ဗိုလ်ဗထူးအိမ်ရာဆောက်လုပ်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ဗိုလ်ဗထူးနှင့်
ဗိုလ်မင်းရောင်အိမ်ရာ စီမံကိန်းတွင် မဲပေါက်၍ အခန်းဝယ်ယူခွင့်
ရရှိသူများအား ၂၀၁၅ နှစ်ဆန်း၌ အခန်းအပ်နှံမည်ဟု ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ သတင်းရရှိသည်။
မြောက်ဒဂုံ ၄၂ ရပ်ကွက် ဗိုလ်မင်းရောင်လမ်းရှိ မြေ ၁၁ ဧကတွင် အခန်းပေါင်း ၈၀၀ ကျော် ပါဝင်သည့် ဗိုလ်မင်းရောင်အိမ်ရာ စီမံကိန်းမှာ ၂၀၁၃ ခုနှစ် ဇူလိုင်လမှ စတင်ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်တွင် ပြီးစီးမည်ဖြစ်ရာ ၂၀၁၅ ဇူလိုင်တွင် ပိုင်ရှင်များထံ အခန်း အပ်နှံနိုင်မည်ဖြစ်သည်။
ထို့အတူ အခန်းပေါင်း ၄၀၀ ကျော် ပါဝင်သည့် ဗိုလ်ဗထူး အိမ်ရာစီမံကိန်းမှလည်း စီမံကိန်းကာလကို ၂၀၁၃ ခုနှစ် မေလမှစတင် ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာတွင် ပြီးစီးမည်ဖြစ်ရာ ၂၀၁၅ နှစ်ဆန်းမှသာ အခန်းပိုင်ရှင်များအား အပ်နှံနိုင်မည်ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ရောင်းချ သည့် အဆိုပါ အိမ်ရာစီမံကိန်း နှစ်ခုလုံးကို လျှောက်ထားသူများ ပြားပြီး မေလဆန်းက တိုင်းဒေသကြီး အစိုးရအဖွဲ့က မဲဖောက်စနစ် ဖြင့် ရောင်းချခဲ့သည်။
အခန်းငယ်ဝယ်ယူခွင့်ရရှိသူသည် လအလိုက် အရစ်ကျငွေ ပေးချေမှုစနစ်ကို စတင်ပေးချေ နေရပြီဖြစ်သည်။
ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်းကို အောင်မြင်တိုးတက်ရေး ဆောက်လုပ်ရေး ကုမ္ပဏီက ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီနှင့် အကျိုးတူပူးပေါင်း တည်ဆောက်ထားခြင်းဖြစ်ပြီး ဗိုလ်ဗထူးအိမ်ရာစီမံကိန်းကို မူ Myanmar V-pile ကုမ္ပဏီလီမိတက်က ပူးပေါင်းတည်ဆောက်နေခြင်းဖြစ်သည်။
လက်ရှိတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက လှိုင်သာယာမြို့နယ်တွင် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို ဖော်ဆောင်နေပြီး လျှောက်ထားသူများအား မဲဖောက်စနစ်ဖြင့် ရောင်းချမည်ဖြစ်၍ နှစ်ရှည် အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချမည်ဖြစ်သည်။
7days

0 comments:
Post a Comment