။
 မြေယာများ  စွန့်လွှတ်၍ တောင်သူများအား ပြန်လည်အပ်နှံရာတွင် ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည် နယ်၊ ဧရာဝတီတိုင်းဒေသကြီးတို့ တွင် မြေယာများအပ်နှံရန် ကျန် ရှိနေသေးသည်။
7days

0 comments:

Post a Comment